• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးဆန္႔က်င္သည့္အေၾကာင္းအရာမ်ားကို ဖယ္႐ွားမည္မဟုတ္ဟု မာ့က္ ဇက္ကာဘာ့ဂ်္ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးဆန္႔က်င္သည့္အေၾကာင္းအရာမ်ားကို ဖယ္႐ွားမည္မဟုတ္ဟု မာ့က္ ဇက္ကာဘာ့ဂ်္ေျပာ

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၁

COVID-19 ႏွင့္ပတ္သက္၍သတင္းမွားမ်ားကိုဖ်က္ခ်ႏိုင္ရန္လုပ္ေဆာင္ေနေသာ္လည္း ကာကြယ္ေဆး ဆန္႔က်င္ေသာလႈပ္႐ွားမႈမ်ားမွ ကာကြယ္ေဆးမ်ားကိုေ၀ဖန္ေသာအေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ ပိုၿပီးခ်ီတံုခ်တံုျဖစ္ေနေၾကာင္း ေဖ့စ္ဘြတ္ကုမၸဏီအမႈေဆာင္အရာ႐ွိခ်ဳပ္ မာ့က္ ဇက္ကာဘာ့ဂ်္ကေတြ႕ ဆံုေမးျမန္းမႈတစ္ခုတြင္ေျပာသည္။

လူအမ်ားသိထားသည့္လူ႔အသိုက္အ၀န္းကို သူ၏လူမႈကြန္ရက္ပလက္ေဖာင္းက မဖ်က္ဆီးဟုယံုၾကည္ေ ၾကာင္းလည္းေျပာသည္။

Axios သတင္းဌာနႏွင့္ဗုဒၶဟူးေန႔ကေတြ႕ဆံုေမးျမန္းမႈတြင္ ေဖ့စ္ဘြတ္က လူမႈအသိုင္းအဝိုင္းဖ်က္ဆီးမႈမ်ားကို အ႐ွိန္ျမင့္တက္ေစျခင္း႐ွိ၊ မ႐ွိေမးျမန္းရာ ဒီမိုကေရစီကိုယံုၾကည္သည္ထက္ မဖ်က္ဆီးဟုယံုၾကည္ခ်က္ပိုမ်ားၿပီး ယံုၾကည္မႈမွားထားျခင္းမဟုတ္ဟုေမွ်ာ္လင့္ေၾကာင္း မစၥတာ ဇက္ကာဘာ့ဂ်္ကေျဖၾကားသည္။

ကြန္ဆာေဗးတစ္အေၾကာင္းအရာမ်ားသည္ ေဖ့စ္ဘြတ္၏ထင္႐ွားေသာအေၾကာင္းအရာမ်ားတြင္ ထိပ္ဆံုးက႐ွိ ေနေသာ္လည္း လက္ယာယိမ္းပဲ့တင္သံမ်ား႐ွိသည့္အခန္းမဟုတ္ေၾကာင္းလည္း ေျပာသည္။

တစ္ဖက္ယိမ္းအေၾကာင္းအရာမ်ားကို ျမင္ေတြ႕မႈမ်ားေနေသာ္လည္း ထိုအခ်က္သည္ လူအမ်ားစုကျမင္ၿပီး ဖတ္ေနသည္ဟု ကိုယ္စားမျပဳေၾကာင္းလည္းေျပာသည္။

အမုန္းတရားပြားေစေသာအေၾကာင္းအရာမ်ားကို ခြင့္ျပဳမႈေၾကာင့္ လူအမ်ားကေ၀ဖန္ေနၾကခ်ိန္တြင္ ေကာက္ခ်က္ကို မည္သည့္ေနရာတြင္ခ်ရမည္ဆိုသည္မွာ မၾကာခဏခဲယဥ္းေၾကာင္းလည္း ေျပာသည္။

