• Follow Us on
Latest News

Home ကိုဗစ်-၁၉ တတိယလှိုင်း၌ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၆၉ သန်း ဝယ်ယူခဲ့

ကိုဗစ်-၁၉ တတိယလှိုင်း၌ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၆၉ သန်း ဝယ်ယူခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ကိုဗစ်-၁၉ တတိယလှိုင်း၌ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၁၆၉ သန်း ဝယ်ယူခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စက်တင်ဘာ ၇ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထား သည်။

 

“ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများဝယ်ယူမှုနှင့်ပတ်သက်ပြီး အမေရိကန် ဒေါ်လာ ၁၆၉ သန်း အကုန်ကျဝယ်ယူခဲ့ပြီး ဆေးရုံ၊ဆေးခန်းပြုပြင်ခြင်း၊ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့ အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ အထွေထွေကိစ္စများအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ကို လည်း သုံးစွဲခဲ့ကြောင်း ၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲရန်ဘဏ္ဍာငွေကိုလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း” ၎င်းမှပြောကြားခဲ့ဖြစ်သည်။

 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ကောင်းမွန်တိုးတတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ တော်ဘဏ္ဍာငွေကိုလည်း သုံးစွဲရာတွင် ပကာသနကိုလျော့၍ ချွေတာရေးနည်းလမ်းများနှင့်အညီ အမှန်တ ကယ်အကျိုးရှိသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်စေရန် ပြည် ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် အောက်ခြေအထိ ထိတွေ့ဆက် ဆံသွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုကို ပြည်သူလူထုက ယုံကြည်အားကိုးလာစေရန် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြား ခဲ့ဖြစ်သည်။

 

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ဒေသများအပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက်ရှိ ကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်အစွဲမထားဘဲ လူသားတစ်ယောက်အနေ ဖြင့် တာဝန်သိသိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆောင်ရွက်ရာတွင် အားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း ၎င်းမှ ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ တတိယလှိုင်းအား ရင်ဆိုင်ကျော်လွားနေရသည့်အချိန်ဖြစ်သဖြင့် အခက်အခဲများရှိခဲ့ပြီး၊ နိုင်ငံ၌ ဇွန်လတွင် တတိယလှိုင်းစတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် ကူးစက်မှုနှုန်း ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၎င်းမှ စက်တင်ဘာ ၇ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

#Peoplemedia #နစက #COVID19

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post