• Follow Us on

Home ကိုဗစ်ကာကွယ်ဆေးများအား မူလအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေ

ကိုဗစ်ကာကွယ်ဆေးများအား မူလအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုဗစ်ကာကွယ်ဆေးများအား မူလအစီအစဉ်အတိုင်း ဆက်လက်ထိုးပေးနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေပြောင်းလဲမူများဖြစ်ပေါ်နေသော်လည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေမှုအစီစဉ်ကို ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းက People Media ကို ဖြေကြားသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ကိစ္စတွေကတော့ အပြောင်းအလဲမရှိပါဘူး၊ အရင်အတိုင်းပါပဲ၊ ပုံမှန်ထိုးနေပါ တယ်” ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးဒုတိယအသုတ်မှာ ယနေ့တွင်ရောက်ရှိမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အချိန်တွင် ရောက်ရှိမည်ကို မသိရှိသေးကြောင်း ၎င်းကပြောသည်။

“ကိုဗစ်ဆေးတွေ ဘယ်တော့ထပ်ရောက်မလဲဆိုတာတော့မသိရသေးဘူး” ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံထံ ကိုဗစ်ကာကွယ်ဆေးအလုံးရေတစ်သန်းခွဲကို ဇန်နဝါရီလအတွင်း ပေးပို့လှူဒါန်း ထားသည်။

အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များကို ဦးစားပေးအဆင့်သတ်မှတ်၍ စတင်ထိုးနှံပေးနေခြင်းဖြစ်သည်။

အလားတူ ရုရှားကာကွယ်ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ တပ်မတော်ကို COVID-19 ဆေးများ လှူ ဒါန်းမှုတွေပြုလုပ်ထားသလို တပ်မတော်ကလည်း စစ်မှုထမ်းဟောင်းများ တပ်မတော်သားများကို COVID-19 ကာကွယ်ဆေးထိုးပေလျှက်ရှိသည်။

#PeopleMedia #ကိုဗစ်ကာကွယ်ဆေး

(unicode)
…………………………






“ကိုဗဈဆေးတှေ ဘယျတော့ထပျရောကျမလဲဆိုတာတော့မသိရသေးဘူး” ဒေါကျတာမွတျဝဏ်ဏစိုးကပွောသညျ။






Share this post