• Follow Us on

Home ကိုရမ်ကျမ်းကို မလေးမစားပြုလုပ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုးရွားသော အကြမ်းဖက်မှုဖြစ်ပွား

ကိုရမ်ကျမ်းကို မလေးမစားပြုလုပ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုးရွားသော အကြမ်းဖက်မှုဖြစ်ပွား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၅ (People Media)

 

မူဆလင်လွှမ်းမိုးကြီးစိုးသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ဟိန္ဒူဘုရားကျောင်းလေးငါးခု ဖျက်ဆီးခံရစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များကပစ်ခတ်နှိမ်နှင်းခဲ့သည့်အတွက် လူ ၄ ဦးသေဆုံးခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက် (ကြာသာပတေး) နေ့က ရဲတပ်ဖွဲ့ကပြောကြားလိုက်သည်။

 

ဘုရားပွဲတော်တစ်ခုကျင်းပနေစဉ် ဟိန္ဒူဘာသာဝင်များကိုးကွယ်သည့် ဟန်နုမန်ရုပ်တုတစ်ခု၏ ဒူးခေါင်းပေါ် တွင် ကိုရမ်ကျမ်းစာအုပ်ကို တင်ထားခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုနှင့် ပတ်သက်၍ မူဆလင်ဘာသာဝင်များ ဒေါသတ ကြီးတုံ့ပြန်ခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် လူဦးရေ ၅၀၀ ကျော်ဆန္ဒပြခဲ့ရာ ထိန်းမနိုင်သိမ်းမရသည့် အဆိုပါလူအုပ်ကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နှင်းခဲ့ကြသည်။

 

နိုင်ငံတောင်ပိုင်းရှိ ဟဂျီးဂန်မြို့တွင် ဒေါသထွက်နေသောလူအုပ်ကြီးက ဟိန္ဒူဘုရားကျောင်းတစ်ခုကို တိုက်ခိုက် ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ လူလေးဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅ ဦး အပါအဝင်၂၄ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ မီလန်မာမက်က AFP သတင်းဌာနသို့ပြောသည်။ သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းရာတွင် လူလေးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့အင်စပက်တော်တစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။

 

ခရိုင်ခွဲတရားသူကြီးက နယ်မြေအတွင်း လူစုလူဝေးကိုတားဆီးရန် အမိန့်ပေးခဲ့ကြောင်း၊ လူ ၇ ဦးကိုလည်း ဖမ်း ဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရက ဆူပူအကြမ်းဖက်မှုတွင်ပါဝင်သည့်မည်သူ့ကိုမဆို အပြစ်ပေးအရေးယူသွားမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကိုထိန်းသိမ်းရန် အမိန့်ပေးကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားပြီး အကြမ်းဖက် မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ ပြည်သူများအနေဖြင့် ဘာသာရေးသဟဇာတရှိပြီး ငြိမ်း ချမ်းစွာ၊ လုံခြုံစွာနေထိုင်သွားကြရန် အစိုးရက တိုက်တွန်းခဲ့သည်။

 

ကိုရမ်ကျမ်းစာအုပ်ကို မရိုမသေလုပ်ခဲ့သည်ဟူ၍စွပ်စွဲခံထားရသည့်နေရာဖြစ်သော အရှေ့ပိုင်းကျူမီလာမြို့တွင် လည်း ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့အင်စပက်တော် မိုနီယာအာမက်က AFP သတင်းဌာနကိုပြောသည်။

 

“အခြေအနေကတော့ လက်ရှိအချိန်မှာ အေးချမ်းသွားပါပြီ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ရာနဲ့ ချီပြီး တပ်ဖြန့်ချထားပြီးပါပြီ။ အနည်းဆုံး လူ ၄၀ လောက်တော့ အဖမ်းခံလိုက်ရတယ်ဗျ” ဟု ၎င်းကပြောသည်။

 

နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဇာကီဂန်မြို့တွင်လည်း ရဲတပ်ဖွဲ့က ဆန္ဒပြလူဦးရေအများအပြားကို နှိမ်နှင်းခဲ့ရကြောင်း သိရသည်။

 

“လူတချို့နဲ့ ရဲနှစ်ယောက်တော့ ဒဏ်ရာရသွားတယ်။ လူအုပ်ကြီးက ရဲတပ်ဖွဲ့ပိုင်ကားတွေနဲ့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့က ကားတွေကို ဖျက်ဆီးပစ်ကြတယ်။ ကျွန်တော်တို့ နောက်ထပ် ရဲတပ်ဖွဲ့ဝင်တွေကို ထပ်ပြီးတာဝန်ချထား ပါတယ်။” ဟု ဒုတိယရဲတပ်ဖွဲ့အကြီးအကဲ လတ်ဖာရာမန်ကပြောသည်။

 

အာဏာပိုင်များက နိုင်ငံ၏တောင်ပိုင်းမြို့တော်စစ်တကောင်းတွင် လုံခြုံရေးများတိုးမြှင့်ချထားစဉ်အတွင်း နိုင်ငံ၏ မြောက်ပိုင်းကျေးလက်ဒေသခရိုင်မြို့နှစ်မြို့တွင် ဟိန္ဒူနတ်ဘုရားရုပ်တုများနှင့် ဟိန္ဒူဘုရားကျောင်းများ ဖျက်ဆီး ခံခဲ့ရကြောင်း စောင်ရေများစွာထုတ်ဝေသည့် Daily Star သတင်းစာတွင်ဖော်ပြခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ ၁၆၉ သန်းရှိသည့်အနက် နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းရှိသည့် ဟိန္ဒူဘာသာဝင် များမှာ လတ်တလောနှစ်များအတွင်း ကြိုကြားကြိုကြား အကြမ်းဖက်တိုက်ခိုက်မှုများခံနေရပြီး ယင်းအကြမ်း ဖက်တိုက်ခိုက်မှုများမှာ လူမှုကွန်ရက်ပေါ်မှ ကောလာဟလများကြောင့် ဖြစ်ပွားလာရခြင်းဖြစ်ကြောင်းသိသည်။

 

Ref: Deadly violence in Bangladesh over Quran ‘desecration’

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Deadly violence in Bangladesh over Quran ‘desecration’

 

#PeopleMedia


Share this post