• Follow Us on

Home ကိုဗစ်ရောဂါကြောင့် ထိခိုက်နစ်နာသော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် စီးပွားရေးလုပ် ငန်းရှင် ၂၅ ဦးခန့်နှင့် တပ်ချုပ် ယနေ့တွေ့ဆုံမည်

ကိုဗစ်ရောဂါကြောင့် ထိခိုက်နစ်နာသော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် စီးပွားရေးလုပ် ငန်းရှင် ၂၅ ဦးခန့်နှင့် တပ်ချုပ် ယနေ့တွေ့ဆုံမည်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုဗစ်ကြောင့် ထိခိုက်နစ်နာသောလုပ်ငန်းများနှင့် ရပ်တန့်နေသောလုပ်ငန်းများ ပြန်လည်ထူထောင်ရေး အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) မှ လုပ်ငန်းရှင်များအပါအဝင် လုပ်ငန်းရှင် ၂၅ ဦးခန့်ကို နေပြည်တော်၌ ယနေ့တွေ့ဆုံသွားမည်ဖြစ်ကြောင်း (UMFCCI) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ တွေ့ဆုံခြင်းအကြောင်းအရင်းကို ၎င်းတို့အနေဖြင့် မသိရှိသေးသော်လည်း တပ်မတော်အနေမှ ယမန့်နေ့က ကြေငြာချက်ထဲတွင် ပါဝင်သည့် ကိုဗစ်ကြောင့် ထိခိုက်နစ်နာသောလုပ်ငန်း များနှင့် ရပ်တန့်နေသောလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်အတွက် တွေ့ဆုံခြင်းဖြစ်နိုင်ကြောင်း အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်သိသလောက်တော့ လုပ်ငန်းရှင် ၂၅ ယောက်ခန့်တော့ရှိမယ်။ UMFCCI အနေနဲ့တော့ မဟုတ်ဘူး အခြားသော ကဏ္ဍတွေက လူတွေပါပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဖို့ရှိတယ်လို့တော့ ကြားတာ ပေ့ါ” ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါကဲ့သို့ သွားတွေ့ဆုံရန်ရှိနေသော်လည်း တွေ့ချိန်ရမည့်အချိန်နှင့် သွားရောက်ရမည့်အခြေအနေများ နှင့် အစီအစဉ်အသေးစိတ်ကို ၎င်းတို့အနေဖြင့် အသေးစိတ်သိရှိခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် စီးပွားရေးကိုနလန်ထူအောင် ဆောင်ရွက်ရန် လိုကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း ရပ်တန့်ထားသည့်စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည် လည် ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း ပြောဆိုထားသည်။

#PeopleMedia #UMFCCI

(unicode)
…………………………………………………………..







#PeopleMedia #UMFCCI


Share this post