• Follow Us on

Home ကိုဗစ္-၁၉ ေရာဂါ ကုသရန္ Remdisivir ေဆးကို FDA အတည္ျပဳ

ကိုဗစ္-၁၉ ေရာဂါ ကုသရန္ Remdisivir ေဆးကို FDA အတည္ျပဳ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၃
 
ဗိုင္းရပ္စ္ကုသေဆးျဖစ္သည့္ Remdisivir ေဆးကို လက္ေတြ႕စမ္းသပ္မႈအမ်ိဳးမ်ိဳးအေပၚ အေျခခံၿပီးေနာက္ ကိုဗစ္-၁၉ ေရာဂါအတြက အေရးေပၚ ကုသရန္ အတည္ျပဳခဲ့ေၾကာင္း အေမရိကန္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာနက ေျပာၾကားခဲ့သည္။
 
အဆိုပါ ေဆးဝါးသည္ အေမရိကန္ျပည္ေထာင္စုတြင္ ပထမဆုံးအတည္ျပဳသည့္ ေဆးဝါးလည္းျဖစ္သည္။
 
အဆိုပါ Remdisivir ေဆးသည္ အသက္၁၂ႏွစ္အထက္ လူငယ္မ်ားအသုံးျပဳရန္အတြက္ အနည္းဆုံး ကိုယ္အေလးခ်ိန္ ကီလိုဂရမ္ ၄၀အထိ ရွိရန္လိုအပ္ၿပီး ကိုဗစ္-၁၉ ေရာဂါကုသရာတြင္ အသုံးျပဳနိုင္ေၾကာင္း FDA က အဂၤါေန႔က ေၾကညာခဲ့သည္။
 
အဆိုပါ Remdisivir ေဆးအား အီဘိုလာေရာဂါကို တိုက္ဖ်က္ရာတြင္ အသုံးျပဳရန္အတြက္ ထုတ္လုပ္ထား ျခင္းျဖစ္သည္။
 
ေမလအတြင္းလ ကိုရိုနာဗိုင္းရပ္စ္ကုသရာတြင္ အေရးေပၚ အသုံးျပဳရန္ အေမရိကန္နိုင္ငံ FDA က ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။
 
အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနမွသုေတသီမ်ား ဦး ေဆာင္ေသာအဖြဲ႕ႏွင့္ အျခားအဖြဲ႕မ်ား သည္လက္ေတြ႕စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ Remdisivir ေဆးက ကိုဗစ္-၁၉ ေရာဂါကုသရာတြင္ ျပန္လည္နာလန္ထူရန္ အခ်ိန္ကုန္သက္သာေစသည္ဟု ေမၽွာ္လင့္ရေၾကာင္း ၎တို႔က ေျပာၾကားခဲ့သည္။
 
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ဗိုင္းရပ္စ္ ကူးစက္ခံရစဥ္အတြင္း အဆိုပါ ေဆးဝါးျဖင့္ ကုသမႈေပးခဲ့သည္။
 
Remdisivir ေဆးသည္ ကိုဗစ္-၁၉ လူနာမ်ား၏ ေသဆုံးမႈႏႈန္း (သို႔မဟုတ္) ေဆး႐ုံတက္ရန္ၾကာရွည္မႈအေပၚ အနည္းငယ္သာအက်ိဳးသက္ေရာက္မႈရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕က ေျပာၾကားခဲ့သည္။
 
ကိုးကား – အန္အိတ္ခ်္ေက
 
Ref; FDA approves remdesivir as COVID-19 drug
 
(unicode)
ကိုဗစ်-၁၉ ရောဂါ ကုသရန် Remdisivir ဆေးကို FDA အတည်ပြု
…………………………………………….
 
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
 
ဗိုင်းရပ်စ်ကုသဆေးဖြစ်သည့် Remdisivir ဆေးကို လက်တွေ့စမ်းသပ်မှုအမျိုးမျိုးအပေါ် အခြေခံပြီးနောက် ကိုဗစ်-၁၉ ရောဂါအတွက အရေးပေါ် ကုသရန် အတည်ပြုခဲ့ကြောင်း အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ပြောကြားခဲ့သည်။
 
အဆိုပါ ဆေးဝါးသည် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအတည်ပြုသည့် ဆေးဝါးလည်းဖြစ်သည်။
 
အဆိုပါ Remdisivir ဆေးသည် အသက်၁၂နှစ်အထက် လူငယ်များအသုံးပြုရန်အတွက် အနည်းဆုံး ကိုယ်အလေးချိန် ကီလိုဂရမ် ၄ဝအထိ ရှိရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါကုသရာတွင် အသုံးပြုနိုင်ကြောင်း FDA က အင်္ဂါနေ့က ကြေညာခဲ့သည်။
 
အဆိုပါ Remdisivir ဆေးအား အီဘိုလာရောဂါကို တိုက်ဖျက်ရာတွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထား ခြင်းဖြစ်သည်။
 
မေလအတွင်းလ ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် အရေးပေါ် အသုံးပြုရန် အမေရိကန်နိုင်ငံ FDA က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
 
အမေရိကန်အမျိုးသားကျန်းမာရေးဌာနမှသုတေသီများ ဦး ဆောင်သောအဖွဲ့နှင့် အခြားအဖွဲ့များ သည်လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် Remdisivir ဆေးက ကိုဗစ်-၁၉ ရောဂါကုသရာတွင် ပြန်လည်နာလန်ထူရန် အချိန်ကုန်သက်သာစေသည်ဟု မျှော်လင့်ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဗိုင်းရပ်စ် ကူးစက်ခံရစဉ်အတွင်း အဆိုပါ ဆေးဝါးဖြင့် ကုသမှုပေးခဲ့သည်။
 
Remdisivir ဆေးသည် ကိုဗစ်-၁၉ လူနာများ၏ သေဆုံးမှုနှုန်း (သို့မဟုတ်) ဆေးရုံတက်ရန်ကြာရှည်မှုအပေါ် အနည်းငယ်သာအကျိုးသက်ရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
 
ကိုးကား – အန်အိတ်ချ်ကေ
 
Ref; FDA approves remdesivir as COVID-19 drug

Share this post