• Follow Us on

Home ကိုကြီးကျော်ပွဲတော်ကာလ၌ တောင်းရမ်းစားသောက်သူများအားလုံးကို ရှင်းလင်းဖယ်ရှားရန် ရဲအုပ်ဦးဆောင်၍ ကော်မတီဖွဲ့စည်း


Share this post




#PeopleMedia

(Unicode)
ကိုကြီးကျော်ပွဲတော်ကာလ၌ တောင်းရမ်းစားသောက်သူများအားလုံးကို ရှင်းလင်းဖယ်ရှားရန် ရဲအုပ်ဦးဆောင်၍ ကော်မတီဖွဲ့စည်း
……………………………………………………………………

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ နှစ်စဉ်ကျင်းပသည့် ကိုကြီးကျော်ပွဲတော်ကာလ၌ တောင်းရမ်း စား သောက်သူများကို ရှင်းလင်းရန် ရဲအုပ်ဦးဆောင်၍ ကော်မတီဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီတွင် ရဲအုပ်မြင့်စိုး၊ ပခန်းကြီးရဲစခန်း၊ ဦးတင့်လွင်ဦး (ရေပုပ်စုပ်-၁၊ မြို့နယ်စည်ပင်)၊ ဦးစန်းယု ပခန်းငယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဦးမောင်အေး ပခန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးကျော်ဝင်း နန်းဦးအုပ်စု အုပ်ချုပ်ရေးမှူးအပါအဝင် အဆိုပါဒေသရှိ လမ်းဘေးဝဲယာကျေးရွာရှိ အုပ်ချုပ်ရေးမှူးများပါဝင်ကြသည်။

ကိုကြီးကျော်ပွဲတော်ကာလကို ဖေဖော်ဝါရီလကုန်မှ မတ်လအတွင်း ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလ၌ အုပ်ချုပ်ရေးအဖွဲ့သည် တောင်းရမ်းစားသောက်သူများကို နှစ်စဉ်စီမံချက်ဖြင့် ဖမ်းဆီးအရေးယူသော်လည်း နှစ်စဉ်နှစ်တိုင်း တောင်းရမ်းသူများ မြင့်တက်လျက်ရှိသည်။

#PeopleMedia


Share this post