• Follow Us on

Home ကိုယ္တြင္းအဂၤါမ်ားခိုးထုတ္ေရာင္းစားေနသည့္ တ႐ုတ္ဆရာ၀န္မ်ားကို ေထာင္ဒဏ္က်ခံရန္အမိန္႔ခ်

ကိုယ္တြင္းအဂၤါမ်ားခိုးထုတ္ေရာင္းစားေနသည့္ တ႐ုတ္ဆရာ၀န္မ်ားကို ေထာင္ဒဏ္က်ခံရန္အမိန္႔ခ်

Share this post

ေဘက်င္း၊ ႏို၀င္ဘာ ၂၇

မေတာ္တဆမႈႀကံဳရသူမ်ားထံမွ ကိုယ္တြင္းအဂၤါမ်ားတရားမ၀င္ခိုးထုတ္ေရာင္းစားသျဖင့္ ဆရာ၀န္မ်ားအပါအ၀င္ တ႐ုတ္ႏိုင္ငံမွ လူ ၆ ေယာက္ကို ေထာင္ဒဏ္ခ်မွတ္လိုက္သည္။

တရား၀င္ကိုယ္အဂၤါလွဴဒါန္းမႈျပဳလုပ္ျခင္းဟု ထိခိုက္သူမ်ား၏မိသားစုမ်ားကို သူတို႔က လွည့္ျဖားခဲ့သည္။

၂၀၁၇ ခုႏွစ္ႏွင့္ ၂၀၁၈ ခုႏွစ္အတြင္း အန္းဟြီျပည္နယ္႐ွိေဆး႐ံုတ႐ံုတြင္ လူ ၁၁ ေယာက္၏အသည္းႏွင့္ ေက်ာက္ကပ္မ်ားကို သူတို႔က ဖယ္ထုတ္ခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ကိုယ္တြင္းအဂၤါအစားထိုးရန္သိမ္းဆည္းထားျခင္းျပတ္လပ္မႈ၊ လိုအပ္ခ်က္မျပည့္မီမႈတို႔ႏွင့္ ရင္ဆိုင္ေနရသည္။

ယခုေမွာင္ခိုေရာင္းသူမ်ားတြင္ ေဆး႐ံုမ်ား၏ကိုယ္တြင္းအဂၤါစုေဆာင္းေရးဌာနမ်ားတြင္အလုပ္လုပ္ေသာ ဆရာ ၀န္ႀကီး ၄ ေယာက္ပါ၀င္ေနသည္။

အန္းဟြီျပည္နယ္၊ ေဟြယြမ္ခ႐ိုင္ျပည္သူ႔ေဆး႐ံုတြင္ ယာဥ္တိုက္မႈမ်ားေၾကာင့္ ဦးေႏွာက္ေသြးယိုစီးေနသူမ်ားကို သူတို႔က ပစ္မွတ္ထားခဲ့သည္။

ထိုေဆး႐ံု၏အထူးၾကပ္မတ္ကုသေဆာင္အႀကီးအကဲ ယန္ဆူ႐ွန္းက လူနာ၏မိသားစု၀င္မ်ားကိုခ်ည္းကပ္ၿပီး ကိုယ္တြင္းအဂၤါလွဴဒါန္းလိုျခင္း႐ွိ၊ မ႐ွိေမးျမန္းၿပီးေနာက္ စာ႐ြက္စာတမ္းအတုမ်ားတြင္လက္မွတ္ထိုးခိုင္းသည္။

ေသဆံုးသူကို ညသန္းေခါင္တြင္ေဆး႐ံုမွထုတ္ၿပီး လူနာတင္ကားပံုစံျပင္ဆင္ထားသည့္ဗန္ကားထဲတြင္ ကိုယ္တြင္းအဂၤါမ်ားထုတ္ယူျခင္းျဖစ္သည္။

ထိုကိုယ္တြင္းအဂၤါမ်ားကို အျခားေဆး႐ံုမ်ား၊ လူတေယာက္ခ်င္းထံျပန္ေရာင္းခ်ျခင္းျဖစ္သည္။

Ref : Chinese doctors jailed for illegal organ harvesting

#PeopleMedia

(unicode)
ကိုယ်တွင်းအင်္ဂါများခိုးထုတ်ရောင်းစားနေသည့် တရုတ်ဆရာဝန်များကို ထောင်ဒဏ်ကျခံရန်အမိန့်ချ
………………………………………………..

ဘေကျင်း၊ နိုဝင်ဘာ ၂၇

မတော်တဆမှုကြုံရသူများထံမှ ကိုယ်တွင်းအင်္ဂါများတရားမဝင်ခိုးထုတ်ရောင်းစားသဖြင့် ဆရာဝန်များအပါအဝင် တရုတ်နိုင်ငံမှ လူ ၆ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်သည်။

တရားဝင်ကိုယ်အင်္ဂါလှူဒါန်းမှုပြုလုပ်ခြင်းဟု ထိခိုက်သူများ၏မိသားစုများကို သူတို့က လှည့်ဖြားခဲ့သည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အန်းဟွီပြည်နယ်ရှိဆေးရုံတရုံတွင် လူ ၁၁ ယောက်၏အသည်းနှင့် ကျောက်ကပ်များကို သူတို့က ဖယ်ထုတ်ခဲ့သည်။

တရုတ်နိုင်ငံသည် ကိုယ်တွင်းအင်္ဂါအစားထိုးရန်သိမ်းဆည်းထားခြင်းပြတ်လပ်မှု၊ လိုအပ်ချက်မပြည့်မီမှုတို့နှင့် ရင်ဆိုင်နေရသည်။

ယခုမှောင်ခိုရောင်းသူများတွင် ဆေးရုံများ၏ကိုယ်တွင်းအင်္ဂါစုဆောင်းရေးဌာနများတွင်အလုပ်လုပ်သော ဆရာ ဝန်ကြီး ၄ ယောက်ပါဝင်နေသည်။

အန်းဟွီပြည်နယ်၊ ဟွေယွမ်ခရိုင်ပြည်သူ့ဆေးရုံတွင် ယာဉ်တိုက်မှုများကြောင့် ဦးနှောက်သွေးယိုစီးနေသူများကို သူတို့က ပစ်မှတ်ထားခဲ့သည်။

ထိုဆေးရုံ၏အထူးကြပ်မတ်ကုသဆောင်အကြီးအကဲ ယန်ဆူရှန်းက လူနာ၏မိသားစုဝင်များကိုချည်းကပ်ပြီး ကိုယ်တွင်းအင်္ဂါလှူဒါန်းလိုခြင်းရှိ၊ မရှိမေးမြန်းပြီးနောက် စာရွက်စာတမ်းအတုများတွင်လက်မှတ်ထိုးခိုင်းသည်။

သေဆုံးသူကို ညသန်းခေါင်တွင်ဆေးရုံမှထုတ်ပြီး လူနာတင်ကားပုံစံပြင်ဆင်ထားသည့်ဗန်ကားထဲတွင် ကိုယ်တွင်းအင်္ဂါများထုတ်ယူခြင်းဖြစ်သည်။

ထိုကိုယ်တွင်းအင်္ဂါများကို အခြားဆေးရုံများ၊ လူတယောက်ချင်းထံပြန်ရောင်းချခြင်းဖြစ်သည်။

Ref : Chinese doctors jailed for illegal organ harvesting

#PeopleMedia


Share this post