• Follow Us on

Home ကိုဗစ္-၁၉ ေရာဂါကို ေအာင္ျမင္စြာ ထိန္းခ်ဳပ္နိုင္ခဲ့ဟု ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္ ေျပာ

ကိုဗစ္-၁၉ ေရာဂါကို ေအာင္ျမင္စြာ ထိန္းခ်ဳပ္နိုင္ခဲ့ဟု ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္ ေျပာ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၈(PeopleMedia)
 
ေတာင္ကိုရီးယားနိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို ထိန္းခ်ဳပ္နိုင္ခဲ့ေၾကာင္း သမၼတ မြန္ေဂ်အင္က ေျပာၾကားခဲ့ၿပီး ဗိုင္းရပ္စ္ေဘးသင့္ တိုင္းျပည္၏စီးပြားေရး ျပန္လည္နလန္ထူေစရန္ ဘတ္ဂ်က္တိုးျမႇင့္သုံးစြဲရန္ ႀကိဳးပမ္းလိုက္သည္။
 
ယေန႔က်င္းပသည့္ လႊတ္ေတာ္သို႔မိန႔္ခြန္းေျပာၾကားရာတြင္ ဘတ္ဂ်က္ ၈ ဒသမ ၅ ရာခိုင္ႏႈန္း တိုးျမႇင့္ ျခင္းျဖင့္ လာမည့္ႏွစ္တြင္ အစိုးရ၏ ဘ႑ာေရးအခန္းက႑ အားေကာင္းလာေစရန္ သမၼတ မြန္ေဂ်အင္က ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
 
ေတာင္ကိုရီးယားနိုင္ငံ၏ ဗိုင္းရပ္စ္ကပ္ေရာဂါ တိုက္ဖ်က္ေရးတြင္ တက္ႂကြေသာတုံ႔ျပန္မႈက ျပည္တြင္း၌ သမၼတ မြန္ေဂ်အင္၏ နိုင္ငံေရးပုံရိပ္ကို ျမႇင့္တင္ေပးၿပီး ကပ္ေဘးေၾကာင့္ျဖစ္ေပၚေသာ စီးပြားေရးက်ဆင္းမႈမွ အ ေကာင္းဘက္သို႔ဦးတည္လာမည္ဟူေသာ ေမၽွာ္မွန္းခ်က္ျဖစ္ေစခဲ့သည္။
 
“ဘ႑ာေရးဆိုင္ရာမူဝါဒရဲ့ တက္ႂကြတဲ့အခန္းက႑ကို အားေပးျခင္းအားျဖင့္ ဒီအက်ပ္အတည္းကို ကၽြန္ ေတာ္တို႔ ျမန္ဆန္စြာ ေက်ာ္ျဖတ္နိုင္မွာျဖစ္ပါတယ္” ဟု မြန္ေဂ်အင္က ေျပာသည္။
 
ယခုအခ်ိန္မွာ စီးပြားေရးအရ အေကာင္းဘက္သို႔ဦးတည္ရမည့္အခ်ိန္ျဖစ္ၿပီး ၄င္းက ေျပာၾကားလိုက္ၿပီး ေတာင္ကိုရီးယားနိုင္ငံက ဗိုင္းရပ္စ္ကူးစက္မႈ ျပန္လည္ျမင့္တက္လာမႈအႏၲရာယ္မ်ား ၾကဳံေတြ႕ေနရဆဲျဖစ္ေၾကာင္း သတိေပးလိုက္သည္။ စက္တင္ဘာလအထိ ပထမသုံးလအတြင္း ဂ်ီဒီပီက ၁ ဒသမ ၉ ရာခိုင္ႏႈန္း တိုးတက္လာခဲ့ ေၾကာင္း ၄င္းက ဆိုသည္။
 
ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူေသဆုံးမႈႏႈန္းတြင္ ေတာင္ကိုရီးယားနိုင္ငံက အျခားဖြံ့ၿဖိဳးၿပီးနိုင္ငံမ်ားထက္ ပိုမို နည္းပါးခဲ့ၿပီး ယေန႔အထိ ေသဆုံးသူ ၄၆၀ ဦးခန႔္သာရွိေၾကာင္း သိရသည္။
 
