• Follow Us on

Home ကိုဗစ္ကာလ၌ ေက်ာင္းမ်ားဖြင့္လွ်င္ ေက်ာင္းခန္းမ်ားႏွင့္ ေက်ာင္းသုံးပရိေဘာဂမ်ား အခက္အခဲရွိလာႏိုင္ဟုဆို

ကိုဗစ္ကာလ၌ ေက်ာင္းမ်ားဖြင့္လွ်င္ ေက်ာင္းခန္းမ်ားႏွင့္ ေက်ာင္းသုံးပရိေဘာဂမ်ား အခက္အခဲရွိလာႏိုင္ဟုဆို

Share this post

ျမစ္ႀကီးနား၊ ေမ ၁၈

 

ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ကာလ၌ အေျခခံပညာေရးေက်ာင္းမ်ား ျပန္လည္ဖြင့္လွ်င္ ကခ်င္ျပည္နယ္အတြင္းတြင္ ေက်ာင္းခန္းမ်ားႏွင့္ ေက်ာင္းခန္းသုံးပရိေဘာဂမ်ားမွာ အခက္အခဲရွိလာႏိုင္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္နယ္ ပညာေရးမွဴး႐ုံးမွသိရသည္။

 

ကခ်င္ျပည္နယ္အတြင္းရွိ ေက်ာင္းမ်ားမွာ ေက်ာင္းခန္းလုံေလာက္မႈမရွိျခင္းႏွင့္ ေက်ာင္းခန္းသုံးပရိေဘာဂမ်ား အခက္အခဲမရွိဘဲ ေက်ာင္းသားေက်ာင္းသူမ်ား ပညာသင္ၾကားႏိုင္ရန္အတြက္ သက္ရာဆိုင္ရာ ၿမိဳ႕နယ္ပညာ ေရးမွဴးမ်ားကို ဖုန္းဆက္ၿပီး ၫႊန္ၾကားထားေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမွဴးေဒၚခင္သန္းႏြဲ႕က ေျပာသည္။

 

“ေက်ာင္းက တစ္ေက်ာင္းနဲ႔တစ္ေက်ာင္းေတာ့ မတူႏိုင္ဘူးေလ။ ေက်ာင္းသားမ်ားတဲ့ ေက်ာင္းမွာက ဘာအခက္ အခဲရွိႏိုင္သလဲဆိုေတာ့ နံပါတ္(၁) ေက်င္းသုံးပရိေဘာဂေပါ႔။ ေက်ာင္းသားကတစ္ဦးနဲ႔ တစ္ဦးသုံးေပ၊ ေျခာက္ ေပအကြာမွာ ထိုင္ရမယ္ဆိုေတာ့ ပရေဘာဂေတြလိုလာမယ္။ ေနာက္တစ္ခုက စာသင္ခန္းေတြကြက္တိရွိတဲ့ ေက်ာင္းေတြမွာ စာသင္ခန္းေတြခ်ဲ႕ဖို႔ ခက္လာမယ္။ ေနာက္ၿပီး ဆရာဦးေရ ခက္ခဲလာႏိုင္တယ္။ ေနာက္ေလး ခ်က္က လက္ေဆးတဲ့စနစ္ကို ေက်ာင္းတိုင္းမွာ သုံးလာမွာျဖစ္တဲ့အတြက္ ေရရရွိဖို႔ အခက္အခဲေတြျဖစ္ လာႏိုင္ တယ္” ဟု ကခ်င္ျပည္နယ္ပညာေရးမွဴး ေဒၚခင္သန္းႏြဲ႕က ေျပာသည္။

 

လက္ရွိအခ်ိန္မွာေတာ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည့္ ၿမိဳ႕ေပၚေက်ာင္းမ်ားမွာလည္း ဘယ္လိုပုံစံျဖင့္ ပညာ သင္ၾကားေပးသြားမည္ကို အတိအက် ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားျခင္းမရွိေသးေၾကာင္းသိရသည္။

 

အကယ္၍ ေက်ာင္းမ်ားဖြင့္လွစ္သြားပါက ေက်ာင္းတြင္းမွာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေသခ်ာစနစ္တက် ၾကပ္မတ္ေပးေစလိုေၾကာင္း ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ေန ေဒၚခြန္ ေတာင္ကေျပာသည္။

 

“အခုလို ေက်ာင္းျပန္ဖြင့္မယ္ဆိုေတာ့ ကေလးေတြ ပညာေရးအတြက္ေကာင္းတာေပါ႔။ ဒါမယ့္ အခုလို ေရာဂါျဖစ္ေနတဲ့ခ်ိန္မွာ ကေလးေတြကို ဆရာ/ဆရာမေတြအေနနဲ႔ အေကာင္းဆုံး ၾကပ္မတ္ေပးရင္ေတာ့ ပိုေကာင္းတာေပါ႔။ ဒီေရာဂါက တစ္ေယာက္ကူးၿပီဆိုရင္ အားလုံးကူးသြားႏိုင္တဲ့ ေရာဂါျဖစ္တယ္” ဟု ေဒၚခြန္ေတာင္က ေျပာသည္။

 

လက္ရွိကခ်င္ျပည္နယ္အတြင္း အေျခခံပညာေရးေက်ာင္းမ်ားျဖစ္သည့္ မူလတန္းေက်ာင္း၊ မူလြန္ေက်ာင္း၊ အလယ္တန္းေက်ာင္းႏွင့္ အထက္တန္းေက်ာင္းမ်ားစုစုေပါင္း ၁၅၅၈ ေက်ာင္းရွိေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမွဴး႐ုံးမွ သိရသည္။

