• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ခ်မ္းသာသည့္ႏိုင္ငံမ်ား အပိုင္စီးထားေၾကာင္း ႏိုင္ငံတကာအခြင့္အေရးအဖြဲ႕မ်ား စုေပါင္း အစီရင္ခံ

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ခ်မ္းသာသည့္ႏိုင္ငံမ်ား အပိုင္စီးထားေၾကာင္း ႏိုင္ငံတကာအခြင့္အေရးအဖြဲ႕မ်ား စုေပါင္း အစီရင္ခံ

Share this post

လန္ဒန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ခ်မ္းသာေသာႏိုင္ငံမ်ားက လာမည့္ႏွစ္တြင္ လူဦးေရ၏ ၃ ဆ အထိ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား လံုလံုေလာက္ေလာက္ ၀ယ္ယူထားေသာ္လည္း ဆင္းရဲသည့္ႏိုင္ငံ ၉၀ ရာခိုင္ႏႈန္းခန္႔က ၂၀၂၁ ခုႏွစ္တြင္ ကာကြယ္ေဆးရမည္မဟုတ္ဟု အစီရင္ခံစာ တြင္ပါ၀င္သည္။

ဖိုင္ဇာကထုတ္လုပ္သည့္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၆ ရာခိုင္ႏႈန္းႏွင့္ မိုဒါးနား၏ကာကြယ္ေဆး ၁၀၀ ရာခိုင္ႏႈန္းကို ခ်မ္းသာေသာႏိုင္ငံမ်ားက ၀ယ္ယူထားေၾကာင္းလည္းပါ၀င္သည္။

ႏႈိင္းယွဥ္ပါက ေအာက္စဖို႔/အက္စထရာဇီနီကာ၏ကာကြယ္ေဆးတ၀က္ကို ဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ားထံေပးရန္ကတိျပဳထားသည္ဟု ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔၊ ေအအိုင္ဒီအက္စ္ေ႐ွ႕တန္းအဖြဲ႔၊ ကမာၻ႔ခ်က္ခ်င္းတရားမွ်တေရးအဖြဲ႕ႏွင့္ ေအာက္က္စ္ဖမ္အဖြဲ႕တို႔ပါ၀င္သည့္ ျပည္သူ႔ကာကြယ္ေဆးရ႐ွိေရးအဖြဲ႔၏အစီရင္ခံစာတြင္ပါ၀င္သည္။

ကင္ညာ၊ ျမန္မာ၊ ႏိုင္ဂ်ီးရီးယား၊ ပါကစၥတန္ႏွင့္ ယူကရိန္းတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁.၄ သန္း႐ွိေသာ္လည္း ကမာၻ႔ကာကြယ္ေဆးေ၀မွ်ေရးအစီအစဥ္ထံမွသာ ကာကြယ္ေဆးမ်ားရမည္ျဖစ္သည္။

ကေနဒါတႏိုင္ငံတည္းတြင္ အတည္ျပဳလူနာ ၄၃၂၈၇၀ ေယာက္႐ွိေသာ္လည္း ကာကြယ္ေဆးကုမၸဏီမ်ားႏွင့္တိုက္႐ိုက္သေဘာ တူညီခ်က္ရယူၿပီး ကေနဒါႏိုင္ငံသားတေယာက္ခ်င္းစီကို ကာကြယ္ေဆး ၅ ႀကိမ္ထိုးေပးႏိုင္သည္အထိ၀ယ္ယူထားေၾကာင္း အစီရင္ခံစာတြင္ေဖာ္ျပသည္။

Ref : Rich countries are hoarding the COVID vaccine: Report

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ချမ်းသာသည့်နိုင်ငံများ အပိုင်စီးထားကြောင်း နိုင်ငံတကာအခွင့်အရေးအဖွဲ့များ စုပေါင်း အစီရင်ခံ
……………………………………………..

လန်ဒန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ချမ်းသာသောနိုင်ငံများက လာမည့်နှစ်တွင် လူဦးရေ၏ ၃ ဆ အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ လုံလုံလောက်လောက် ဝယ်ယူထားသော်လည်း ဆင်းရဲသည့်နိုင်ငံ ၉၀ ရာခိုင်နှုန်းခန့်က ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးရမည်မဟုတ်ဟု အစီရင်ခံစာ တွင်ပါဝင်သည်။

ဖိုင်ဇာကထုတ်လုပ်သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၆ ရာခိုင်နှုန်းနှင့် မိုဒါးနား၏ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းကို ချမ်းသာသောနိုင်ငံများက ဝယ်ယူထားကြောင်းလည်းပါဝင်သည်။

နှိုင်းယှဉ်ပါက အောက်စဖို့/အက်စထရာဇီနီကာ၏ကာကွယ်ဆေးတဝက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများထံပေးရန်ကတိပြုထားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အေအိုင်ဒီအက်စ်ရှေ့တန်းအဖွဲ့၊ ကမ္ဘာ့ချက်ချင်းတရားမျှတရေးအဖွဲ့နှင့် အောက်က်စ်ဖမ်အဖွဲ့တို့ပါဝင်သည့် ပြည်သူ့ကာကွယ်ဆေးရရှိရေးအဖွဲ့၏အစီရင်ခံစာတွင်ပါဝင်သည်။

ကင်ညာ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ယူကရိန်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁.၄ သန်းရှိသော်လည်း ကမ္ဘာ့ကာကွယ်ဆေးဝေမျှရေးအစီအစဉ်ထံမှသာ ကာကွယ်ဆေးများရမည်ဖြစ်သည်။

ကနေဒါတနိုင်ငံတည်းတွင် အတည်ပြုလူနာ ၄၃၂၈၇၀ ယောက်ရှိသော်လည်း ကာကွယ်ဆေးကုမ္ပဏီများနှင့်တိုက်ရိုက်သဘော တူညီချက်ရယူပြီး ကနေဒါနိုင်ငံသားတယောက်ချင်းစီကို ကာကွယ်ဆေး ၅ ကြိမ်ထိုးပေးနိုင်သည်အထိဝယ်ယူထားကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။

Ref : Rich countries are hoarding the COVID vaccine: Report

#PeopleMedia


Share this post