• Follow Us on

Home ကိုဗစ္-၁၉ ကူးစက္မွုျမင့္မားေနသည့္ ခ်ီလီနိုင္ငံ၌ အစိုးရအဖြဲ႕ ဝန္ႀကီးႏွစ္ဦး ကူးစက္ခံရ

ကိုဗစ္-၁၉ ကူးစက္မွုျမင့္မားေနသည့္ ခ်ီလီနိုင္ငံ၌ အစိုးရအဖြဲ႕ ဝန္ႀကီးႏွစ္ဦး ကူးစက္ခံရ

Share this post

၂၀၂၀၊ ေမ ၂၆

ခ်ီလီနိုင္ငံ၏သမၼတ ဆီဘက္ရွန္ပင္နီရာ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးႏွစ္ဦးအပါအဝင္ ယမန္ေန႔က ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မွုသစ္ ၅၀၀၀ နီးပါး စံခ်ိန္တင္ခဲ့သည္။

ခ်ီလီနိုင္ငံ၌ တစ္ရက္အတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မွုသစ္ ၄၈၉၅ မွုႏွင့္ ေသဆုံးသူ ၄၃ ဦးအထိ ရွိခဲ့ ေၾကာင္း က်န္းမာေရးအာဏာပိုင္မ်ားက ေၾကညာခဲ့သည္။

ကူးစက္ခံရသူမ်ားတြင္ ၄င္းတို့ပါဝင္ေၾကာင္း ျပည္သူ႔ ေဆာက္လုပ္ေရးဝန္ႀကီး အဲဖရက္ဒိုမိုရန္နိုႏွင့္ စြမ္းအင္ဝန္ႀကီး ဟြမ္ကားလို့စ္ဂ်ိဳဘတ္တို့က ေျပာၾကားခဲ့သည္။

“လြန္ခဲ့တဲ့ရက္အနည္းငယ္က ျပဳလုပ္ခဲ့တဲ့ စစ္ေဆးမွုအရ ကိုရိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိခဲ့တယ္လို့ ကၽြန္ေတာ့္ကို အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ ကၽြန္ေတာ့္မွာ ေရာဂါလကၡဏာျပသတာ မရွိခဲ့ပါဘူး”ဟု မိုရန္နိုက တြစ္တာ၌ ေရးသားခဲ့သည္။

အသက္ ၆၃ ႏွစ္အရြယ္ မိုရန္နိုက ဝန္ထမ္းတစ္ဦးတြင္ ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္ေတြ႕ရွိၿပီးေနာက္ သီးသန္႔ခြဲေနထိုင္ခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ဆက္စပ္နိုင္သည့္ မျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား ၾကဳံေတြ႕ခဲ့သည့္ ဂ်ိဳဘတ္ သည္လည္း ေရာဂါကူးစက္ခံရၿပီးေနာက္ သီးသန္႔ခြဲေနခဲ့ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တစ္ခုက ဆိုသည္။

အသက္ ၄၄ ႏွစ္အရြယ္ ဂ်ိဳဘတ္သည္ မၾကာေသးမီက သမၼတ ဆီဘတ္ရွန္ပင္နီရာ သို့မဟုတ္ အျခား အ စိုးရအဖြဲ႕ဝင္မ်ားႏွင့္ တိုက္ရိုက္ ထိေတြ႕ခဲ့ျခင္းမရွိဟု ထုတ္ျပန္ခ်က္က ေဖာ္ျပခဲ့သည္။

ကူးစက္လူနာမ်ားႏွင့္ ထိ ေတြ႕ၿပီးေနာက္ သီးသန္႔ခြဲေနထိုင္ခဲ့သည့္ အျခားဝန္ႀကီးသုံးဉီးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး မေတြ႕ရွိဘဲ လုပ္ငန္းခြင္ျပန္ ဝင္ခဲ့ၿပီျဖစ္သည္။

ခ်ီလီနိုင္ငံတြင္ ၿပီးခဲ့သည့္အပတ္က ကိုဗစ္-၁၉ ေရာဂါ ကူးစက္မွုျမင့္တက္လာျခင္းေၾကာင့္ အစိုးရက ဆန္ တီယာဂိုၿမိဳ့ေတာ္တြင္ အသြားအလာကန္႔သတ္မိန္႔ ခ်မွတ္ခဲ့သည္။ ခ်ီလီနိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္မွု ၇၄၀၀၀ အနက္ ၉၀ ရာခိုင္ႏွုန္းျဖစ္ပြားရာ ဆန္တီယာဂိုၿမိဳ့မွာ ကပ္ေရာဂါ အဓိကျဖစ္ပြားရာေနရာ ျဖစ္သည္။

