• Follow Us on

Home ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဲခေါင်နိုင်ငံများအတွက် ဦးစားပေးမည်ဟု တရုတ်နိုင်ငံ ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဲခေါင်နိုင်ငံများအတွက် ဦးစားပေးမည်ဟု တရုတ်နိုင်ငံ ပြော

Share this post

သြဂုတ် ၂၄

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ပြီး အသုံးပြုပါက မဲခေါင်နိုင်ငံများအတွက် ဦးစားပေးထောက်ပံ့မည်ဟု တရုတ်ဝန်ကြီးချုပ် လီခချန်က ယနေ့ ပြောကြားလိုက်သည်။

ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ၏ အစည်းအဝေးတက်ရောက်စဉ် ဝန်ကြီးချုပ် လီခချန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအဖွဲ့ မူဘောင်အရ ပြည်သူများ၏ကျန်းမာရေး မြှင့် တင်ပေးရန် တရုတ်နိုင်ငံက အထူးရန်ပုံငွေများ ထူထောင်မည်ဖြစ်ပြီး မဲခေါင်တိုင်းပြည်များသို့ ကပ်ရောဂါတိုက် ဖျက်ရေး ပစ္စည်းကိရိယာများနှင့် နည်းပညာပံ့ပိုးမှု ဆက်လက်ပြုလုပ်မည်ဟု ၄င်းက ဆိုသည်။

ကမ္ဘာ့နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်မှုတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှု နှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ဆောင်ရွက်မှုကိုပံ့ပိုးရန် မဲခေါင်တိုင်းပြည်များ နှင့် လက်တွဲဆောင်ရွက်လိုသောဆန္ဒရှိပါကြောင်း လီခချန်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံကစတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အဖွဲ့က တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။

လန်ချန်းမြစ်မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကျင်ဟိုင်း-တိဘက်ကုန်းပြင်မြင့်ဒေသတွင် အစပြုစီး ဆင်းသည်။ ပင်လယ်တွင်းသို့ မရောက်ရှိမီ ငါးနိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် အဆိုပါမြစ်ကို မဲခေါင်မြစ်ဟု ခေါ်ဆို ကြသည်။

ကိုးကား ။ ။ ဆင်ဟွာ

Ref; China to prioritize Mekong countries for COVID-19 vaccine

#PeopleMedia

(unicode)
ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဲခေါင်နိုင်ငံများအတွက် ဦးစားပေးမည်ဟု တရုတ်နိုင်ငံ ပြော
……………………………………………………

ဩဂုတ် ၂၄