• Follow Us on

Home ကိုဗစ္-၁၉ ကာလ ဖူဂ်ီေတာင္တက္ခြင့္ ပိတ္မည္

ကိုဗစ္-၁၉ ကာလ ဖူဂ်ီေတာင္တက္ခြင့္ ပိတ္မည္

Share this post

၂၀၂၀၊ ေမ ၁၈

 

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈတားဆီးကာကြယ္ရန္ ယခုႏွစ္ ေတာင္တက္ရာသီတြင္ ဂ်ပန္ႏိုင္ငံရွိ ဖူဂ်ီေတာင္ကို ပိတ္ ထားမည္ဟု တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

 

ဖူဂ်ီေတာင္ထိပ္သို႔တက္ရာ အဓိကလမ္းေလးခုအနက္ လမ္းတစ္ခုကို ပိတ္ထားေၾကာင္း ဂ်ပန္ႏိုင္ငံ၏ အျမင့္ဆုံး ေတာင္ျဖစ္သည့္ ဖူဂ်ီေတာင္ရွိရာ ရွီဇူအိုကာစီရင္စုက ေၾကညာခဲ့သည္။

 

“ဒီလမ္းေၾကာင္းေတြကို ေႏြရာသီမွာ ဖြင့္လွစ္ေပမယ့္ တစ္ခုတည္းေသာ ေတာင္တက္ရာသီျဖစ္သည့္ ဇူလိုင္လ ၁၀ ရက္မွ စက္တင္ဘာလ ၁၀ ရက္အတြင္း ထိုလမ္းေၾကာင္းမ်ားကို ပိတ္ထားမည္ဟု စီရင္စုမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

 

စီရင္စုက ေတာင္တက္လမ္းမ်ားကို စတင္စီမံခန္႔ခြဲခဲ့သည့္ ၁၉၆၀ ျပည့္ႏွစ္ေနာက္ပိုင္း ၃၇၇၆ မီတာရွိသည့္ ဖူဂ်ီေတာင္တက္လမ္းေၾကာင္းမ်ား ပိတ္ထားျခင္းမွာ ပထမဆုံးအႀကိမ္ ျဖစ္လာမည္ျဖစ္သည္။

 

ယူနက္စကို ကမၻာ့အေမြအႏွစ္စာရင္းဝင္ ဖူဂ်ီေတာင္မွာ တိုက်ိဳၿမိဳ႕ေတာ္မွ ကီလိုမီတာ ၁၀၀ အကြာတြင္ တည္ရွိၿပီး တိုက်ိဳၿမိဳ႕ေတာ္မွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရသည္။

 

ယမန္ႏွစ္က ဖူဂ်ီေတာင္ကို ေတာင္တက္သမား ၂၃၆၀၀၀ ခန္႔ လာေရာက္ခဲ့ေၾကာင္း ဖူဂ်ီေတာင္ဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပခ်က္အရသိရသည္။

 

ဂ်ပန္ႏိုင္ငံ၏ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈမွာ ဥေရာပတိုက္၊ အေမရိကန္ႏိုင္ငံတို႔ႏွင့္ယွဥ္လ်င္ နည္းပါးေသာ္လည္း ဓာတ္ခြဲအတည္ျပဳကူးစက္လူနာ ၁၆၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၇၄၉ ဦးရွိသည္။

 

တိုင္းျပည္အတြင္း ေနရာအမ်ားစုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ ျပ႒ာန္းခဲ့သည့္ အေရးေပၚအေျခ အေနကို ၿပီးခဲ့သည့္အပတ္အတြင္း ဂ်ပန္ႏိုင္ငံက ႐ုတ္သိမ္းခဲ့ေသာ္လည္း တိုက်ိဳႏွင့္ အိုဆာကာကဲ့သို႔ ေသာ ၿမိဳ႕ႀကီးမ်ားတြင္ ထိုအမိန္႔သတ္မွတ္ထားဆဲျဖစ္သည္။

 

ကိုးကား  ။   ။ ေအအက္ဖ္ပီ

 

Ref; Mount Fuji to be closed in summer due to coronavirus pandemic

 

#PeopleMedia #Japan

 

(Unicode)

ကိုဗစ်-၁၉ ကာလ ဖူဂျီတောင်တက်ခွင့် ပိတ်မည်
…………………………………….

၂၀၂၀၊ မေ ၁၈

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးကာကွယ်ရန် ယခုနှစ် တောင်တက်ရာသီတွင် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ပိတ် ထားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ဖူဂျီတောင်ထိပ်သို့တက်ရာ အဓိကလမ်းလေးခုအနက် လမ်းတစ်ခုကို ပိတ်ထားကြောင်း ဂျပန်နိုင်ငံ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ဖူဂျီတောင်ရှိရာ ရှီဇူအိုကာစီရင်စုက ကြေညာခဲ့သည်။

“ဒီလမ်းကြောင်းတွေကို နွေရာသီမှာ ဖွင့်လှစ်ပေမယ့် တစ်ခုတည်းသော တောင်တက်ရာသီဖြစ်သည့် ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အတွင်း ထိုလမ်းကြောင်းများကို ပိတ်ထားမည်ဟု စီရင်စုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စီရင်စုက တောင်တက်လမ်းများကို စတင်စီမံခန့်ခွဲခဲ့သည့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ၃၇၇၆ မီတာရှိသည့် ဖူဂျီတောင်တက်လမ်းကြောင်းများ ပိတ်ထားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖူဂျီတောင်မှာ တိုကျိုမြို့တော်မှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပြီး တိုကျိုမြို့တော်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

ယမန်နှစ်က ဖူဂျီတောင်ကို တောင်တက်သမား ၂၃၆၀၀၀ ခန့် လာရောက်ခဲ့ကြောင်း ဖူဂျီတောင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရသိရသည်။

ဂျပန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ ဥရောပတိုက်၊ အမေရိကန်နိုင်ငံတို့နှင့်ယှဉ်လျင် နည်းပါးသော်လည်း ဓာတ်ခွဲအတည်ပြုကူးစက်လူနာ ၁၆၀၀၀ ကျော်နှင့် သေဆုံးသူ ၇၄၉ ဦးရှိသည်။

တိုင်းပြည်အတွင်း နေရာအများစုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပြဋ္ဌာန်းခဲ့သည့် အရေးပေါ်အခြေ အနေကို ပြီးခဲ့သည့်အပတ်အတွင်း ဂျပန်နိုင်ငံက ရုတ်သိမ်းခဲ့သော်လည်း တိုကျိုနှင့် အိုဆာကာကဲ့သို့ သော မြို့ကြီးများတွင် ထိုအမိန့်သတ်မှတ်ထားဆဲဖြစ်သည်။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; Mount Fuji to be closed in summer due to coronavirus pandemic

#PeopleMedia #Japan


Share this post