• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ရရန် မိုဒါးနားကုမ္ပဏီ လျှောက်ထား


Share this post

ဝါရှင်တန်၊ ဒီဇင်ဘာ ၁
#PeopleMedia
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ရရန် မိုဒါးနားကုမ္ပဏီ လျှောက်ထား
……………………………………………………
ဝါရှင်တန်၊ ဒီဇင်ဘာ ၁
တနင်္လာနေ့တွင် အမေရိကန်ဆေးကုမ္ပဏီ မိုဒါးနားက အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန (FDA)ထံ လျှောက်ထားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရာတွင် ၉၄.၁ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း ကျယ်ပြန့်သည့်အချက်အလက်များကို သုံးသပ်ရန် ကုမ္ပဏီက FDA ကို တောင်းဆိုခဲ့သည်။
မိုဒါးနားသည် FDA ခွင့်ပြုချက်လျှောက်ထားသည့်ဒုတိယမြောက်ကုမ္ပဏီဖြစ်ပြီး ဖီဇာကုမ္ပဏီက နိုဝင်ဘာ ၂၀ ရက်တွင် လျှောက်ထားခဲ့သည်။
ယခုလ ၁၀ ရက်နှင့် ၁၇ ရက်တို့တွင် ဖီဇာနှင့်မိုဒါးနားကုမ္ပဏီတို့၏လျှောက်ထားမှုများကိုသုံးသပ်ရန် ကော် မတီအဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးမည်။
အမေရိကန်တွင် ဒီဇင်ဘာလကုန်ပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတင်ထိုးပေးမည်ဟု အမေရိကန်ကူး စက်ရောဂါပညာရှင် ဒေါက်တာ အန်တိုနီ ဖော်ချီကပြောသည်။
၂၀၂၀ အကုန်တွင် အမေရိကန်၌ ဆေးသန်း ၂၀ ရနိုင်ရန် မိုဒါးနားက ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် သန်း ၅၀၀ မှ ၁၀၀၀ အထိထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
Ref : Moderna applies for FDA authorization for its Covid-19 vaccine
#PeopleMedia


Share this post