• Follow Us on

Home ကိုယ္ငါးခ်ဥ္ကိုယ္ခ်ဥ္သည္မဟုတ္ေသာ္လည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ၂၀၂၀ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္အေျခအေနေကာင္းဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းေျပာ

ကိုယ္ငါးခ်ဥ္ကိုယ္ခ်ဥ္သည္မဟုတ္ေသာ္လည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ၂၀၂၀ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္အေျခအေနေကာင္းဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းေျပာ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၈

ကိုယ္ငါးခ်ဥ္ကိုယ္ခ်ဥ္သည္မဟုတ္ေသာ္လည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ၂၀၂၀ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္အေျခအေနေကာင္းဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းကေျပာၾကားလိုက္သည္။

ၾသဂုတ္လ ၈ ရက္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကက်င္းပသည့္ တိုက္႐ိုက္ထုတ္လႊင့္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားသို႔ ပါတီ ဥကၠဌ သူရဦးေရႊမန္းကေျပာသည္။

“၂၀၂၀ေရြးေကာက္ပြဲအတြက္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ၀င္ျပဳိင္မဲ့ကိုယ္စားလွယ္ေလာင္းေတြက တပ္မေတာ္က အၿငိမ္းစား လည္းပါပါတယ္။ DSAေက်ာင္းဆင္းပါပဲ။ ေနာက္၀န္ထမ္းျဖစ္ခဲ့ဖူးသူလည္း ပါတယ္။မျဖစ္ခဲ့သူလည္းပါတယ္။ ဒါေပမဲ့ ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္တာေတာ့မဟုတ္ပါဘူး။ ၂၀၂၀ အတြက္ ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ UBP ကအေျခအေနေကာင္းပါတယ္။ ၂၀၁၅ တုန္းကအေျခအေနနဲ႔ ၂၀၂၀ အေျခအေနကတူမွာမဟုတ္ပါဘူး။ ဒီလိုပဲ ၂၀၁၀ တုန္းကနဲ႔ ၂၀၂၀ အေျခအေနက တူမွာမဟုတ္ပါဘူး’’ဟု ၎ကေျပာသည္။

အဆိုပါ ေနျပည္ေတာ္ေကာင္စီ နယ္ေျမတြင္ ပါတီႀကီးမ်ားျဖစ္သည့္ USDP ပါတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ ခ်ဳပ္ပါတီတို႔ကလည္း၀င္ေရာက္ယွဥ္ျပဳိင္မည္ျဖစ္ေၾကာင္းသိရသည္။

၂၀၂၀ ေရြးေကာက္ပြဲအား ႏို၀င္ဘာ ၈ ရက္တြင္ က်င္းပေပးမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေ ၾကညာထားသည္။

“ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ ဒီေန႔ႏိုင္ငံ့အေရးလုပ္တဲ့အခါမွာ အေရးႀကီးဆုံးက စီးပြားေရး ေကာင္းေအာင္လုပ္ေဆာင္မွာျဖစ္ပါတယ္။ အထူးသျဖင့္ စိုက္ပ်ိဳးေရး ၊ေမြးျမဴေရးသမားေတြ ေကာင္းေအာင္ အလုပ္သမားေတြ လစာေကာင္းေအာင္ အလုပ္လုပ္ခ်င္တဲ့သူေတြအလုပ္ရေအာင္ေဆာင္ရြက္ေပးမယ္’’ဟု သူရဦးေရႊမန္းကထပ္မံေျပာသည္။

#PeopleMedia

(unicode)
ကိုယ်ငါးချဉ်ကိုယ်ချဉ်သည်မဟုတ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအတွက်အခြေအနေကောင်းဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြော
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၈

ကိုယ်ငါးချဉ်ကိုယ်ချဉ်သည်မဟုတ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအတွက်အခြေအနေကောင်းဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားလိုက်သည်။

ဩဂုတ်လ ၈ ရက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကကျင်းပသည့် တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့ ပါတီ ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။

“၂၀၂၀ရွေးကောက်ပွဲအတွက် နေပြည်တော်ကောင်စီနယ်မြေမှာ ဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေက တပ်မတော်က အငြိမ်းစား လည်းပါပါတယ်။ DSAကျောင်းဆင်းပါပဲ။ နောက်ဝန်ထမ်းဖြစ်ခဲ့ဖူးသူလည်း ပါတယ်။မဖြစ်ခဲ့သူလည်းပါတယ်။ ဒါပေမဲ့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး။ ၂၀၂၀ အတွက် နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကအခြေအနေကောင်းပါတယ်။ ၂၀၁၅ တုန်းကအခြေအနေနဲ့ ၂၀၂၀ အခြေအနေကတူမှာမဟုတ်ပါဘူး။ ဒီလိုပဲ ၂၀၁၀ တုန်းကနဲ့ ၂၀၂၀ အခြေအနေက တူမှာမဟုတ်ပါဘူး’’ဟု ၎င်းကပြောသည်။

အဆိုပါ နေပြည်တော်ကောင်စီ နယ်မြေတွင် ပါတီကြီးများဖြစ်သည့် USDP ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတို့ကလည်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ေကြညာထားသည်။

“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ဒီနေ့နိုင်ငံ့အရေးလုပ်တဲ့အခါမှာ အရေးကြီးဆုံးက စီးပွားရေး ကောင်းအောင်လုပ်ဆောင်မှာဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး ၊မွေးမြူရေးသမားတွေ ကောင်းအောင် အလုပ်သမားတွေ လစာကောင်းအောင် အလုပ်လုပ်ချင်တဲ့သူတွေအလုပ်ရအောင်ဆောင်ရွက်ပေးမယ်’’ဟု သူရဦးရွှေမန်းကထပ်မံပြောသည်။

#PeopleMedia


Share this post