• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွင် စက်ရုပ် ၂ ရုပ်ဖြင့် ပိုးသတ်မည်


Share this post

ဘာလင်၊ နိုဝင်ဘာ ၂၇
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွင် စက်ရုပ် ၂ ရုပ်ဖြင့် ပိုးသတ်မည်
……………………………………………………….
 
ဘာလင်၊ နိုဝင်ဘာ ၂၇
 
ခရမ်းလွန်ရောင်ခြည်ဖြင့် လေနှင့်အဆောက်အအုံမျက်နှာပြင်များကို ပိုးသတ်ရာတွင်ကူညီမည့် စက်ရုပ် ၂ ရုပ် အမေရိကန်ကြည်းတပ်၏ဂါရစ်ဆင် ဝီဘာဒန်စစ်စခန်းသို့ရောက်ရှိလာသည်။
 
စစ်ဆင်ရေးကြီးကြပ်ကွပ်ကဲရေးဌာနနှင့် ကြံ့ခိုင်ရေးဌာနဝန်ထမ်းများကို ထိုစက်ရုပ်များမောင်းနှင်အသုံးပြုမှုနှင့် အကျွမ်းဝင်စေရန် လေ့ကျင့်ပေးထားသည်။
 
ထိုစက်ရုပ်များကိုထိန်းချုပ်ရန်နှင့် အခန်းတွင်းသွားလာရန် တက်ဘလက်တခုဖြင့်အသုံးပြုစေခိုင်းနိုင်မည် ဖြစ်သည်။
 
လက်ရှိကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းများနှင့် သန့်ရှင်း၊ ပိုးသတ်လုပ်ငန်းစဉ်များကို ပိုးသတ်ဆေးရည်များ အသုံးပြုမည့်ထိုစက်ရုပ်များက အစားထိုးမည်မဟုတ်ကြောင်းလည်း အမေရိကန်ကြည်းတပ်ကအသိပေးသည်။
 
အာဖရိကတိုက်နှင့်ဥရောပတိုက်ရှိအမေရိကန်စစ်အခြေစိုက်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ဒဏ်မှတပ်ဖွဲ့ဝင်များ ကိုကာကွယ်ရန် အလွှာခံထားသောနည်းပညာကိုအကောင်အထည်ဖော်ထားသည်ဟု အမေရိကန်ကြည်းတပ် ဥရောပနှင့် အာဖရိကစစ်ဆင်ရေးအထောက်အကူပြုညွှန်ကြားရေးမှူး ဒေးဗစ် ဖော်တွန်ကပြောသည်။
 
လုပ်ထုံးလုပ်နည်းများကိုလိုက်နာရန် ဝန်ထမ်းများကိုညွှန်ကြားထားပြီး ပထမဆုံးလုပ်ငန်းစဉ်သည် လက်ဆေး ရန်ဖြစ်သည်။
 
Ref : US Army Garrison Wiesbaden receives two disinfecting robots
 
#PeopleMedia

Share this post