• Follow Us on

Home ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဝယ်ယူရန်အတွက် နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဝယ်ယူရန်အတွက် နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူရန်အတွက် နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ နောက်ဆုံးနေ့နှင့် ညီလာခံပိတ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ ဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံတွေ လှူဒါန်းမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း လှူဒါန်းခဲ့တဲ့အတွက် ကာကွယ်ဆေးဝယ်ယူမှုက ၄၅ သန်း Doses၊ လှူဒါန်းမှုက ၁၇ သန်း Doses၊ စုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်ပါတယ်။ ဒါအပြင် ပြည်တွင်းထုတ်လုပ်မှုက ရရှိလာမယ့် ကာကွယ်ဆေးတွေကိုလည်း ဆက်လက် အသုံးပြုသွားမှာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ၄၅ သန်း Doses ထိုးနှံပြီးဖြစ်၍ ထိုးနှံရမည့် မြေပြင်ရှိလူဦးရေ၏ (၆၀%)ကျော် ထိုးနှံပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအပါအဝင် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က လက်တွေ့ကျကျမြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်နှင့် လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဟု လမ်းညွှန်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ပြောသည်။

 

ယခုဖြစ်ပွားလျက်ရှိသည့် ရောဂါဖြစ်ပွားမှုလှိုင်းများတွင် ရောဂါကြောင့်သေဆုံးရမှုများကို သုံးသပ်ချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားပါက သေဆုံးသည့်နှုန်း သိသာစွာလျော့ကျသည်ကို တွေ့ရှိရ ကြောင်း၊ သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post