• Follow Us on

Home ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း န-စ-က ထုတ်ပြန်

ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း န-စ-က ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ်ယာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း န-စ-ကမှ ယနေ့ မွန်းလွဲပိုင်းတွင် သတင်း ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက သန်လျင်၊ ထန်းတပင်၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင် ဗားကရာမီးပွိုင့်အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခံရမှု၌ ကိုဖြိုးဇေယျာသော်က စေခိုင်းခဲ့ကြောင်း န-စ-က၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားပါတယ်။

 

ကိုဖြိုးဇေယျာသော်သည် နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ် ယာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907) ၌ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

#PeopleMedia #ကိုဖြိုးဇေယျာသော် #နှင်းဆီအိမ်ယာ

 

(unicode)


……………………………………………………

 


 


 


 


 



Share this post