• Follow Us on
Latest News

Home ကိုဗစ္-၁၉ေၾကာင့္ ကမာၻလူေသစာရင္း၌ ဘရာဇီးနိုင္ငံက နံပါတ္ ၅ ေနရာတြင္ရပ္တည္

ကိုဗစ္-၁၉ေၾကာင့္ ကမာၻလူေသစာရင္း၌ ဘရာဇီးနိုင္ငံက နံပါတ္ ၅ ေနရာတြင္ရပ္တည္

Share this post

၂၀၂၀၊ ေမ ၃၀

ဘရာဇီးနိုင္ငံတြင္ ယမန္ေန႕က ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ ၂၇၈၇၈ ဦးအထိ ရွိလာခဲ့ရာ ဗိုင္းရပ္စ္ေၾကာင့္ ကမာၻလူေသစာရင္း၌ နံပါတ္ ၅ ေသဆုံးမႈအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားက ျပသေနသည္။

ေတာင္အေမရိကတိုက္၏ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဗဟိုခ်က္မ ဘရာဇီးနိုင္ငံတြင္ ၿပီးခဲ့ေသာ ၂၄ နာရီ အတြင္း ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ လူ ၁၁၂၄ ဦးေသဆုံးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။

ဘရာဇီးနိုင္ငံ၌ တစ္ရက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၆၉၂၈ မႈျဖင့္ စံခ်ိန္တင္ခဲ့ၿပီး စုစုေပါင္း ကူးစက္လူနာအေရအတြက္မွာ ၄၆၅၁၆၆ ဉီးအထိ ရွိလာခဲ့ၿပီျဖစ္သည္။

ကမာၻ၌ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ေၾကာင့္ ေသဆုံးမႈအရ အေမရိကန္၊ ၿဗိတိန္၊ အီတလီႏွင့္ ျပင္သစ္နိုင္ငံတို႔က ဦးေဆာင္ေနသည္။

ယမန္ေန႕အထိ စပိန္နိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ၂၇၁၂၁ ဦးရွိၿပီး ေသဆုံးမႈႏႈန္း သိ သိသာသာ က်ဆင္းလ်က္ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၈၇၁၄ ဦးရွိသည့္ ျပင္သစ္နိုင္ငံကို ဘရာဇီး နိုင္ငံက မၾကာမီ ေက်ာ္ျဖတ္သြားနိုင္သည္။

ဘရာဇီးနိုင္ငံက ကူးစက္မႈ ၁ ဒသမ ၇ သန္းေက်ာ္ရွိသည့္ အေမရိကန္နိုင္ငံၿပီးလ်င္ ကမာၻေပၚတြင္ ကူး စက္မႈ ဒုတိယအျမင့္ဆုံးတိုင္းျပည္ျဖစ္သည္။

ဘရာဇီးနိုင္ငံတြင္ လူတစ္သန္းလ်င္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၃၁ ဒသမ ၂ ဦးရွိရာ လူတစ္ သန္းလ်င္ ေသဆုံးသူ ၃၀၀ ရွိေသာ အေမရိကန္နိုင္ငံ၊ လူတစ္သန္းလ်င္ ေသဆုံးသူ ၅၈၀ ရွိေသာ စပိန္နိုင္ငံတို႔ႏွင့္ ယွဥ္လ်င္ နည္းပါးသည္ဟုဆိုနိုင္သည္။

ဘရာဇီးနိုင္ငံတြင္ အမွန္တစ္ကယ္ ကူးစက္မႈအေရအတြက္မွာ အတည္ျပဳစာရင္းထက္ ၁၅ ဆေက်ာ္ ျမင့္ မားနိုင္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ က်ယ္က်ယ္ျပန့္ျပန့္ စမ္းသပ္မႈမ်ား မလုပ္ေဆာင္နိုင္ျခင္းေၾကာင့္ျဖစ္ ေၾကာင္း ပညာရွင္မ်ားက ေျပာၾကားသည္။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; Brazil surpasses Spain with one of the highest Covid-19 death tolls in the world

#PeopleMedia

[Unicode]
ကိုဗစ်-၁၉ကြောင့် ကမ္ဘာလူသေစာရင်း၌ ဘရာဇီးနိုင်ငံက နံပါတ် ၅ နေရာတွင်ရပ်တည်
……………………………………………………………………………………..

၂၀၂၀၊ မေ ၃၀

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၇၈၇၈ ဦးအထိ ရှိလာခဲ့ရာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာလူသေစာရင်း၌ နံပါတ် ၅ သေဆုံးမှုအမြင့်ဆုံးတိုင်းပြည် ဖြစ်လာခဲ့ကြောင်း သတင်းအချက်အလက်များက ပြသနေသည်။

တောင်အမေရိကတိုက်၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဗဟိုချက်မ ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ ၁၁၂၄ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဘရာဇီးနိုင်ငံ၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၆၉၂၈ မှုဖြင့် စံချိန်တင်ခဲ့ပြီး စုစုပေါင်း ကူးစက်လူနာအရေအတွက်မှာ ၄၆၅၁၆၆ ဉီးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ကမ္ဘာ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြောင့် သေဆုံးမှုအရ အမေရိကန်၊ ဗြိတိန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့က ဦးဆောင်နေသည်။

ယမန်နေ့အထိ စပိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၁၂၁ ဦးရှိပြီး သေဆုံးမှုနှုန်း သိ သိသာသာ ကျဆင်းလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၈၇၁၄ ဦးရှိသည့် ပြင်သစ်နိုင်ငံကို ဘရာဇီး နိုင်ငံက မကြာမီ ကျော်ဖြတ်သွားနိုင်သည်။

ဘရာဇီးနိုင်ငံက ကူးစက်မှု ၁ ဒသမ ၇ သန်းကျော်ရှိသည့် အမေရိကန်နိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကူး စက်မှု ဒုတိယအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် လူတစ်သန်းလျင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၁ ဒသမ ၂ ဦးရှိရာ လူတစ် သန်းလျင် သေဆုံးသူ ၃၀၀ ရှိသော အမေရိကန်နိုင်ငံ၊ လူတစ်သန်းလျင် သေဆုံးသူ ၅၈၀ ရှိသော စပိန်နိုင်ငံတို့နှင့် ယှဉ်လျင် နည်းပါးသည်ဟုဆိုနိုင်သည်။

ဘရာဇီးနိုင်ငံတွင် အမှန်တစ်ကယ် ကူးစက်မှုအရေအတွက်မှာ အတည်ပြုစာရင်းထက် ၁၅ ဆကျော် မြင့် မားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုများ မလုပ်ဆောင်နိုင်ခြင်းကြောင့်ဖြစ် ကြောင်း ပညာရှင်များက ပြောကြားသည်။

ကိုးကား ။ ။ အအေကျဖျပီ

Ref; Brazil surpasses Spain with one of the highest Covid-19 death tolls in the world

#PeopleMedia


Share this post