ႏို၀င္ဘာတြင္ျပဳလုပ္မည့္အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္ခင္ ယခုတစ္ပတ္မွစၿပီး ႏိုင္ငံေရးေၾကာ္ျငာသစ္မ်ားကို ပိတ္ပင္သြားမည္ဟု ၿပီးခဲ့သည့္တစ္ပတ္တြင္ ေဖ့စ္ဘြတ္ကေျပာသည္။

Ref : Mark Zuckerberg says he ‘hopes’ Facebook doesn’t destroy society, insists the platform isn’t a conservative echo chamber and he WON’T remove anti-vaxxer content

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဆန့်ကျင်သည့်အကြောင်းအရာများကို ဖယ်ရှားမည်မဟုတ်ဟု မာ့က် ဇက်ကာဘာ့ဂ်ျပြော
…………………………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၁၁

COVID-19 နှင့်ပတ်သက်၍သတင်းမှားများကိုဖျက်ချနိုင်ရန်လုပ်ဆောင်နေသော်လည်း ကာကွယ်ဆေး ဆန့်ကျင်သောလှုပ်ရှားမှုများမှ ကာကွယ်ဆေးများကိုဝေဖန်သောအကြောင်းအရာများနှင့်ပတ်သက်၍ ပိုပြီးချီတုံချတုံဖြစ်နေကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မာ့က် ဇက်ကာဘာ့ဂ်ျကတွေ့ ဆုံမေးမြန်းမှုတစ်ခုတွင်ပြောသည်။

လူအများသိထားသည့်လူ့အသိုက်အဝန်းကို သူ၏လူမှုကွန်ရက်ပလက်ဖောင်းက မဖျက်ဆီးဟုယုံကြည် ေကြာင်းလည်းပြောသည်။

Axios သတင်းဌာနနှင့်ဗုဒ္ဓဟူးနေ့ကတွေ့ဆုံမေးမြန်းမှုတွင် ဖေ့စ်ဘွတ်က လူမှုအသိုင်းအဝိုင်းဖျက်ဆီးမှုများကို အရှိန်မြင့်တက်စေခြင်းရှိ၊ မရှိမေးမြန်းရာ ဒီမိုကရေစီကိုယုံကြည်သည်ထက် မဖျက်ဆီးဟုယုံကြည်ချက်ပိုများပြီး ယုံကြည်မှုမှားထားခြင်းမဟုတ်ဟုမျှော်လင့်ကြောင်း မစ္စတာ ဇက်ကာဘာ့ဂ်ျကဖြေကြားသည်။

ကွန်ဆာဗေးတစ်အကြောင်းအရာများသည် ဖေ့စ်ဘွတ်၏ထင်ရှားသောအကြောင်းအရာများတွင် ထိပ်ဆုံးကရှိ နေသော်လည်း လက်ယာယိမ်းပဲ့တင်သံများရှိသည့်အခန်းမဟုတ်ကြောင်းလည်း ပြောသည်။

တစ်ဖက်ယိမ်းအကြောင်းအရာများကို မြင်တွေ့မှုများနေသော်လည်း ထိုအချက်သည် လူအများစုကမြင်ပြီး ဖတ်နေသည်ဟု ကိုယ်စားမပြုကြောင်းလည်းပြောသည်။

အမုန်းတရားပွားစေသောအကြောင်းအရာများကို ခွင့်ပြုမှုကြောင့် လူအများကဝေဖန်နေကြချိန်တွင် ကောက်ချက်ကို မည်သည့်နေရာတွင်ချရမည်ဆိုသည်မှာ မကြာခဏခဲယဉ်းကြောင်းလည်း ပြောသည်။

နိုဝင်ဘာတွင်ပြုလုပ်မည့်အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် ယခုတစ်ပတ်မှစပြီး နိုင်ငံရေးကြော်ငြာသစ်များကို ပိတ်ပင်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ဖေ့စ်ဘွတ်ကပြောသည်။

Ref : Mark Zuckerberg says he ‘hopes’ Facebook doesn’t destroy society, insists the platform isn’t a conservative echo chamber and he WON’T remove anti-vaxxer content

#PeopleMedia


Share this post