• Follow Us on

Home ကိုလံဘီယာ စစ္ဘက္ရဟတ္ယာဉ္ပ်က္က်ရာ ကိုးဦး ေသဆုံး၊ ေျခာက္ဦး ဒဏ္ရာရ

ကိုလံဘီယာ စစ္ဘက္ရဟတ္ယာဉ္ပ်က္က်ရာ ကိုးဦး ေသဆုံး၊ ေျခာက္ဦး ဒဏ္ရာရ

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၂၂

ကိုလံဘီယာ စစ္ဘက္ရဟတ္ယာဉ္တစ္စင္း ပ်က္က်ခဲ့ရာ လူကိုးဦး ေသဆုံးခဲ့ၿပီး ေျခာက္ဦး ဒဏ္ရာရရွိ ခဲ့ေၾကာင္း ကိုလံဘီယာ တပ္မေတာ္က ဇူလိုင္လ ၂၁ ရက္တြင္ ေျပာၾကားခဲ့သည္။

“လူကိုးဦးရဲ႕အေလာင္းေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရွိခဲ့ပါတယ္” ဟု ကိုလံဘီယာတပ္မေတာ္မွ ေျပာေရးဆို ခြင့္ရွိသူတစ္ဦးက တြစ္တာ၌ ေရးသားခဲ့သည္။

လူ ၁၇ ဦးပါ UH-60 ဘလက္ေဟာ့ခ္ ရဟတ္ယာဉ္၏ အပ်က္အစီးမ်ားကို ကိုလံဘီယာႏိုင္ငံအေရွ႕ေတာင္ ပိုင္း အင္နီရီဒါျမစ္တစ္ေလ်ာက္ ဇူလိုင္လ ၂၀ ရက္ အေစာပိုင္းက ေတြ႕ရွိခဲ့သည္။

ရဟတ္ယာဉ္ေပၚ၌ ကိုလံဘီယာတပ္မေတာ္သား ၁၇ ဦး လိုက္ပါလာခဲ့သည္ဟု ရဟတ္ယာဉ္ပ်က္က်ရာ ဧ ရိယာမွ တာဝန္ရွိသူမ်ားက ေျပာၾကားေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက အေစာပိုင္းတြင္ ထုတ္ျပန္ခ်က္တစ္ခု အတြင္း ေျပာၾကားခဲ့သည္။

ဒဏ္ရာရရွိသူမ်ားကို အနီးအနားရွိ ေဆး႐ုံတစ္ခုသို႔ ေဆးကုသမႈမ်ားလုပ္ေဆာင္ရန္ ပို႔ေဆာင္ခဲ့ၿပီး အထူး ကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕က ေပ်ာက္ဆုံးေနသူမ်ားကို ဆက္လက္ရွာေဖြေနေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

အဆိုပါရဟတ္ယာဉ္သည္ မပ်က္က်မီ လက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုကို တိုက္ခိုက္ေခ်မႈန္းသည့္ စစ္ဘက္စစ္ဆင္ေရး တစ္ခုတြင္ ပါဝင္ခဲ့ေၾကာင္း ကိုလံဘီယာတပ္မေတာ္ ကြပ္ကဲေရးဌာန၏ ေျပာၾကားခ်က္အရ သိရ သည္။

ကိုလံဘီယာတပ္မေတာ္၏ ေလေၾကာင္းပ်ံသန္းေရးဌာနက ရဟတ္ယာဉ္ပ်က္က်ရေသာ အေၾကာင္းရင္း စုံစမ္းစစ္ေဆးရန္ အခင္းျဖစ္ရာေနရာသို႔ ကြၽမ္းက်င္သူမ်ား ေစလႊတ္ခဲ့သည္။

ကိုးကား -ဆင္ဟြာ

Ref; Colombia military helicopter crash kills at least 9, injures 6

(unicode)
ကိုလံဘီယာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျရာ ကိုးဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ
………………………………………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၂၂

ကိုလံဘီယာ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူကိုးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ကိုလံဘီယာ တပ်မတော်က ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“လူကိုးဦးရဲ့အလောင်းတွေကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်” ဟု ကိုလံဘီယာတပ်မတော်မှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက တွစ်တာ၌ ရေးသားခဲ့သည်။

လူ ၁၇ ဦးပါ UH-60 ဘလက်ဟော့ခ် ရဟတ်ယာဉ်၏ အပျက်အစီးများကို ကိုလံဘီယာနိုင်ငံအရှေ့တောင် ပိုင်း အင်နီရီဒါမြစ်တစ်လျောက် ဇူလိုင်လ ၂၀ ရက် အစောပိုင်းက တွေ့ရှိခဲ့သည်။

ရဟတ်ယာဉ်ပေါ်၌ ကိုလံဘီယာတပ်မတော်သား ၁၇ ဦး လိုက်ပါလာခဲ့သည်ဟု ရဟတ်ယာဉ်ပျက်ကျရာ ဧ ရိယာမှ တာဝန်ရှိသူများက ပြောကြားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို အနီးအနားရှိ ဆေးရုံတစ်ခုသို့ ဆေးကုသမှုများလုပ်ဆောင်ရန် ပို့ဆောင်ခဲ့ပြီး အထူး ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါရဟတ်ယာဉ်သည် မပျက်ကျမီ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်ချေမှုန်းသည့် စစ်ဘက်စစ်ဆင်ရေး တစ်ခုတွင် ပါဝင်ခဲ့ကြောင်း ကိုလံဘီယာတပ်မတော် ကွပ်ကဲရေးဌာန၏ ပြောကြားချက်အရ သိရ သည်။

ကိုလံဘီယာတပ်မတော်၏ လေကြောင်းပျံသန်းရေးဌာနက ရဟတ်ယာဉ်ပျက်ကျရသော အကြောင်းရင်း စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ရာနေရာသို့ ကျွမ်းကျင်သူများ စေလွှတ်ခဲ့သည်။

ကိုးကား -ဆင်ဟွာ

Ref; Colombia military helicopter crash kills at least 9, injures 6


Share this post