• Follow Us on

Home ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့် နီပွန်ဖောင်ဒေးရှင်မှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးမည်

ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့် နီပွန်ဖောင်ဒေးရှင်မှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးမည်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၉ (People media)

 

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူသားခြင်းစာနထောက်ထားမှုဆိုင်ရာ အကူ အညီအဖြစ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့် နီပွန်ဖောင် ဒေးရှင်မှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း H.E.Mr.Yohei SASAKAWA က ပြောပါတယ်။

 

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် H.E.Mr.Yohei SASAKAWA ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို လူသားခြင်းစာနထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မည့် အခြေအနေများနဲ့ ပတ်သက်၍ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

 

“ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေး အကြိမ်ရေ ၁ သန်းကို လှူဒါန်းသွားမယ်။ စုစုပေါင်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းဖိုးလောက် လှူဒါန်းသွားပါမယ်” ဟု မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA က ပြောပါတယ်။

 

အဆိုပါကဲ့သို့ လှူဒါန်းမှုများကို ပြုလုပ်ရာတွင် တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်စခန်းများကိုလည်း ကောင်း၊ တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသော မိသားစုများကိုလည်ကောင်း၊ ပညာရေးကဏ္ဍတွင် လိုအပ်ချက်ရှိသော ကျောင်းများကို သင်ကြားမှုအထောက်အထူပြုပစ္စည်းများ လှူဒါန်းခြင်းနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်လှူဒါန်းမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်

 

#PeopleMedia #HE_Mr_Yohei_SASAKAWA

 

(unicode)


……………………………………………………….

 


 


 


 


 


 

#PeopleMedia #HE_Mr_Yohei_SASAKAWA


Share this post