• Follow Us on

Home ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံ၌ ထုတ်လုပ်မှုကို စောလျင်စွာဖော်ဆောင်၍ မြန်မာနိုင်ငံပြည်သူများ ကျန်း မာရေးဘေးကင်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံ၌ ထုတ်လုပ်မှုကို စောလျင်စွာဖော်ဆောင်၍ မြန်မာနိုင်ငံပြည်သူများ ကျန်း မာရေးဘေးကင်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (People Media)

 

ကိုဗစ်-၁၉ Vaccine ကို မြန်မာနိုင်ငံ၌ ထုတ်လုပ်မှုကို စောလျင်စွာဖော်ဆောင်၍ မြန်မာနိုင်ငံပြည်သူများ ကျန်း မာရေးဘေးကင်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောသည်။

 

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည် စီးပွားရေးအသွင်ကူးပြောင်းသည့် အရေးပါကာလတွင် ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအတွေ့အကြုံများ ကူး လူးဖလှယ်ကာ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများ မျှဝေလိုပြီး မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီအားပေးကာ တရုတ်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်မှုရလဒ်အား ပိုမိုများပြားသည့် မြန်မာပြည်သူများကို ပိုမိုကောင်းမွန်စွာအကျိုးပြုစေမည်ဖြစ်ကြောင်း ပြောသည်။

 

သံအမတ်ကြီး Mr. Chen Haiက ပထမအချက်သည် နှစ်နိုင်ငံကပ်ရောဂါတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိုမြှင့်တင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine စသည့် လှူဒါန်းမှုများဆက်လက်ပေးအပ်ကာ Vaccine ပူးပေါင်းထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ Sinopharm Group သည် မြန်မာနိုင်ငံနှင့်ဆွေးနွေးတိုင်ပင်လျက်ရှိပြီး ကိုဗစ်-၁၉ Vaccine အား မြန်မာနိုင်ငံ တွင်ထုတ်လုပ်မှုကို စောလျင်စွာဖော်ဆောင်၍ မြန်မာနိုင်ငံပြည်သူများ ကျန်းမာရေးဘေးကင်းမှုကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ ပြောကြားသည်။

 

ဒုတိယအချက်သည် မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးခြင်းဖြစ်ကြောင်း၊ တ ရုတ်နိုင်ငံသည် ၎င်း၏စက်မှုလုပ်ငန်းဖော်ဆောင်မှုအတွေ့အကြုံနှင့် ခေတ်မီသင့်တော်သောနည်းပညာများကို မျှဝေသွားလိုပြီး Belt and Road နှင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကံအား အရည်အသွေးမြင့်မြင့် အတူတကွ တည်ဆောက်ကာ မြန်မာနိုင်ငံစက်မှုလုပ်ငန်း ဖော်ဆောင်မှုဖြစ်စဉ်အား အရှိန်မြှင့်တင်သွားလိုကြောင်း၊ တတိ ယအချက်အနေဖြင့် စွမ်းရည်တည်ဆောက်မှုပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ခြင်းဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် သည် ပညာရှင်များစေလွှတ်ခြင်း၊ လုပ်ငန်းသင်တန်းကျောင်းတည်ဆောက်ခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်း သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #တရုတ်-မြန်မာ

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post