• Follow Us on

Home ကိုယ်ဝန်ဖျက်ချခွင့်ပြုရန်ဥပဒေပြင်ဆင်ချက်ကို ထိုင်းအထက်လွှတ်တော်ထောက်ခံ

ကိုယ်ဝန်ဖျက်ချခွင့်ပြုရန်ဥပဒေပြင်ဆင်ချက်ကို ထိုင်းအထက်လွှတ်တော်ထောက်ခံ

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုယ်ဝန် ၁၂ ပတ်အထိကာလအတွင်း ကိုယ်ဝန်ဖျက်ချခွင့်ပြုပြီး နောက်ပိုင်းတွင် ဖျက်ချပါက ပြစ်ဒဏ်ပေးမည့် ဥပဒေကို ထိုင်းအထက်လွှတ်တော်က ထောက်ခံမဲပေးခဲ့သည်။

တနင်္လာနေ့ညကလွှတ်တော်အစည်းအဝေးတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ပြစ်မှုအဖြစ်သတ်မှတ်သည့်ဥပဒေ ပြင်ဆင်ချက်ကို ထောက်ခံမဲ ၁၆၆ မဲ၊ ကန့်ကွက်မဲ ၇ မဲဖြင့် ထိုင်းအထက်လွှတ်တော်ကအတည်ပြုပြီး ကျန်းမာရေးဝန်ထမ်းမဟုတ်သူများ၏စည်းကမ်းမဲ့လုပ်ရပ်များကိုဖြေရှင်းရန် အစီအစဉ်ကို ထောက်ခံခဲ့သည်။

ဥပဒေပြင်ဆင်ချက်အရ ကိုယ်ဝန် ၁၂ ပတ်အထိ အချို့အခြေအနေများတွင် ကိုယ်ဝန်ဖျက်ချခွင့်ပြုပြီး ထိုအခြေအနေမဟုတ်ပါက ထောင် ၆ လဖြစ်၊ ဒဏ်ငွေဘတ် ၁၀၀၀၀ ဖြစ်စေ၊ ပြစ်ဒဏ် ၂ ခုစလုံးဖြစ်စေ ကျခံရနိုင်သည်။

ဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်သည် အခြေအနေအရဖြစ်ပြီး ဆရာဝန်များကသာ လုပ်ဆောင်ပေးနိုင်သည်ဟု ထိုင်းအထက်လွှတ်တော်အမတ် ဝန်လော့ တန်ချာနာနူရက်က ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။

သတ်မှတ်ချက်များအရ သန္ဓေသားပုံမှန်မဟုတ်နိုင်ခြင်းဖြစ်စေ၊ မိခင်အသက်အန္တရာယ်ရှိနိုင်သည်ဖြစ်စေ၊ အဓမ္မမှုကြောင့်ကိုယ်ဝန်ရသည်ဖြစ်စေရှိနေပါက ကိုယ်ဝန် ၁၂ ပတ်ကြာပြီးနောက်တွင် အသိအမှတ်ပြုဆရာ ဝန်တယောက်ကခွင့်ပြုမှ ကိုယ်ဝန်ဖျက်ချနိုင်သည်။

Ref : Senate backs amendment allowing early-stage abortions

#PeopleMedia

(unicode)
……………………………………………







Ref : Senate backs amendment allowing early-stage abortions

#PeopleMedia


Share this post