ၿပီးခဲ့သည့္အပတ္က အထက္လႊတ္ေတာ္အမတ္သုံးဉီးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိၿပီးေနာက္ အထက္လႊတ္ေတာ္ကို ရပ္နားခဲ့ၿပီး လႊတ္ေတာ္အစည္းအေဝးမ်ားကို ဗြီဒီယိုကြန္းဖရင့္ျဖင့္သာ က်င္းပခဲ့သည္။

ကိုးကား။ ။အအေကျဖၿပီ

Ref; Two Chile govt ministers test positive as country sees record Covid-19 cases

(Unicode)
ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသည့် ချီလီနိုင်ငံ၌ အစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး ကူးစက်ခံရ
…………………………………………….

၂၀၂၀၊ မေ ၂၆

ချီလီနိုင်ငံ၏သမ္မတ ဆီဘက်ရှန်ပင်နီရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးအပါအဝင် ယမန်နေ့က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသစ် ၅၀၀၀ နီးပါး စံချိန်တင်ခဲ့သည်။

ချီလီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၄၈၉၅ မှုနှင့် သေဆုံးသူ ၄၃ ဦးအထိ ရှိခဲ့ ကြောင်း ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။

ကူးစက်ခံရသူများတွင် ၎င်းတို့ပါဝင်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီး အဲဖရက်ဒိုမိုရန်နိုနှင့် စွမ်းအင်ဝန်ကြီး ဟွမ်ကားလို့စ်ဂျိုဘတ်တို့က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုအရ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော့်မှာ ရောဂါလက္ခဏာပြသတာ မရှိခဲ့ပါဘူး”ဟု မိုရန်နိုက တွစ်တာ၌ ရေးသားခဲ့သည်။

အသက် ၆၃ နှစ်အရွယ် မိုရန်နိုက ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိပြီးနောက် သီးသန့်ခွဲနေထိုင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်နိုင်သည့် မပြင်းထန်သော ရောဂါလက္ခဏာများ ကြုံတွေ့ခဲ့သည့် ဂျိုဘတ် သည်လည်း ရောဂါကူးစက်ခံရပြီးနောက် သီးသန့်ခွဲနေခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

အသက် ၄၄ နှစ်အရွယ် ဂျိုဘတ်သည် မကြာသေးမီက သမ္မတ ဆီဘတ်ရှန်ပင်နီရာ သို့မဟုတ် အခြား အ စိုးရအဖွဲ့ဝင်များနှင့် တိုက်ရိုက် ထိတွေ့ခဲ့ခြင်းမရှိဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

ကူးစက်လူနာများနှင့် ထိ တွေ့ပြီးနောက် သီးသန့်ခွဲနေထိုင်ခဲ့သည့် အခြားဝန်ကြီးသုံးဉီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိဘဲ လုပ်ငန်းခွင်ပြန် ဝင်ခဲ့ပြီဖြစ်သည်။

ချီလီနိုင်ငံတွင် ပြီးခဲ့သည့်အပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် အစိုးရက ဆန် တီယာဂိုမြို့တော်တွင် အသွားအလာကန့်သတ်မိန့် ချမှတ်ခဲ့သည်။ ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၇၄၀၀၀ အနက် ၉၀ ရာခိုင်နှုန်းဖြစ်ပွားရာ ဆန်တီယာဂိုမြို့မှာ ကပ်ရောဂါ အဓိကဖြစ်ပွားရာနေရာ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အထက်လွှတ်တော်အမတ်သုံးဉီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိပြီးနောက် အထက်လွှတ်တော်ကို ရပ်နားခဲ့ပြီး လွှတ်တော်အစည်းအဝေးများကို ဗွီဒီယိုကွန်းဖရင့်ဖြင့်သာ ကျင်းပခဲ့သည်။

ကိုးကား။ ။အအကေဖြပြီ

Ref; Two Chile govt ministers test positive as country sees record Covid-19 cases


Share this post