• Follow Us on

Home ကိုဗစ္-၁၉ Positive လူနာ၏ ဓာတ္ခြဲအေျဖအား အတည္ျပဳရန္ ခက္ခဲေသာေၾကာင့္ လုံးခင္းတိုက္နယ္ေဆး႐ုံကို ေလာ့ေဒါင္းခ်

ကိုဗစ္-၁၉ Positive လူနာ၏ ဓာတ္ခြဲအေျဖအား အတည္ျပဳရန္ ခက္ခဲေသာေၾကာင့္ လုံးခင္းတိုက္နယ္ေဆး႐ုံကို ေလာ့ေဒါင္းခ်

Share this post

ဖားကန္႔၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕၊ လုံးခင္းေက်းရြာအုပ္စု တိုက္နယ္ေဆး႐ုံကို ယာယီေလာ့ေဒါင္းခ်ထားေၾကာင္း လုံးခင္းတိုက္နယ္ေဆး႐ုံႀကီးမွ သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၁၇) ေန႔ ညပိုင္းက လုံးခင္းတိုက္နယ္ ေဆး႐ုံတြင္ ကိုဗစ္-၁၉ Positive အေျဖထြက္ထား လူနာတစ္ဦးမွာ Positive လူနာအျဖစ္ အတည္ျပဳရန္ ခက္ခဲေနၿပီး ထပ္မံဓာတ္ခြဲ အတည္ျပဳရန္ လိုအပ္ေနေသာ ေၾကာင့္ ေဆး႐ုံကို ယခုကဲ့သို႔ ေလာ့ေဒါင္း ခ်ထားရျခင္းျဖစ္ေၾကာင္း လုံးခင္းတိုက္နယ္ေဆး႐ုံက ေဒါက္တာ ေက်ာ္မ်ိဳးထြန္းက ဆိုသည္။
“ေလာ့ေဒါင္းခ်တာ ယာယီပဲ ခဏပါပဲ ညတုန္းက ေတြ႕တဲ့ Positive လူနာကိစၥပါ positive ဆိုေပမယ့္ သူက အရမ္းႀကီး ထင္ထင္ရွားရွားႀကီးမဟုတ္ေတာ့ ကၽြန္ေတာ္တို႔က ထပ္မံၿပီး ဓာတ္ခြဲအတည္ျပဳဖို႔လိုတာေပါ့။ ဒါေၾကာင့္ သူ႔ရဲ႕ အေၿဖထြက္မွပဲ Negative ဆိုရင္ေတာ့ မခ်ပါဘူး ယာယီပါပဲ ဒီတစ္ရက္ႏွစ္ရက္အေတာ အတြင္းပါပဲ သူ႔ရဲ႕ အေျဖအတည္ျပဳတဲ့အထိပဲ ေလာ့ေဒါင္းခ်မွာပါ” ဟု ေဒါက္တာေက်ာ္မ်ိဳးထြန္းကေျပာသည္။
ယခုကဲ့သို႔ ေလာ့ေဒါင္းခ်လိုက္ျခင္းေၾကာင့္ ယင္းေဆး႐ုံတြင္ လက္ရွိကုသေနသည့္ လူနာမ်ားကိုသာ ေဆးကု သမႈေပးမည္ျဖစ္ၿပီး ေလာ့ေဒါင္းကာလေရာက္လာမည့္လူနာမ်ားကိုမူ လက္ခံကုသေပးမည္မဟုတ္ေၾကာင္း သိရသည္။
လုံးခင္းေက်းအုပ္အတြင္း ကိုဗစ္ ၁၉ ေရာဂါ အတည္ျပဳလူနာ မ်ားျပားလာတာေၾကာင့္ ယင္းေက်းရြာအုပ္စုကို ဒီဇင္ဘာ(၁၃) ရက္မွ စတင္ကာ အဝင္အထြက္ ကန္႔သတ္ထားသည့္ေနရာ (Lock Down) ဧရိယာအျဖစ္ ျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက သတ္မွတ္ထားသည္။
သတင္း – လြမ္းေအာင္
ဓါတ္ပုံ – ေနာေနာ္(ဖားကန္႔)
#PeopleMedia #COVID19 #ဖားကန႔္ၿမိဳ႕
(unicode)
ကိုဗစ်-၁၉ Positive လူနာ၏ ဓာတ်ခွဲအဖြေအား အတည်ပြုရန် ခက်ခဲသောကြောင့် လုံးခင်းတိုက်နယ်ဆေးရုံကို လော့ဒေါင်းချ
………………………………………………………………….
ဖားကန့်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု တိုက်နယ်ဆေးရုံကို ယာယီလော့ဒေါင်းချထားကြောင်း လုံးခင်းတိုက်နယ်ဆေးရုံကြီးမှ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၇) နေ့ ညပိုင်းက လုံးခင်းတိုက်နယ် ဆေးရုံတွင် ကိုဗစ်-၁၉ Positive အဖြေထွက်ထား လူနာတစ်ဦးမှာ Positive လူနာအဖြစ် အတည်ပြုရန် ခက်ခဲနေပြီး ထပ်မံဓာတ်ခွဲ အတည်ပြုရန် လိုအပ်နေသော ကြောင့် ဆေးရုံကို ယခုကဲ့သို့ လော့ဒေါင်း ချထားရခြင်းဖြစ်ကြောင်း လုံးခင်းတိုက်နယ်ဆေးရုံက ဒေါက်တာ ကျော်မျိုးထွန်းက ဆိုသည်။
“လော့ဒေါင်းချတာ ယာယီပဲ ခဏပါပဲ ညတုန်းက တွေ့တဲ့ Positive လူနာကိစ္စပါ positive ဆိုပေမယ့် သူက အရမ်းကြီး ထင်ထင်ရှားရှားကြီးမဟုတ်တော့ ကျွန်တော်တို့က ထပ်မံပြီး ဓာတ်ခွဲအတည်ပြုဖို့လိုတာပေါ့။ ဒါကြောင့် သူ့ရဲ့ အဖြေထွက်မှပဲ Negative ဆိုရင်တော့ မချပါဘူး ယာယီပါပဲ ဒီတစ်ရက်နှစ်ရက်အတော အတွင်းပါပဲ သူ့ရဲ့ အဖြေအတည်ပြုတဲ့အထိပဲ လော့ဒေါင်းချမှာပါ” ဟု ဒေါက်တာကျော်မျိုးထွန်းကပြောသည်။
ယခုကဲ့သို့ လော့ဒေါင်းချလိုက်ခြင်းကြောင့် ယင်းဆေးရုံတွင် လက်ရှိကုသနေသည့် လူနာများကိုသာ ဆေးကု သမှုပေးမည်ဖြစ်ပြီး လော့ဒေါင်းကာလရောက်လာမည့်လူနာများကိုမူ လက်ခံကုသပေးမည်မဟုတ်ကြောင်း သိရသည်။
လုံးခင်းကျေးအုပ်အတွင်း ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ များပြားလာတာကြောင့် ယင်းကျေးရွာအုပ်စုကို ဒီဇင်ဘာ(၁၃) ရက်မှ စတင်ကာ အဝင်အထွက် ကန့်သတ်ထားသည့်နေရာ (Lock Down) ဧရိယာအဖြစ် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားသည်။
သတင်း – လွမ်းအောင်
ဓါတ်ပုံ – နောနော်(ဖားကန့်)
#PeopleMedia #COVID19 #ဖားကန့်မြို့


Share this post