• Follow Us on

Home ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) နိုင်ငံအတွင်း ဝင်ရောက်မှုမရှိစေရန်ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ ကို စနစ်တကျစီမံချက်ရေးဆွဲ၍ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးပြောဆို

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) နိုင်ငံအတွင်း ဝင်ရောက်မှုမရှိစေရန်ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ ကို စနစ်တကျစီမံချက်ရေးဆွဲ၍ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁ (People Media)

 

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Variants of Concern) ငါးခုမြောက် အုပ်စုဝင် အိုမီခရွန် (omicron) မျိုးဗီဇပြောင်း ရောဂါပိုး မိမိတို့နိုင်ငံအတွင်းကို ဝင်ရောက်မှုမရှိစေရန် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ စီမံ ချက်ရေးဆွဲ၍ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ်(၄)၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုအခါ မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တတိ ယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့ မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး (Variants of Concem) အုပ်စုတွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ ထပ်မံ၍ ထည့်သွင်းခဲ့သည့် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းရောဂါပိုးအနေဖြင့် ကမ္ဘာတစ်ဝန်း တွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရကြောင်း ပြောသည်။

 

အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံများနှင့် အခြားအိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဝင်ရောက်ကူးစက်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့် သတ်ချိန် တိုးမြှင့်ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ထို့အတူ နယ်စပ်ဒေသများတွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနှင့် RT-PCR ဖြင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးခြင်းကို လည်း စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပြီး RT-PCR အဖြေ negative ဖြစ်မှသာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျပို့ဆောင်ပေး ရမည်ဖြစ်ကြောင်း၊ RT-PCR စက်များကိုလည်း မြဝတီမြို့၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့များတွင် တပ်ဆင်ထားသကဲ့သို့ အခြားနယ်စပ်မြို့ များတွင် ဆက်လက်တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #ကျန်းမာရေးဝန်ကြီး #COVID-19

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post