• Follow Us on
Latest News

Home ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးပေးထားသည့်ချေးငွေများ ပြန်ဆပ်ရန် ကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်များထံ အကြောင်းကြား

ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးပေးထားသည့်ချေးငွေများ ပြန်ဆပ်ရန် ကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်များထံ အကြောင်းကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၆ (People Media)

 

ကိုဗစ် ၁၉ ရန်ပုံငွေမှ ထုတ်ချေးပေးထားသည့်ချေးငွေများပြန်ဆပ်ရန် စီးပွားရေးလုပ်ငန်းရှင်ထံ အကြောင်း ကြားလိုက်ကြောင်း ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်များထံ အကြောင်းကြားထားသည်။

 

ကိုဗစ် ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများကုစားရေးလုပ်ငန်းကော်မတီသည် ကိုဗစ် ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားနေရသည့် စီးပွားရေးလုပ်ငန်းများသို့ မြန်မာစီးပွားရေးဘဏ်မှ တစ်ဆင့် ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်၍ အတိုးနှုန်း သက်သာသောချေးငွေများကို အသုတ်လိုက် ထုတ်ချေး ခဲ့ကြောင်း၊ ချေးငွေအတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချေးငွေများအား ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်ငန်း များ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် နစကကောင်စီ၏ လမ်းညွန်မှုဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဤလုပ်ငန်းကော်မတီက ကြေညာချက်ထုတ်ပြန်၍ ချေးငွေ ပြန်ဆပ်ရန်ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ် ၁၉ ရန်ပုံငွေမှ ချေးငွေများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ချေးထားသည့်ချေးငွေများ ဖြစ်၍ ချေးငွေရယူထားသူလုပ်ငန်းရှင်များသည် သတ်မှတ်သက်တမ်းစေ့ရောက်ပါက မပျက်မကွက် ပြန်လည် ပေးဆပ်ရန် လိုအပ်ကြောင်း သိရသည်။

 

ယခုအခါ ချေးငွေရယူထားသော လုပ်ငန်းရှင်များထံ ချေးငွေပြန်ဆပ်ကြရန် အကြောင်းကြားပေးသွားမည် ဖြစ်ပြီး၊ အကြောင်းကြားစာရသည်နှင့် မြန်မာ့စီးပွားရေးဘဏ်များမှ ပြန်လည်ပေးဆပ်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ် ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများကုစားရေးလုပ်ငန်းကော်မတီ၏ ရန်ပုံငွေ က ချေးငွေသက်တမ်းကို (၆) လ တိုးမြှင့်ပေးထားသည့်အတွက် ချေးငွေထုတ်ယူတဲ့ နေ့မှ (၁) နှစ်၊ (၆) လ ပြည့်သည့်ရက်တွင် အရင်းနှင့် အတိုးကို မြန်မာ့စီးပွားရေးဘဏ်သို ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်းနည်း၊ ငွေလွှဲနည်း၊ အီလက်ထရောနစ်နည်းတိုဖြင့် တစ်ပေါင်းတည်း အကြေပေးဆပ်ကြရမည်ဖြစ်ကြောင်း ကိုဗစ် ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများကုစားရေးလုပ်ငန်းကော်မတီ၏ အကြောင်းကြား စာအရ သိရသည်။

 

Photo – SME ချေးငွေ လျောက်ထားသည့် လုပ်ငန်းရှင်များ

 

#PeopleMedia #COVIDချေးငွေ

 

(unicode)


……………………………………………………………………………….

 


 


 


 


 


 


 


 


 



Share this post