• Follow Us on

Home ကိုဗစ်ကာကွယ်ဆေးသွားထိုးပေးပြီးပြန်လာသည့် ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီးသည် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရ၍ သေဆုံး

ကိုဗစ်ကာကွယ်ဆေးသွားထိုးပေးပြီးပြန်လာသည့် ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီးသည် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရ၍ သေဆုံး

Share this post

ကွတ်ခိုင်၊ ဒီဇင်ဘာလ ၁၅ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့က မုံးသီးရွာနှင့် မွန်ဟန်ရွာသို့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးအပြန် လမ်းခရီး၌ အမည်မသိ လက်နက်ကိုင် လူတစ်ချို့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“မနေ့က ညက ဆေးသွားထိုးတယ်။ ဆေးထိုးပြီးအပြန်မှာ ဖြစ်တာ။ ကားမောင်းသူအပါအဝင်ဆို ဆရာမ ၅ ဦးပါတယ်။ အဲ့ထဲမှာမှ ဆရာမကြီး အပစ်ခံရတာ။ ၇ နာရီခွဲပတ်ဝန်းကျင်လောက် အသတ်ခံရတယ်” လို့ ကွတ်ခိုင်မြို့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ဒေါက်တာဝင့်ဝင့်မြိုင်နှင့် ဆေးရုံဝန်ထမ်းများသည် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ မုံးသီးရွာနှင့် မွန်ဟန်ရွာကို ကို ဗစ်ကာကွယ်ဆေးထိုးပြီးအပြန် မွန်ဟန်ရွာနှင့် ကွတ်ခိုင်မြို့ကြား၌ လက်နက်ကိုင်လူအချို့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းကြောင့် ဆရာမကြီးသည် နေရာ၌ ကွယ်လွန်ခဲ့သည်။

 

သေဆုံးသူ ဒေါက်တာဝင့်ဝင့်မြိုင်သည် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံအုပ်အဖြစ်တာဝန်ယူနေသူဖြစ်သလို ကွတ်ခိုင်မြို့နယ်ကုသရေးဦးစီးမှူးတာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

 

#PeopleMedia #အကြမ်းဖက်မှု #ကျန်းမာရေး

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post