• Follow Us on

Home ကိုဗစ္ကူးစက္ခံရသည့္ မဲ႐ုံေစာင့္ဆရာမအခ်ိဳ႕ ေထာက္ပံ့ေၾကး သုံးသိန္းမရေသး

ကိုဗစ္ကူးစက္ခံရသည့္ မဲ႐ုံေစာင့္ဆရာမအခ်ိဳ႕ ေထာက္ပံ့ေၾကး သုံးသိန္းမရေသး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၁

၂၀၂၀ ေရြးေကာက္ပြဲတြင္ တာဝန္ထမ္းေဆာင္စဥ္ COVID-19 ေရာဂါ ကူးစက္ခံရသည့္ မဲ႐ုံေစာင့္ခဲ့သည့္ ဆရာမအခ်ိဳ႕မွ ေထာက္ပံ့ေၾကး ေငြက်ပ္သုံးသိန္း မရရွိေသးေၾကာင္း သာေကတ အ.မ.က (၄) မဲ႐ုံတြင္ တာဝန္ယူေဆာင္ရြက္ခဲ့သည့္ ဆရာမ ေဒၚႏြယ္နီဝင္းက ေျပာသည္။

ေရြးေကာက္ပြဲတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ကိုဗစ္ကူးစက္ခံသည့္ ဆရာ၊ ဆရာမမ်ားအား ပညာေရးဝန္ႀကီး ဌာနမွ တစ္ဦးလွ်င္ေငြက်ပ္ သုံးသိန္း ေထာက္ပံ့ေပးျခင္းကို COVID-19 ေရာဂါကူးစက္ခံရသည့္ မဲ႐ုံေစာင့္ ဆရာမအခ်ိဳ႕မွ ေထာက္ပံ့ေၾကး မရရွိေသးျခင္းျဖစ္သည္။

“တကယ္ေတာ့ ကိုယ္ခံစားရတာ သုံးသိန္းထပ္မကပါဘူး။ အိမ္မွာလည္း တစ္ေယာက္က Positive ထပ္ထြက္ တယ္။ အခု Positive ျဖစ္သြားၿပီဆိုေတာ့ လူေတြက ေၾကာက္သလိုလို လန႔္သလိုလို ကိုယ္ေတြကပဲ စည္းကမ္း မရွိလို႔ ကူးသလိုလို ခံစားရတဲ့ စိတ္ခံစားခ်က္ကလည္း အမ်ားႀကီး” ဟု သာေကတ အ.မ.က (၄)တြင္ တာဝန္က်သည့္ ဆရာမေဒၚႏြယ္နီဝင္းက ေျပာသည္။

ေရြးေကာက္ပြဲမဲ႐ုံတြင္ တာဝန္က်သည့္ ဆရာ၊ ဆရာမ ၁၀၀ ခန႔္မွာ Coivd ကူးစက္ခံခဲ့ရၿပီး လက္ရွိ ေထာက္ပံေငြရရွိသူမွာ ၇၁ ဦးခန႔္သာ ရွိေသးေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္မွ သိရသည္။

“ပထမ စာရင္းေကာက္တဲ့ေန႔မွာ လူ ၈၀ ပဲရွိတယ္။ ေနာက္တစ္ခါထပ္တိုးတာေတြက ရွိေနတတ္တာကို။ အဲ့ဒါေတြကိုေတာ့ ဘ႑ာေရးဌာနက ေပးဖို႔အတြက္ ေဆာင္ရြက္ေနပါတယ္” ဟု အေျခခံပညာဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ဦးရဲလင္းျမင့္က ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲက်င္းပရာတြင္ မဲ႐ုံတာဝန္ထမ္းေဆာင္ၿပီး ေနာက္ COVID-19 ေရာဂါ ကူးစက္ခံရသည့္ ဆရာဆရာမ (၇၁)ဦးထဲတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္က ဆရာဆရာမ (၃၆) ဦးထိ အမ်ားဆုံးကူးစက္ခံ ထားရေၾကာင္း သိရသည္။

#PeopleMedia

(unicode)
ကိုဗစ်ကူးစက်ခံရသည့် မဲရုံစောင့်ဆရာမအချို့ ထောက်ပံ့ကြေး သုံးသိန်းမရသေး
………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်စဉ် COVID-19 ရောဂါ ကူးစက်ခံရသည့် မဲရုံစောင့်ခဲ့သည့် ဆရာမအချို့မှ ထောက်ပံ့ကြေး ငွေကျပ်သုံးသိန်း မရရှိသေးကြောင်း သာကေတ အ.မ.က (၄) မဲရုံတွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆရာမ ဒေါ်နွယ်နီဝင်းက ပြောသည်။

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်ကူးစက်ခံသည့် ဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီး ဌာနမှ တစ်ဦးလျှင်ငွေကျပ် သုံးသိန်း ထောက်ပံ့ပေးခြင်းကို COVID-19 ရောဂါကူးစက်ခံရသည့် မဲရုံစောင့် ဆရာမအချို့မှ ထောက်ပံ့ကြေး မရရှိသေးခြင်းဖြစ်သည်။

“တကယ်တော့ ကိုယ်ခံစားရတာ သုံးသိန်းထပ်မကပါဘူး။ အိမ်မှာလည်း တစ်ယောက်က Positive ထပ်ထွက် တယ်။ အခု Positive ဖြစ်သွားပြီဆိုတော့ လူတွေက ကြောက်သလိုလို လန့်သလိုလို ကိုယ်တွေကပဲ စည်းကမ်း မရှိလို့ ကူးသလိုလို ခံစားရတဲ့ စိတ်ခံစားချက်ကလည်း အများကြီး” ဟု သာကေတ အ.မ.က (၄)တွင် တာဝန်ကျသည့် ဆရာမဒေါ်နွယ်နီဝင်းက ပြောသည်။

ရွေးကောက်ပွဲမဲရုံတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမ ၁၀၀ ခန့်မှာ Coivd ကူးစက်ခံခဲ့ရပြီး လက်ရှိ ထောက်ပံငွေရရှိသူမှာ ၇၁ ဦးခန့်သာ ရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ သိရသည်။

“ပထမ စာရင်းကောက်တဲ့နေ့မှာ လူ ၈၀ ပဲရှိတယ်။ နောက်တစ်ခါထပ်တိုးတာတွေက ရှိနေတတ်တာကို။ အဲ့ဒါတွေကိုတော့ ဘဏ္ဍာရေးဌာနက ပေးဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲလင်းမြင့်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပရာတွင် မဲရုံတာဝန်ထမ်းဆောင်ပြီး နောက် COVID-19 ရောဂါ ကူးစက်ခံရသည့် ဆရာဆရာမ (၇၁)ဦးထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်က ဆရာဆရာမ (၃၆) ဦးထိ အများဆုံးကူးစက်ခံ ထားရကြောင်း သိရသည်။

#PeopleMedia


Share this post