• Follow Us on
Latest News

Home ကိုလိုနီအစိုးရ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့သည့္ ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢ ၄ ဦးအဖမ္းခံရ

ကိုလိုနီအစိုးရ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့သည့္ ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢ ၄ ဦးအဖမ္းခံရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၉
ကိုလိုနီအစိုးရအလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့သည့္ ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢေခါင္းေဆာင္ ၄ ဦး ယေန႔တြင္ အဖမ္းခံရေၾကာင္း စစ္ေတြတကၠသိုလ္ေက်ာင္းသားသမဂၢဒုဥကၠ႒ ကိုဘုန္းျပည့္ၿဖိဳးကေျပာပါတယ္။
ရခိုင္ျပည္နယ္တြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနျခင္း၊ မတရားဖမ္းဆီးသတ္ျဖတ္ေနတဲ့အဖြဲ႕အစည္းမ်ားကို လက္မခံျခင္းစေသာအခ်က္မ်ားျဖင့္ ယေန႔ ေန႔လယ္ပိုင္းက လူ ၅၀ ခန္႔ဆႏၵေဖာ္ထုတ္ခဲ့ျခင္းလဲျဖစ္ပါတယ္။
“ဖမ္းဆီးခံရတာ ကၽြန္ေတာ္တို႔ဘက္ကေက်ာင္းသားေခါင္းေဆာင္က ၄ ဦးပါ။ ဒီမိုကေရစီမဲ့ေနတဲ့အစိုးရ တစ္ရပ္က ဒီလိုလုပ္တာမထူးဆန္းေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ယုံၾကည္ခ်က္ပန္းတိုင္ကိုမေရာက္သ၍ေတာ့ ႀကိဳးပမ္းသြားမွာပါ။ ယခုလိုျပဳလုပ္တာကလည္း ျမန္မာနိုင္ငံအစိုးရႏွင္ ့တပ္မေတာ္ကိုရည္ညႊန္းတာပါ”ဟု စစ္ေတြတကၠသိုလ္ေက်ာင္းသားသမဂၢဒုဥကၠ႒ ကိုဘုန္းျပည့္ၿဖိဳးကေျပာပါတယ္။
ယခုလိုျပဳလုပ္ရျခင္းမွာ ရခိုင္ျပည္နယ္တြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ၿပီး မတရားဖမ္းဆီးသတ္ျဖတ္ေနသည့္ အဖြဲ႕အစည္းမ်ားကိုႏွင္ထုတ္လို၍ ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ယေန႔ ေန႔လယ္ပိုင္းက ေက်ာင္းသားမ်ားက ဦးေဆာင္၍ ေက်ာင္းသားႏွင့္ ျပည္ သူမ်ားစြာ ဆႏၵျပခဲ့ၾကသည္။
Photo – ရခိုင္ေက်ာင္းသားသမဂၢ
#PeopleMedia
(unicode)
ကိုလိုနီအစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ၄ ဦးအဖမ်းခံရ
……………………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၁၉
ကိုလိုနီအစိုးရအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ၄ ဦး ယနေ့တွင် အဖမ်းခံရကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးကပြောပါတယ်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်နေခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်နေတဲ့အဖွဲ့အစည်းများကို လက်မခံခြင်းစသောအချက်များဖြင့် ယနေ့ နေ့လယ်ပိုင်းက လူ ၅၀ ခန့်ဆန္ဒဖော်ထုတ်ခဲ့ခြင်းလဲဖြစ်ပါတယ်။
“ဖမ်းဆီးခံရတာ ကျွန်တော်တို့ဘက်ကကျောင်းသားခေါင်းဆောင်က ၄ ဦးပါ။ ဒီမိုကရေစီမဲ့နေတဲ့အစိုးရ တစ်ရပ်က ဒီလိုလုပ်တာမထူးဆန်းတော့ပါဘူး။ ကျွန်တော်တို့ယုံကြည်ချက်ပန်းတိုင်ကိုမရောက်သ၍တော့ ကြိုးပမ်းသွားမှာပါ။ ယခုလိုပြုလုပ်တာကလည်း မြန်မာနိုင်ငံအစိုးရနှင် ့တပ်မတော်ကိုရည်ညွှန်းတာပါ”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးကပြောပါတယ်။
ယခုလိုပြုလုပ်ရခြင်းမှာ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ပြီး မတရားဖမ်းဆီးသတ်ဖြတ်နေသည့် အဖွဲ့အစည်းများကိုနှင်ထုတ်လို၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နေ့လယ်ပိုင်းက ကျောင်းသားများက ဦးဆောင်၍ ကျောင်းသားနှင့် ပြည် သူများစွာ ဆန္ဒပြခဲ့ကြသည်။
Photo – ရခိုင်ကျောင်းသားသမဂ္ဂ
#PeopleMedia


Share this post