• Follow Us on
Latest News

Home ကိုယ္၀န္ေဆာင္အမ်ိဳးသမီးအပါအ၀င္ ေဒသခံသုံးဦးကို ABSDF အဖြဲ႕မွ ဖမ္းဆီးထား၊ ၎တို ႔ျပန္လည္လြတ္ ေျမာက္ေရးအတြက္ မိသားစု၀င္မ်ားမွ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ ေတာင္းဆို

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးအပါအ၀င္ ေဒသခံသုံးဦးကို ABSDF အဖြဲ႕မွ ဖမ္းဆီးထား၊ ၎တို ႔ျပန္လည္လြတ္ ေျမာက္ေရးအတြက္ မိသားစု၀င္မ်ားမွ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ ေတာင္းဆို

Share this post

ရန္ကုန္၊ေဖေဖာ္ဝါရီ – ၁၉

ကိုယ္၀န္ေဆာင္အမ်ိဳးသမီးအပါအ၀င္ ေဒသခံသုံးဦးအား ဇန္နဝါရီ ၂ ရက္ ည ၇ ခြဲအခ်ိန္ခန့္တြင္ ဝိုင္းေမာ္ၿမိဳ႕ နယ္ နမ့္ဆန္ယန္႐ြာထိပ္တြင္ လက္နက္ကိုင္ေဆာင္ထားေသာ လူငါးဦးမွ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဖမ္းဆီးခံရသူမ်ားမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ႕နယ္၊ ေက်း႐ြာအသီးသီးမွျဖစ္ၿပီး နမ့္ဆန္ ႐ြာတြင္ ဖရဲၿခံလုပ္ကိုင္ရန္ေရာက္ရွိလာေသာ က်ား(၃) ဦး၊ မ (၁) ဦးကို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္။

ဖမ္းဆီးသူမ်ားမွာ ေပ်ာက္ၾကား၀တ္စုံ၀တ္ဆင္ထားၿပီး ၀တ္စုံ၏ဝဲဘက္တံဆိပ္မွာ ဓား(၂)လက္၊ တစ္ဖက္တြင္ ေဒါင္း႐ုပ္အမွတ္တံဆိပ္ပါရွိၿပီး ဇန္နဝါရီ ၁၉ ရက္ေန႕တြင္ မိဘမ်ားမွလိုင္ဇာၿမိဳ႕အေနာက္ဘက္ တြင္ သြားေရာက္ေတြ႕ဆုံစဥ္ ေျပာျပခ်က္အရ ABSDF အဖြဲ႕မွျဖစ္ၿပီး သင္တန္းၿပီးလွ်င္ ျပန္လႊတ္ေပးမည္ဟုေျပာဆိုခဲ့သည္။

လက္ရွိအခ်ိန္တြင္ ABSDFအဖြဲ႕မွ ႏွစ္ဦးျပန္လည္လႊတ္ေပးခဲ့ေသာ္လည္း ကိုယ္ဝန္ေလးလလြယ္ထားရသည့္ အမ်ိဳးသမီးတစ္ဦးအပါအဝင္စုစုေပါင္း သုံးဦးကို ဖမ္းဆီးထားေၾကာင္း ၎တို႔၏ မိသားစုဝင္မ်ားကဆိုသည္။

အဆိုပါ သတင္းျဖစ္စဥ္အေပၚ People Media မွ ABSDF ထံ ဆက္သြယ္ၿပီး ဆက္လက္ေဖာ္ျပမည္။

#PepoleMedia #ABSDF

[Unicode]
ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံသုံးဦးကို ABSDF အဖွဲ့မှ ဖမ်းဆီးထား၊ ၎င်းတို့ပြန်လည်လွတ် မြောက်ရေးအတွက် မိသားစုဝင်များမှ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ တောင်းဆို
………………………………………………………………………

ရန်ကုန်၊ဖေဖော်ဝါရီ – ၁၉

ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံသုံးဦးအား ဇန်နဝါရီ ၂ ရက် ည ၇ ခွဲအချိန်ခန့်တွင် ဝိုင်းမော်မြို့ နယ် နမ့်ဆန်ယန်ရွာထိပ်တွင် လက်နက်ကိုင်ဆောင်ထားသော လူငါးဦးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ကျေးရွာအသီးသီးမှဖြစ်ပြီး နမ့်ဆန် ရွာတွင် ဖရဲခြံလုပ်ကိုင်ရန်ရောက်ရှိလာသော ကျား(၃) ဦး၊ မ (၁) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးသူများမှာ ပျောက်ကြားဝတ်စုံဝတ်ဆင်ထားပြီး ဝတ်စုံ၏ဝဲဘက်တံဆိပ်မှာ ဓား(၂)လက်၊ တစ်ဖက်တွင် ဒေါင်းရုပ်အမှတ်တံဆိပ်ပါရှိပြီး ဇန်နဝါရီ ၁၉ ရက်နေ့တွင် မိဘများမှလိုင်ဇာမြို့အနောက်ဘက် တွင် သွားရောက်တွေ့ဆုံစဉ် ပြောပြချက်အရ ABSDF အဖွဲ့မှဖြစ်ပြီး သင်တန်းပြီးလျှင် ပြန်လွှတ်ပေးမည်ဟုပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ABSDFအဖွဲ့မှ နှစ်ဦးပြန်လည်လွှတ်ပေးခဲ့သော်လည်း ကိုယ်ဝန်လေးလလွယ်ထားရသည့် အမျိုးသမီးတစ်ဦးအပါအဝင်စုစုပေါင်း သုံးဦးကို ဖမ်းဆီးထားကြောင်း ၎င်းတို့၏ မိသားစုဝင်များကဆိုသည်။

အဆိုပါ သတင်းဖြစ်စဉ်အပေါ် People Media မှ ABSDF ထံ ဆက်သွယ်ပြီး ဆက်လက်ဖော်ပြမည်။

#PepoleMedia #ABSDF


Share this post