• Follow Us on

Home ကိုဗစ်ကာကွယ်ကုသဆေး ဖော်စပ်ပြီး ပျော်ဖွယ်မြို့နယ်ရှိ ဆရာတော်တစ်ပါးမှ လှူဒါန်းကုသပေးနေ

ကိုဗစ်ကာကွယ်ကုသဆေး ဖော်စပ်ပြီး ပျော်ဖွယ်မြို့နယ်ရှိ ဆရာတော်တစ်ပါးမှ လှူဒါန်းကုသပေးနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၆ (People Media)

 

ရွှေတံခါးကိုဗစ်ကာကွယ်ကုသဆေးကို ဖော်စပ်ပြီး လူနာတွေအတွက် လှူဒါန်းပေးနေတယ်လို့ မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဖွယ်မြို့နယ်၊ ရွှေညောင်ဖူးကျေးရွာက တောရကျောင်းတိုက်မှ အရှင်ကဝိန္ဒာစာရက People Media ကို မိန့်ကြားပါတယ်။

 

“ဒီဆေးကို မန္တလေး ရွှေတံခါးဆရာတော်ကြီးရဲ့ မေတ္တာခံယူပြီး ဆေးဖော်ပြီး လှူပေးနေတာပါ။ လက်ရှိ အဲ့ ဆေးကြောင့် ရွာဘက်တွေ တော်တော်များများက ကိုဗစ်သမားတွေ၊ တုတ်ကွေးသမားတွေ၊ ပန်းနာရင်ကြပ် သမားတွေ ဒူးနာခါးနာသမားတွေအတွက်ကတော့ ဒီဆေးကကောင်းတယ်လို့ ပြောလို့ရတာပေါ့” အရှင်ကဝိန္ဒာ စာရက မိန့်ကြားပါတယ်။

 

ကိုဗစ်ဆေးကို လိုချင်တဲ့သူက ဆရာတော်ထံမှာ အလှူခံလို့ရပြီး၊ အခကြေးငွေနဲ့ ရောင်းချတာမဟုတ်ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

 

“ဦးဇင်းကို လှူထားတဲ့ ဒကာဒကာမတွေရဲ့ အလှူငွေကို ဆေးအဖြစ်ပြောင်းလဲပြီး လှူပေးတာပါ။ ဆေးက ရွာပေါင်းတော်တော်များများလည်း ရောက်နေပါပြီ” လို့ အထက်ပါ ဆရာတော် ဆက်လက်မိန့်ကြားပါတယ်။

 

ရွှေတံခါးကိုဗစ်ကာကွယ်ကုသဆေးသည် ဗမာဆေးစစ်စစ်နဲ့ ဖော်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဦးဇင်းတို့ရဲ့ သစ္စာမေတ္တာတွေ ဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တွေကြောင့် ဒီဆေးဟာ လူအတွက် သုံးလို့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်လို့ ဆရာတော် အရှင်ကဝိန္ဒာစာရက ပြောပါတယ်။

 

ရွှေတံခါးကိုဗစ်ကာကွယ်ကုသဆေး အသုံးပြုတဲ့နည်းလမ်းမှာ သန့်ရှင်းတဲ့ လက်ဖဝါးပေါ်မှာ ဆေးတစ်စက် ထည့်ပြီး ရူပေးရမှာဖြစ်ပြီး၊ ချောင်းဆိုးပါက ဆေး(၁)စက်ကို လျှာနဲ့ ပွတ်ပေးပြီး ရေနွေးပူဖြင့် သောက်သုံးရမှာ ဖြစ်သလို အနံ့ပျောက်ပါရင်လည်း ဆေး(၂)စက်ကို ရေးနွေးပွတ်ပွတ်ဆူထဲထည့်ပြီး ရူရမှာဖြစ်ကြောင်း၊ ဒီလို ပြုလုပ်ပါရင် အသက်ရူလမ်းကြောင်း ကောင်းမွန်လာမှာဖြစ်တယ်လို့ ဆရာတော် ဆေးညွန်းမှာ ဖော်ပြချက်အရ သိရပါတယ်။

 

#PeopleMedia #COVID19 #ရွှေတံခါးကိုဗစ်ကာကွယ်ဆေး

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post