• Follow Us on

Home ကိုဗစ္-၁၉ ကန႔္သတ္ခ်က္စည္းမ်ဥ္းမ်ား ခ်ိဳးေဖာက္သည့္ ရိုေမးနီးယားဝန္ႀကီးခ်ဳပ္ ဒဏ္ေၾကး ေပးေဆာင္ရ

ကိုဗစ္-၁၉ ကန႔္သတ္ခ်က္စည္းမ်ဥ္းမ်ား ခ်ိဳးေဖာက္သည့္ ရိုေမးနီးယားဝန္ႀကီးခ်ဳပ္ ဒဏ္ေၾကး ေပးေဆာင္ရ

Share this post

၂၀၂၀၊ ေမ ၃၁

ႏွာေခါင္းစည္း မဝတ္ဆင္ျခင္း၊ အလုံပိတ္ခန္းအတြင္း ေဆးလိပ္ေသာက္ျခင္း အစရွိသည့္ ကိုယ္တိုင္သတ္ မွတ္ထားေသာ ကိုရိုနာဗိုင္းရပ္စ္ ကန့္သတ္ခ်က္မ်ား ခ်ိဳးေဖာက္မႈေၾကာင့္ ရိုေမးနီးယားဝန္ႀကီးခ်ဳပ္ လူဒိုဗက္ေအာ္ ဘန္က ေမလ ၃၀ ရက္တြင္ ဒဏ္ေၾကး ေဒၚလာ ၆၉၀ ေပးေဆာင္ခဲ့ေၾကာင္း နိုင္ငံပိုင္သတင္းဌာန Agerpres က ေဖာ္ျပခဲ့သည္။

လူမႈမီဒီယာတြင္ ပ်ံ့ႏွံ႕သြားသည့္ ဓာတ္ပုံတစ္ပုံတြင္ ဝန္ႀကီးခ်ဳပ္ ေအာ္ဘန္က သူ၏႐ုံးခန္းအတြင္း စားပြဲ တစ္လုံး၌ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားစြာႏွင့္ အတူထိုင္ေနကာ စီးကရက္တစ္လိပ္ ေသာက္ေနသည္။ ၄င္းတို႔အား လုံး ႏွာေခါင္းစည္း ဝတ္ဆင္ျခင္းမရွိဘဲ ႏွာေခါင္းစည္းမ်ားကို စားပြဲေပၚတြင္ ခ်ထားသည္။

ေအာ္ဘန္က ထုတ္ျပန္ ခ်က္တစ္ခုအတြင္း စည္းမ်ဥ္းမ်ားခ်ိဳးေဖာက္ေၾကာင္း ဝန္ခံခဲ့ၿပီး သူ၏ ၅၇ ႏွစ္ျပည့္ ေမြးေန႕ျဖစ္သည့္ ေမလ ၂၅ ရက္တြင္ ရက္ေပါင္းမ်ားစြာၾကာ အလုပ္လုပ္ကိုင္ခဲ့သည့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးအခ်ိဳ႕ သူ၏႐ုံးခန္းတြင္ စုေဝးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

“နိုင္ငံသားအားလုံး စည္းမ်ဥ္းေတြကို လိုက္နာရမယ္ဆိုတာ ဝန္ႀကီးခ်ဳပ္က သိပါ တယ္။ ဥပေဒကိုခ်ိဳး ေဖာက္ရင္ အေရးယူမႈျပဳလုပ္ရမွာျဖစ္ပါတယ္” ဟု ထုတ္ျပန္ခ်က္အား ကိုးကား၍ နိုင္ငံပိုင္သတင္းဌာနက ေျပာ ၾကားသည္။

ေမလ ၁၅ ရက္က သက္တမ္းကုန္ခဲ့သည့္ အေရးေပၚအေျခအေနအတြင္း ရက္ ၆၀ ၾကာ တင္းက်ပ္ေသာ အသြားအလာကန့္သတ္ခ်က္ သတ္မွတ္ၿပီးေနာက္ ရိုေမးနီးယားအစိုးရက တစ္လၾကာ အသင့္အေနအထားအေျခ အေန ၫႊန္ၾကားခဲ့သည္။

ထိုသတ္မွတ္ခ်က္အရ ႏွာေခါင္းစည္းဝတ္ဆင္ျခင္းက အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးႏွင့္ အမ်ား ျပည္သူပိုင္ေနရာမ်ားတြင္ မျဖစ္မေန ျပဳလုပ္ရမည့္အရာ ျဖစ္လာခဲ့သည္။

အလုံပိတ္ခန္းမ်ားအတြင္း ေဆးလိပ္ေသာက္ျခင္းကို ရိုေမးနီးယားနိုင္ငံတြင္ ၂၀၁၆ ခုႏွစ္ကတည္းက ပိတ္ ပင္ထားသည္။ အျပင္ထိုင္ခုံရွိသည့္ စားေသာက္ဆိုင္မ်ားကို ဇြန္လ ၁ ရက္မွစ၍ တင္းက်ပ္ေသာ ကန့္သတ္ခ်က္ မ်ားျဖင့္ ျပန္ဖြင့္ေတာ့မည္ျဖစ္သည္။

