• Follow Us on

Home ကိုဗစ္-၁၉ ကူးစက္မႈအႏၲရာယ္ေၾကာင့္ ေရေဘးျပင္ပအကူအညီ လက္မခံဟု ေျမာက္ကိုရီးယား ေျပာ

ကိုဗစ္-၁၉ ကူးစက္မႈအႏၲရာယ္ေၾကာင့္ ေရေဘးျပင္ပအကူအညီ လက္မခံဟု ေျမာက္ကိုရီးယား ေျပာ

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၁၄
 
ေျမာက္ကိုရီးယားႏိုင္ငံက မၾကာေသးမီကျဖစ္ပြားခဲ့သည့္ ေရေဘးေၾကာင့္ ဆိုးရြားေသာ ထိခိုက္ပ်က္စီးမႈ ရွိခဲ့လင့္ကစား ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ျပင္ပအကူအညီမ်ား လက္ခံမည္မဟုတ္ဟု ထိပ္တန္းေခါင္းေဆာင္ ကင္ဂ်ဳံအန္က ေျပာၾကားခဲ့သည္ဟု ႏိုင္ငံပိုင္ KCNA သတင္းဌာနက ယေန႔ ေဖာ္ျပခဲ့သည္။
 
ကင္ဂ်ဳံအန္က ေရေဘးသင့္ျပည္သူမ်ား၊ လယ္ယာေျမမ်ား ေရေဘးေၾကာင့္ ထိခိုက္ပ်က္စီးမႈမွ ျပန္လည္ ထူေထာင္ေရး အစီအမံမ်ားေဆြးေႏြးသည့္ အာဏာရ ကိုရီးယားအလုပ္သမားပါတီ၏ သတၱမအႀကိမ္ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ို ၁၆ ႀကိမ္ေျမာက္ အစည္းအေဝး၌ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
ကမၻာတစ္ဝန္း အေျခအေနဆိုးရြားလာေသာ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနေၾကာင့္ တင္းက်ပ္ေသာ နယ္စပ္ပိတ္ဆို႔မႈမ်ား၊ ဗိုင္းရပ္စ္တားဆီးကာကြယ္ေရး အစီအမံမ်ား ျပဳလုပ္ေနသလို ေရေဘးထိခိုက္ပ်က္စီးမႈ မည္မွ် ႀကီးမားသည္ျဖစ္ေစ မည္သည့္ ျပင္ပအကူအညီမွ် ခြင့္မျပဳေၾကာင္း KCNA သတင္းဌာနက ကင္ဂ်ဳံအန္အား ကိုးကား၍ ေဖာ္ျပခဲ့သည္။
 
ေရေဘးေၾကာင့္ စပါးခင္း ဟက္တာ ၃၉၀၀၀ ေက်ာ္ ပ်က္စီးခဲ့သလို ေနအိမ္ ၁၆၆၈၀ ႏွင့္ ျပည္သူပိုင္အ ေဆာက္အအုံ ၆၃၀ ေရနစ္ျမဳပ္ သို႔မဟုတ္ ပ်က္စီးခဲ့ေၾကာင္း သတင္းမ်ားအရ သိရသည္။
 
ေရေဘးသင့္ျပည္သူမ်ား ေနထိုင္ေရးအတြက္ ပါတီက တာဝန္ရွိပါေၾကာင္း၊ ေရေဘးသင့္ျပည္သူမ်ားႏွင့္အ တူ ဒုကၡမွ်ေဝၿပီး နာက်င္မႈမ်ား သက္သာေအာင္ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္က ေျပာသည္။
 
ေရေဘးသင့္ေဒသမ်ားတြင္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ား ျမန္ဆန္စြာ လုပ္ေဆာင္ရန္ ၄င္းက အ ေလးထားေျပာၾကားခဲ့သည္။
 
ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာမ်ားရွိေသာ ေျမာက္ကိုရီးယား ျပည္ေျပးတစ္ဦး ေတာင္ကိုရီးယားႏိုင္ငံမွ ျပန္ လာၿပီးေနာက္ ဇူလိုင္လ ၂၄ ရက္တြင္ သတ္မွတ္ခဲ့သည့္ ေကေဆာင္ၿမိဳ႕ရွိ သြားလာမႈကန္႔သတ္ခ်က္ အစီအမံမ်ား ႐ုတ္သိမ္းေၾကာင္း ကင္ဂ်ဳံအန္က အစည္းအေဝး၌ ေၾကညာခဲ့သည္။
 
