• Follow Us on

Home ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံတွင် အရည်ဖြည့်ထုပ်ပိုးထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း တရုတ်သံ အမတ်ကြီး ပြောကြား

ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံတွင် အရည်ဖြည့်ထုပ်ပိုးထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း တရုတ်သံ အမတ်ကြီး ပြောကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၄ (People Media)

 

ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံတွင် အရည်ဖြည့်ထုပ်ပိုးထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောကြားလိုက်သည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovad ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်း အနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ တို့သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် Air china လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ လှူဒါန်း ပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက် ရောက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ယခုအခါတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ Vaccine ထိုးနှံရန် သတ်မှတ်ထားသော ဦးတည်အုပ်စုအသီးသီးကို ကာကွယ်ဆေးထိုးနှံနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေး၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ မြှင့်တင်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကျန်းမာရေးဝန်ကြီးဌာနမှ  ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ကြီးမားသည့် ကြိုးပမ်းဆောင်ရွက်မှုများအတွက် လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅၀ ရာခိုင်နှုန်းရရှိရေး၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းရေး ရည်မှန်းချက်ဖော် ဆောင်ရာတွင် အဆွေတော်နဲ့အတူ ရင်းနှီးစွာချိတ်ဆက်ပြီး တရုတ်နိုင်ငံမှ တတ်စွမ်းသမျှ ကူညီပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ပြည်တွင်းလိုအပ်ချက်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ စက်မှုဝန်ကြီး ဌာနနှင့်  ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာပံ့ပိုးမှုဖြင့် Ready to Fill Bulk (RTF) စနစ်အသုံးပြုကာ ထုတ်လုပ်ရန် ပြင်ဆင်နေမှုများအား ရှေ့ဆက်၍ အောင်မြင်စွာ လုပ် ဆောင်နိုင်ရန်နှင့် ဆက်လက်ကူညီပံ့ပိုးပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #တရုတ် #မြန်မာ

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post