• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၂ မ်ိဳးထပ္မံ၀ယ္ယူရန္ ၾသစေၾတးလ်လက္မွတ္ေရးထိုး

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၂ မ်ိဳးထပ္မံ၀ယ္ယူရန္ ၾသစေၾတးလ်လက္မွတ္ေရးထိုး

Share this post

ဆစ္ဒနီ၊ ႏို၀င္ဘာ ၅
 
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၂ မ်ိဳးသန္း ၅၀ ထပ္၀ယ္ရန္ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္ စေကာ့ ေမာ္ရစ္ဆင္က ၾကာသပေတးေန႔တြင္ေျပာသည္။
 
လာမည့္လပိုင္းအတြင္း ကာကြယ္ေဆးအႀကီးအက်ယ္ထိုးေပးမည့္အစီအစဥ္ၿပီးေျမာက္ရန္ ရည္႐ြယ္ထားခ်ိန္တြင္ ထပ္မံ၀ယ္ယူခဲ့ျခင္းျဖစ္သည္။
 
စမ္းသပ္မႈမ်ားေအာင္ျမင္ပါက အက္စထရာဇီနီကာႏွင့္ စီအက္စ္အယ္ကုမၸဏီတို႔မွကာကြယ္ေဆး ၈၅ သန္းကို အေမရိကန္ေဒၚလာသန္း ၁၂၀၀ ခန္႔ျဖင့္ စက္တင္ဘာတြင္ ၾသစေၾတးလ်က၀ယ္ယူခဲ့သည္။
 
ရႏိုင္သည့္ကာကြယ္ေဆးမ်ားကိုအမ်ားဆံုးရႏိုင္ရန္စီစဥ္ၿပီး ေနာက္ထပ္ ၂ မ်ိဳးကို ထပ္မံ၀ယ္ယူျခင္းျဖစ္သည္ဟု ၾကာသပေတးေန႔တြင္ ၾသစေၾတးလ်အစိုးရကေျပာသည္။
 
ႏိုဗာဗက္စ္ထံမွ ေဆးသန္း ၄၀၊ ဖီဇာႏွင့္ ဘိုင္အိုအန္တက္ခ္ကုမၸဏီထံမွ ၁၀ သန္း၀ယ္ယူေၾကာင္း ေမာ္ရစ္ဆင္ကေျပာသည္။
 
ထိုေဆး ၂ မ်ိဳးကို၀ယ္ယူျခင္းသည္ အေမရိကန္ေဒၚလာသန္း ၁၀၀၀ ေက်ာ္ဖိုး႐ွိေၾကာင္းလည္းအသိေပးသည္။
 
ေဆးမ်ားစမ္းသပ္မႈေအာင္ျမင္ပါက ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ ၾသစေၾတးလ်ႏိုင္ငံသို႔ ေဆးမ်ားေရာက္မည္ျဖစ္သည္။
 
မတ္လတြင္ကာကြယ္ေဆးထိုးမည့္အစီအစဥ္စတင္မည္ျဖစ္ေၾကာင္းလည္း က်န္းမာေရး၀န္ႀကီး ဂရတ္ ဟန္႔ကေျပာသည္။
 
ၾသစေၾတးလ်ႏိုင္ငံတြင္ က်ယ္က်ယ္ျပန္႔ျပန္႔စစ္ေဆးမႈ၊ ထိစပ္မႈေျခရာခံျခင္းႏွင့္ အလံုပိတ္ကန္႔သတ္မႈမ်ားေက်းဇူးေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၂၇၆၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ ၉၀၇ ေယာက္႐ွိသျဖင့္ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက ကူးစက္၊ ေသဆံုးႏႈန္းေလ်ာ့က်ေနသည္။
 
Ref : Australia signs two more COVID-19 vaccine deals
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးထပ်မံဝယ်ယူရန် သြစတြေးလျလက်မှတ်ရေးထိုး
…………………………………………………
 
ဆစ်ဒနီ၊ နိုဝင်ဘာ ၅
 
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးသန်း ၅၀ ထပ်ဝယ်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ကြာသပတေးနေ့တွင်ပြောသည်။
 
လာမည့်လပိုင်းအတွင်း ကာကွယ်ဆေးအကြီးအကျယ်ထိုးပေးမည့်အစီအစဉ်ပြီးမြောက်ရန် ရည်ရွယ်ထားချိန်တွင် ထပ်မံဝယ်ယူခဲ့ခြင်းဖြစ်သည်။
 
စမ်းသပ်မှုများအောင်မြင်ပါက အက်စထရာဇီနီကာနှင့် စီအက်စ်အယ်ကုမ္ပဏီတို့မှကာကွယ်ဆေး ၈၅ သန်းကို အမေရိကန်ဒေါ်လာသန်း ၁၂၀၀ ခန့်ဖြင့် စက်တင်ဘာတွင် သြစတြေးလျကဝယ်ယူခဲ့သည်။
 
ရနိုင်သည့်ကာကွယ်ဆေးများကိုအများဆုံးရနိုင်ရန်စီစဉ်ပြီး နောက်ထပ် ၂ မျိုးကို ထပ်မံဝယ်ယူခြင်းဖြစ်သည်ဟု ကြာသပတေးနေ့တွင် သြစတြေးလျအစိုးရကပြောသည်။
 
နိုဗာဗက်စ်ထံမှ ဆေးသန်း ၄၀၊ ဖီဇာနှင့် ဘိုင်အိုအန်တက်ခ်ကုမ္ပဏီထံမှ ၁၀ သန်းဝယ်ယူကြောင်း မော်ရစ်ဆင်ကပြောသည်။
 
ထိုဆေး ၂ မျိုးကိုဝယ်ယူခြင်းသည် အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်ဖိုးရှိကြောင်းလည်းအသိပေးသည်။
 
ဆေးများစမ်းသပ်မှုအောင်မြင်ပါက ၂၀၂၁ ခုနှစ်အစောပိုင်းတွင် သြစတြေးလျနိုင်ငံသို့ ဆေးများရောက်မည်ဖြစ်သည်။
 
မတ်လတွင်ကာကွယ်ဆေးထိုးမည့်အစီအစဉ်စတင်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဂရတ် ဟန့်ကပြောသည်။
 
သြစတြေးလျနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု၊ ထိစပ်မှုခြေရာခံခြင်းနှင့် အလုံပိတ်ကန့်သတ်မှုများကျေးဇူးကြောင့် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၇၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၉၀၇ ယောက်ရှိသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကူးစက်၊ သေဆုံးနှုန်းလျော့ကျနေသည်။
 
Ref : Australia signs two more COVID-19 vaccine deals
 
#PeopleMedia

Share this post