ေျမာက္ကိုရီးယားႏိုင္ငံတြင္ ျသဂုတ္လ ၁ ရက္ေနာက္ပိုင္း မိုးသည္းထန္စြာ ရြာသြန္းခဲ့ရာ ျပည္နယ္အခ်ိဳ႕ တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ကုလသမဂၢက ေျပာၾကားခဲ့သည္။
 
ကိုးကား – ဆင္ဟြာ
 
Ref; DPRK won’t accept outside flood assistance due to COVID-19 virus risk: official media
 
#PeopleMedia
 
(unicode)
ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်ကြောင့် ရေဘေးပြင်ပအကူအညီ လက်မခံဟု မြောက်ကိုရီးယား ပြော
…………………………………………………
 
နိုင်ငံတကာ၊ ဩဂုတ် ၁၄
 
မြောက်ကိုရီးယားနိုင်ငံက မကြာသေးမီကဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် ဆိုးရွားသော ထိခိုက်ပျက်စီးမှု ရှိခဲ့လင့်ကစား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြင်ပအကူအညီများ လက်ခံမည်မဟုတ်ဟု ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ ဖော်ပြခဲ့သည်။
 
ကင်ဂျုံအန်က ရေဘေးသင့်ပြည်သူများ၊ လယ်ယာမြေများ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုမှ ပြန်လည် ထူထောင်ရေး အစီအမံများဆွေးနွေးသည့် အာဏာရ ကိုရီးယားအလုပ်သမားပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ၁၆ ကြိမ်မြောက် အစည်းအဝေး၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ကမ္ဘာတစ်ဝန်း အခြေအနေဆိုးရွားလာသော ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် တင်းကျပ်သော နယ်စပ်ပိတ်ဆို့မှုများ၊ ဗိုင်းရပ်စ်တားဆီးကာကွယ်ရေး အစီအမံများ ပြုလုပ်နေသလို ရေဘေးထိခိုက်ပျက်စီးမှု မည်မျှ ကြီးမားသည်ဖြစ်စေ မည်သည့် ပြင်ပအကူအညီမျှ ခွင့်မပြုကြောင်း KCNA သတင်းဌာနက ကင်ဂျုံအန်အား ကိုးကား၍ ဖော်ပြခဲ့သည်။
 
ရေဘေးကြောင့် စပါးခင်း ဟက်တာ ၃၉၀၀၀ ကျော် ပျက်စီးခဲ့သလို နေအိမ် ၁၆၆၈၀ နှင့် ပြည်သူပိုင်အ ဆောက်အအုံ ၆၃၀ ရေနစ်မြုပ် သို့မဟုတ် ပျက်စီးခဲ့ကြောင်း သတင်းများအရ သိရသည်။
 
ရေဘေးသင့်ပြည်သူများ နေထိုင်ရေးအတွက် ပါတီက တာဝန်ရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများနှင့်အ တူ ဒုက္ခမျှဝေပြီး နာကျင်မှုများ သက်သာအောင်ပြုလုပ်ရမည်ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောသည်။
 
ရေဘေးသင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ လုပ်ဆောင်ရန် ၄င်းက အ လေးထားပြောကြားခဲ့သည်။
 
ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများရှိသော မြောက်ကိုရီးယား ပြည်ပြေးတစ်ဦး တောင်ကိုရီးယားနိုင်ငံမှ ပြန် လာပြီးနောက် ဇူလိုင်လ ၂၄ ရက်တွင် သတ်မှတ်ခဲ့သည့် ကေဆောင်မြို့ရှိ သွားလာမှုကန့်သတ်ချက် အစီအမံများ ရုတ်သိမ်းကြောင်း ကင်ဂျုံအန်က အစည်းအဝေး၌ ကြေညာခဲ့သည်။
 
မြောက်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁ ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ပြည်နယ်အချို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
 
ကိုးကား – ဆင်ဟွာ
 
Ref; DPRK won’t accept outside flood assistance due to COVID-19 virus risk: official media
 
#PeopleMedia

Share this post