ပို႔ကုန္တင္ပို႔မႈ၊ ေငြေၾကးပံ့ပိုးမႈအစီအမံမ်ားႏွင့္ ကိုရိုနာဗိုင္းရပ္စ္ ေအာင္ျမင္စြာ ထိန္းခ်ဳပ္နိုင္မႈေၾကာင့္ ေတာင္ကိုရီးယားနိုင္ငံက အျခားဖြံ့ၿဖိဳးၿပီးနိုင္ငံမ်ားထက္ စီးပြားေရးက်ဆင္းမႈမွ ျပန္လည္သက္သာလာသည္။
 
ကိုးကား – ဘလြန္းဘ့ဂ္
 
Ref; South Korea’s Moon says virus has been contained
 
(unicode)
ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ဟု တောင်ကိုရီးယား သမ္မတ မွန်ဂျေအင် ပြော
………………………………………………………..
 
နိုင်ငံတကာ၊ အောက်တိုဘာ ၂၈(PeopleMedia)
 
တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သမ္မတ မွန်ဂျေအင်က ပြောကြားခဲ့ပြီး ဗိုင်းရပ်စ်ဘေးသင့် တိုင်းပြည်၏စီးပွားရေး ပြန်လည်နလန်ထူစေရန် ဘတ်ဂျက်တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းလိုက်သည်။
 
ယနေ့ကျင်းပသည့် လွှတ်တော်သို့မိန့်ခွန်းပြောကြားရာတွင် ဘတ်ဂျက် ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့် ခြင်းဖြင့် လာမည့်နှစ်တွင် အစိုးရ၏ ဘဏ္ဍာရေးအခန်းကဏ္ဍ အားကောင်းလာစေရန် သမ္မတ မွန်ဂျေအင်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
 
တောင်ကိုရီးယားနိုင်ငံ၏ ဗိုင်းရပ်စ်ကပ်ရောဂါ တိုက်ဖျက်ရေးတွင် တက်ကြွသောတုံ့ပြန်မှုက ပြည်တွင်း၌ သမ္မတ မွန်ဂျေအင်၏ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ပေးပြီး ကပ်ဘေးကြောင့်ဖြစ်ပေါ်သော စီးပွားရေးကျဆင်းမှုမှ အ ကောင်းဘက်သို့ဦးတည်လာမည်ဟူသော မျှော်မှန်းချက်ဖြစ်စေခဲ့သည်။
 
“ဘဏ္ဍာရေးဆိုင်ရာမူဝါဒရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကို အားပေးခြင်းအားဖြင့် ဒီအကျပ်အတည်းကို ကျွန် တော်တို့ မြန်ဆန်စွာ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်” ဟု မွန်ဂျေအင်က ပြောသည်။
 
ယခုအချိန်မှာ စီးပွားရေးအရ အကောင်းဘက်သို့ဦးတည်ရမည့်အချိန်ဖြစ်ပြီး ၄င်းက ပြောကြားလိုက်ပြီး တောင်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာမှုအန္တရာယ်များ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သတိပေးလိုက်သည်။ စက်တင်ဘာလအထိ ပထမသုံးလအတွင်း ဂျီဒီပီက ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း ၄င်းက ဆိုသည်။
 
ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုနှုန်းတွင် တောင်ကိုရီးယားနိုင်ငံက အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမို နည်းပါးခဲ့ပြီး ယနေ့အထိ သေဆုံးသူ ၄၆၀ ဦးခန့်သာရှိကြောင်း သိရသည်။
 
ပို့ကုန်တင်ပို့မှု၊ ငွေကြေးပံ့ပိုးမှုအစီအမံများနှင့် ကိုရိုနာဗိုင်းရပ်စ် အောင်မြင်စွာ ထိန်းချုပ်နိုင်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် စီးပွားရေးကျဆင်းမှုမှ ပြန်လည်သက်သာလာသည်။
 
ကိုးကား – ဘလွန်းဘ့ဂ်
 
Ref; South Korea’s Moon says virus has been contained

Share this post