• Follow Us on

Home ကိုဗစ်ကုသဆေးနှင့် ကာကွယ်ဆေးများကို တိုင်းရင်းဆေးများဖြင့် ထုတ်လုပ်ရန် နစကကောင်စီ စီစဉ်

ကိုဗစ်ကုသဆေးနှင့် ကာကွယ်ဆေးများကို တိုင်းရင်းဆေးများဖြင့် ထုတ်လုပ်ရန် နစကကောင်စီ စီစဉ်

Share this post

နေပြည်တော်၊ သြဂုတ် ၁၀ (People Media)

 

ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးဆေးများကို တိုင်းရင်းဆေးများဖြင့် ထုတ်လုပ်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

 

သြဂုတ်လ ၉ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ယခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

 

“ကာကွယ်ဆေးရော၊ ကုသဆေးရော ကျွန်တော်တို့ ရအောင်လုပ်ကြမယ်။ နောက်တစ်ခုက ဘာလဲဆိုရင် အဲ့ဒီထဲမှာ လူပြောများနေတာက တိုင်းရင်းဆေးပါ။ တိုင်းရင်းဆေးကလည်း အခု ကျန်းမာရေးဝန်ကြီးဌာနရယ်၊ နောက်တစ်ခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးက ဆေးသုတေသန တပ်တွေရယ်၊ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ဒါတွေ သုတေသနလုပ်နေတာရှိတယ်။ တိုင်းရင်းဆေးဦးစီးဌာန ရောပေါ့၊ အဓိကကတော့ တိုင်းရင်းဆေးကနေ ဦးစီးပြီး လုပ်ကြတာပေါ့၊ ဒါကို ခေတ်သစ်နည်းပညာတွေနဲ့ ပေါင်းစပ်ပြီးတော့ တိုင်းရင်းဆေးတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုတယ်”လို့ နစကကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

 

မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တိုင်းရင်းဆေးပညာရှင်များ အမြောက်အများရှိပြီး မြန်မာနိုင်ငံ တိုင်းရင်းကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် တိုင်းရင်းဆေးပညာရှင်များကို ဖိတ်ခေါ်ကာ တွေ့ဆုံဆွေး နွေး၍ အဖြေရှာရမည်ဖြစ်ကြောင်း ဆိုပါတယ်။

 

“တစ်ကယ့်ကို နည်းစနစ်ကျကျနဲ့ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုဗစ်နဲ့ပတ် သက်တဲ့ ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်း ဆေးအပါအဝင် ကာကွယ်ဆေး၊ ကုသဆေးများကိုလည်း ပြည့်စုံအောင် ရေရှည်အတွက် ကြည့်ပြီး ဆောင်ရွက် ပေးကြဖို့ ကျွန်တော် ပြောလိုပါတယ်” လို့ နစကကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ရှိပြီး ၎င်းတို့အတွက် ကာကွယ်ဆေးများ ဝယ်ယူရန်အတွက်ဆိုသည်မှာ အခက်အခဲများရှိသည့်အတွက် ကာကွယ်ဆေးကို ပြည်ပမှ ဝယ်ယူခြင်းအပါအဝင် ပြည်တွင်း၌လည်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးတွင် ထပ်လောင်းပြောဆိုခဲ့သည်။

 

#PeopleMedia #တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #COVIDကာကွယ်ဆေး

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 



Share this post