• Follow Us on

Home ကိုဗစ္-၁၉ ကပ္ေရာဂါအတြက္ တ႐ုတ္နိုင္ငံက တာဝန္ခံရမည္ဟု အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးေျပာ

ကိုဗစ္-၁၉ ကပ္ေရာဂါအတြက္ တ႐ုတ္နိုင္ငံက တာဝန္ခံရမည္ဟု အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးေျပာ

Share this post

၂၀၂၀၊ ဧၿပီ ၃၀

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါအတြက္ တ႐ုတ္နိုင္ငံအေနျဖင့္ တာဝန္ခံရန္ႏွင့္ သတင္းအခ်က္အလက္မ်ား ပိုမိုေပးအပ္ရန္လိုအပ္ေၾကာင္း အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယိုက ေျပာခဲ့သည္။

တ႐ုတ္နိုင္ငံ၌ ကပ္ေရာဂါကိုင္တြယ္မွုႏွင့္ပတ္သက္၍ တ႐ုတ္နိုင္ငံအား မိုက္ပြမ္ပီယိုက ေဝဖန္ျပစ္တင္လ်က္ ရွိသည္။

တ႐ုတ္နိုင္ငံမွ ဗိုင္းရပ္စ္ထြက္ေပၚလာခဲ့ျခင္းမွာ ပထမဆုံးအႀကိမ္မဟုတ္ေၾကာင္းႏွင့္ တ႐ုတ္နိုင္ငံအေနျဖင့္ ယုံၾကည္စိတ္ခ်ရသည့္ မိတ္ဖက္နိုင္ငံျဖစ္လိုပါက ကမၻာ့နိုင္ငံမ်ားကို သတင္းအခ်က္အလက္မ်ား မၽွေဝရန္ တာ ဝန္ရွိေၾကာင္း ၄င္းက ဧၿပီလ ၂၉ ရက္တြင္ သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ဝူဟန္ၿမိဳ႕ေတာ္ရွိ ေရာဂါေဗဒဌာနမွ သတင္းအခ်က္အလက္မ်ားရယူရန္ ၎က ေတာင္းဆိုခဲ့ၿပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျဖစ္ပြားခဲ့မႈသည္ ဝူဟန္ၿမိဳ႕တြင္ အစျပဳခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္မီဒီယာမ်ားက ေဖာ္ျပခဲ့ၾက သည္။

တ႐ုတ္နိုင္ငံမွ တာဝန္ရွိသူမ်ားက ကိုရိုနာဗိုင္းရပ္စ္ တားဆီးရန္ ပ်က္ကြက္ခဲ့ၿပီး ကမၻာေပၚ၌ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေစခဲ့မႈ အတြက္ တ႐ုတ္ႏုိင္ငံအေနျဖင့္ တာဝန္ခံရပ္လိုအပ္ေၾကာင္း Fox TV အစီအစဥ္ႏွင့္ ေတြ႕ဆုံခဲ့သည့္ အစီအစဥ္ တြင္ ပြမ္ပီယိုက ေျပာၾကားခဲ့သည္။

ကိုးကား။ ။အင္န္အိတ္ခ်္ေက

Ref; Pompeo: China responsible for pandemic

#PeopleMedia

(Unicode)
ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တရုတ်နိုင်ငံက တာဝန်ခံရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
…………………………………………………

၂၀၂၀၊ ဧပြီ ၃၀

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအတွက် တရုတ်နိုင်ငံအနေဖြင့် တာဝန်ခံရန်နှင့် သတင်းအချက်အလက်များ ပိုမိုပေးအပ်ရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောခဲ့သည်။

တရုတ်နိုင်ငံ၌ ကပ်ရောဂါကိုင်တွယ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား မိုက်ပွမ်ပီယိုက ဝေဖန်ပြစ်တင်လျက် ရှိသည်။

တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ထွက်ပေါ်လာခဲ့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံဖြစ်လိုပါက ကမ္ဘာ့နိုင်ငံများကို သတင်းအချက်အလက်များ မျှဝေရန် တာ ဝန်ရှိကြောင်း ၄င်းက ဧပြီလ ၂၉ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝူဟန်မြို့တော်ရှိ ရောဂါဗေဒဌာနမှ သတင်းအချက်အလက်များရယူရန် ၎င်းက တောင်းဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားခဲ့မှုသည် ဝူဟန်မြို့တွင် အစပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြ သည်။

တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ် တားဆီးရန် ပျက်ကွက်ခဲ့ပြီး ကမ္ဘာပေါ်၌ ဗိုင်းရပ်စ်ပျံ့နှံ့စေခဲ့မှု အတွက် တရုတ်နိုင်ငံအနေဖြင့် တာဝန်ခံရပ်လိုအပ်ကြောင်း Fox TV အစီအစဉ်နှင့် တွေ့ဆုံခဲ့သည့် အစီအစဉ် တွင် ပွမ်ပီယိုက ပြောကြားခဲ့သည်။

ကိုးကား။ ။အင်န်အိတ်ခ်ျကေ

Ref; Pompeo: China responsible for pandemic

#PeopleMedia


Share this post