 

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ ေျဖဆိုထားသည့္ ေက်ာင္းသားေက်ာင္းသူမ်ား၏ ေအာင္စာရင္းမ်ားကိုလည္း Saty at Home ကာလၿပီးသြားလွ်င္ တစ္ပတ္အတြင္းေျဖလႊာမ်ားကို အၿပီးစီစစ္ၿပီး ေအာင္စာရင္းမ်ား ထြက္ ေပးသြားမွာျဖစ္ၿပီး တကၠသိုလ္ဝင္တန္းေျဖလႊာမ်ားကိုလည္း လာမည့္လဆန္းပိုင္တြင္ စိစစ္ႏိုင္မည္ဟု  ျပည္ နယ္က်န္းမာေရးမွဴး႐ုံးမွ သိရသည္။

 

ခ်မ္းျမဴး

 

#PeopleMedia #ျမစ္ႀကီးနား

 

(Unicode)

ကိုဗစ်ကာလ၌ ကျောင်းများဖွင့်လျှင် ကျောင်းခန်းများနှင့် ကျောင်းသုံးပရိဘောဂများ အခက်အခဲရှိလာနိုင်ဟုဆို
………………………………………………………………………………………………

မြစ်ကြီးနား၊ မေ ၁၈

ကိုဗစ် ၁၉ ထိန်းချုပ်ကာလ၌ အခြေခံပညာရေးကျောင်းများ ပြန်လည်ဖွင့်လျှင် ကချင်ပြည်နယ်အတွင်းတွင် ကျောင်းခန်းများနှင့် ကျောင်းခန်းသုံးပရိဘောဂများမှာ အခက်အခဲရှိလာနိုင်ကြောင်း ကချင်ပြည်နယ် ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများမှာ ကျောင်းခန်းလုံလောက်မှုမရှိခြင်းနှင့် ကျောင်းခန်းသုံးပရိဘောဂများ အခက်အခဲမရှိဘဲ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် သက်ရာဆိုင်ရာ မြို့နယ်ပညာ ရေးမှူးများကို ဖုန်းဆက်ပြီး ညွှန်ကြားထားကြောင်း ကချင်ပြည်နယ် ပညာရေးမှူးဒေါ်ခင်သန်းနွဲ့က ပြောသည်။

“ကျောင်းက တစ်ကျောင်းနဲ့တစ်ကျောင်းတော့ မတူနိုင်ဘူးလေ။ ကျောင်းသားများတဲ့ ကျောင်းမှာက ဘာအခက် အခဲရှိနိုင်သလဲဆိုတော့ နံပါတ်(၁) ကျေင်းသုံးပရိဘောဂပေါ့။ ကျောင်းသားကတစ်ဦးနဲ့ တစ်ဦးသုံးပေ၊ ခြောက် ပေအကွာမှာ ထိုင်ရမယ်ဆိုတော့ ပရဘောဂတွေလိုလာမယ်။ နောက်တစ်ခုက စာသင်ခန်းတွေကွက်တိရှိတဲ့ ကျောင်းတွေမှာ စာသင်ခန်းတွေချဲ့ဖို့ ခက်လာမယ်။ နောက်ပြီး ဆရာဦးရေ ခက်ခဲလာနိုင်တယ်။ နောက်လေး ချက်က လက်ဆေးတဲ့စနစ်ကို ကျောင်းတိုင်းမှာ သုံးလာမှာဖြစ်တဲ့အတွက် ရေရရှိဖို့ အခက်အခဲတွေဖြစ် လာနိုင် တယ်” ဟု ကချင်ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပြောသည်။

လက်ရှိအချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူများသည့် မြို့ပေါ်ကျောင်းများမှာလည်း ဘယ်လိုပုံစံဖြင့် ပညာ သင်ကြားပေးသွားမည်ကို အတိအကျ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

အကယ်၍ ကျောင်းများဖွင့်လှစ်သွားပါက ကျောင်းတွင်းမှာ ကျောင်းသား၊ ကျောင်းသူများကို သေချာစနစ်တကျ ကြပ်မတ်ပေးစေလိုကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေ ဒေါ်ခွန် တောင်ကပြောသည်။

“အခုလို ကျောင်းပြန်ဖွင့်မယ်ဆိုတော့ ကလေးတွေ ပညာရေးအတွက်ကောင်းတာပေါ့။ ဒါမယ့် အခုလို ရောဂါဖြစ်နေတဲ့ချိန်မှာ ကလေးတွေကို ဆရာ/ဆရာမတွေအနေနဲ့ အကောင်းဆုံး ကြပ်မတ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဒီရောဂါက တစ်ယောက်ကူးပြီဆိုရင် အားလုံးကူးသွားနိုင်တဲ့ ရောဂါဖြစ်တယ်” ဟု ဒေါ်ခွန်တောင်က ပြောသည်။

လက်ရှိကချင်ပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းများဖြစ်သည့် မူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများစုစုပေါင်း ၁၅၅၈ ကျောင်းရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဖြေဆိုထားသည့် ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းများကိုလည်း Saty at Home ကာလပြီးသွားလျှင် တစ်ပတ်အတွင်းဖြေလွှာများကို အပြီးစီစစ်ပြီး အောင်စာရင်းများ ထွက် ပေးသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေလွှာများကိုလည်း လာမည့်လဆန်းပိုင်တွင် စိစစ်နိုင်မည်ဟု ပြည် နယ်ကျန်းမာရေးမှူးရုံးမှ သိရသည်။

ချမ်းမြူး

#PeopleMedia #မြစ်ကြီးနား


Share this post