ယမန္ေန႕က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈသစ္ ၁၅၁ မႈ ေတြ႕ရွိခဲ့ရာ စုစုေပါင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ၁၉၁၃၃ အထိ ရွိလာခဲ့ၿပီး ေသဆုံးသူ ၁၂၅၃ ဉီးရွိေၾကာင္း ရိုေမးနီးယားနိုင္ငံက ထုတ္ျပန္ခဲ့သည္။

ကိုးကား ။ ။ ရိုက်တာ

Ref; Romania’s Orban breaches own coronavirus rules, pays fine

#PeopleMedia

[Unicode]
ကိုဗစ်-၁၉ ကန့်သတ်ချက်စည်းမျဉ်းများ ချိုးဖောက်သည့် ရိုမေးနီးယားဝန်ကြီးချုပ် ဒဏ်ကြေး ပေးဆောင်ရ
…………………………………………………………………………………….
၂၀၂၀၊ မေ ၃၁

နှာခေါင်းစည်း မဝတ်ဆင်ခြင်း၊ အလုံပိတ်ခန်းအတွင်း ဆေးလိပ်သောက်ခြင်း အစရှိသည့် ကိုယ်တိုင်သတ် မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ချိုးဖောက်မှုကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် လူဒိုဗက်အော် ဘန်က မေလ ၃၀ ရက်တွင် ဒဏ်ကြေး ဒေါ်လာ ၆၉၀ ပေးဆောင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Agerpres က ဖော်ပြခဲ့သည်။

လူမှုမီဒီယာတွင် ပျံ့နှံ့သွားသည့် ဓာတ်ပုံတစ်ပုံတွင် ဝန်ကြီးချုပ် အော်ဘန်က သူ၏ရုံးခန်းအတွင်း စားပွဲ တစ်လုံး၌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများစွာနှင့် အတူထိုင်နေကာ စီးကရက်တစ်လိပ် သောက်နေသည်။ ၄င်းတို့အား လုံး နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိဘဲ နှာခေါင်းစည်းများကို စားပွဲပေါ်တွင် ချထားသည်။

အော်ဘန်က ထုတ်ပြန် ချက်တစ်ခုအတွင်း စည်းမျဉ်းများချိုးဖောက်ကြောင်း ဝန်ခံခဲ့ပြီး သူ၏ ၅၇ နှစ်ပြည့် မွေးနေ့ဖြစ်သည့် မေလ ၂၅ ရက်တွင် ရက်ပေါင်းများစွာကြာ အလုပ်လုပ်ကိုင်ခဲ့သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ သူ၏ရုံးခန်းတွင် စုဝေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံသားအားလုံး စည်းမျဉ်းတွေကို လိုက်နာရမယ်ဆိုတာ ဝန်ကြီးချုပ်က သိပါ တယ်။ ဥပဒေကိုချိုး ဖောက်ရင် အရေးယူမှုပြုလုပ်ရမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်အား ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ပြော ကြားသည်။

မေလ ၁၅ ရက်က သက်တမ်းကုန်ခဲ့သည့် အရေးပေါ်အခြေအနေအတွင်း ရက် ၆၀ ကြာ တင်းကျပ်သော အသွားအလာကန့်သတ်ချက် သတ်မှတ်ပြီးနောက် ရိုမေးနီးယားအစိုးရက တစ်လကြာ အသင့်အနေအထားအခြေ အနေ ညွှန်ကြားခဲ့သည်။

ထိုသတ်မှတ်ချက်အရ နှာခေါင်းစည်းဝတ်ဆင်ခြင်းက အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် အများ ပြည်သူပိုင်နေရာများတွင် မဖြစ်မနေ ပြုလုပ်ရမည့်အရာ ဖြစ်လာခဲ့သည်။

အလုံပိတ်ခန်းများအတွင်း ဆေးလိပ်သောက်ခြင်းကို ရိုမေးနီးယားနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကတည်းက ပိတ် ပင်ထားသည်။ အပြင်ထိုင်ခုံရှိသည့် စားသောက်ဆိုင်များကို ဇွန်လ ၁ ရက်မှစ၍ တင်းကျပ်သော ကန့်သတ်ချက် များဖြင့် ပြန်ဖွင့်တော့မည်ဖြစ်သည်။

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၅၁ မှု တွေ့ရှိခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၁၉၁၃၃ အထိ ရှိလာခဲ့ပြီး သေဆုံးသူ ၁၂၅၃ ဉီးရှိကြောင်း ရိုမေးနီးယားနိုင်ငံက ထုတ်ပြန်ခဲ့သည်။

ကိုးကား ။ ။ ရိုကျတာ

Ref; Romania’s Orban breaches own coronavirus rules, pays fine

#PeopleMedia


Share this post