• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေပၚ လိမ္လည္မႈႏွင့္ သတင္းမွားမ်ားကိုသတိထားရန္ အေမရိကန္အစိုးရေအ ဂ်င္စီမ်ား အသိေပး

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေပၚ လိမ္လည္မႈႏွင့္ သတင္းမွားမ်ားကိုသတိထားရန္ အေမရိကန္အစိုးရေအ ဂ်င္စီမ်ား အသိေပး

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ၿပီးခဲ့သည့္တပတ္အတြင္း ဖိုင္ဇာ/ဘိုင္ယြန္းတက္ခ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုအတည္ျပဳၿပီးေနာက္ အေမရိကန္ျပည္ေထာင္စုတခြင္တြင္ျဖန္႔ခ်ိေနခ်ိန္ ကာကြယ္ေဆးထိုးရန္ေစာင့္ဆိုင္းေနသူမ်ားအေနျဖင့္ အႏၲရာယ္႐ွိေသာလိမ္လည္မႈမ်ားႏွင့္ ကာကြယ္ေဆးျဖန္႔ခ်ိမႈအေၾကာင္းသတင္းမွားမ်ားကို သတိထားရန္ အာဏာပိုင္မ်ားကသတိေပးသည္။

အထိအခိုက္လြယ္သည့္ပုဂၢလိကအခ်က္အလက္မ်ားရယူၿပီး ကာကြယ္ေဆးရမည္ဟု လိမ္လည္သူမ်ား ကေျပာဆိုျခင္းႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ကုသရန္ သို႔ ကာကြယ္ရန္ ကတိေပးေသာကုသမႈမ်ားကို ကုမၸဏီမ်ားကလိမ္လည္ေရာင္းခ်ျခင္းတိုုအေပၚလည္း အစိုးရအဖြဲ႔အစည္းမ်ားက သတိေပးသည္။

လူအမ်ား၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေပၚစိတ္၀င္စားမႈကိုအသံုးခ်ၿပီး နည္းလမ္းမ်ိဳးစံုျဖင့္ လူတေယာက္ခ်င္းစီ၏အခ်က္အလက္မ်ားႏွင့္ေငြမ်ားရယူရန္ လိမ္လည္သူမ်ား႐ွိေနေၾကာင္း ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးဗ်ဴ႐ို(FBI)ထံတိုင္ၾကားမ်ား႐ွိေနေၾကာင္း ဗ်ဴ႐ိုက စီအန္အန္သတင္း ဌာနကိုေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကမာၻ႔ကပ္ေရာဂါကိုအသံုးခ်ၿပီး ကိုယ္က်ိဳး႐ွာသည့္လူလိမ္မ်ားကိုေဖာ္ထုတ္ရန္ ႏိုးႏိုးၾကားၾကား႐ွိေနေၾကာင္းလည္း ဗ်ဴ႐ိုကေျပာသည္။ ကူးစက္ခံရသူမ်ားကိုကုသရန္ သိပၸံနည္းက် အတည္မျပဳႏိုင္ေသးသည့္ထုတ္ကုန္မ်ားေရာင္းခ်ေနသည့္ကုမၸဏီ ၇ ခုထံ သတိေပးစာမ်ားပို႔ထားေၾကာင္း ျပည္ေထာင္စုကုန္သြယ္ေရးေကာ္မ႐ွင္(FTC)ကထုတ္ျပန္သည္။

ကမာၻ႔ကပ္ေရာဂါစတင္ၿပီးေနာက္ စာတိုမ်ားႏွင့္အလိုအေလ်ာက္ဖုန္းေခၚဆိုမႈမ်ားျဖင့္ စမ္းသပ္ပစၥည္းမ်ား၊ လိမ္လည္ကုသမႈမ်ားႏွင့္ ကမာၻ႔ကပ္ေရာဂါႏွင့္ဆက္စပ္အကူအညီမ်ားကမ္းလွမ္းသည့္ တိုင္ၾကားခ်က္ ၂၀၀၀၀ ေက်ာ္ကို FTC ရ႐ွိခဲ့သည္။
Ref : First came news of a vaccine. Now come the scams.

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ် လိမ်လည်မှုနှင့် သတင်းမှားများကိုသတိထားရန် အမေရိကန်အစိုးရအေ ဂျင်စီများ အသိပေး
…………………………………………………

နယူးယောက်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့်တပတ်အတွင်း ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုအတည်ပြုပြီးနောက် အမေရိကန်ပြည်ထောင်စုတခွင်တွင်ဖြန့်ချိနေချိန် ကာကွယ်ဆေးထိုးရန်စောင့်ဆိုင်းနေသူများအနေဖြင့် အန္တရာယ်ရှိသောလိမ်လည်မှုများနှင့် ကာကွယ်ဆေးဖြန့်ချိမှုအကြောင်းသတင်းမှားများကို သတိထားရန် အာဏာပိုင်များကသတိပေးသည်။

အထိအခိုက်လွယ်သည့်ပုဂ္ဂလိကအချက်အလက်များရယူပြီး ကာကွယ်ဆေးရမည်ဟု လိမ်လည်သူများ ကပြောဆိုခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကုသရန် သို့ ကာကွယ်ရန် ကတိပေးသောကုသမှုများကို ကုမ္ပဏီများကလိမ်လည်ရောင်းချခြင်းတိုုအပေါ်လည်း အစိုးရအဖွဲ့အစည်းများက သတိပေးသည်။

လူအများ၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ်စိတ်ဝင်စားမှုကိုအသုံးချပြီး နည်းလမ်းမျိုးစုံဖြင့် လူတယောက်ချင်းစီ၏အချက်အလက်များနှင့်ငွေများရယူရန် လိမ်လည်သူများရှိနေကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)ထံတိုင်ကြားများရှိနေကြောင်း ဗျူရိုက စီအန်အန်သတင်း ဌာနကိုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကမ္ဘာ့ကပ်ရောဂါကိုအသုံးချပြီး ကိုယ်ကျိုးရှာသည့်လူလိမ်များကိုဖော်ထုတ်ရန် နိုးနိုးကြားကြားရှိနေကြောင်းလည်း ဗျူရိုကပြောသည်။ ကူးစက်ခံရသူများကိုကုသရန် သိပ္ပံနည်းကျ အတည်မပြုနိုင်သေးသည့်ထုတ်ကုန်များရောင်းချနေသည့်ကုမ္ပဏီ ၇ ခုထံ သတိပေးစာများပို့ထားကြောင်း ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်(FTC)ကထုတ်ပြန်သည်။

ကမ္ဘာ့ကပ်ရောဂါစတင်ပြီးနောက် စာတိုများနှင့်အလိုအလျောက်ဖုန်းခေါ်ဆိုမှုများဖြင့် စမ်းသပ်ပစ္စည်းများ၊ လိမ်လည်ကုသမှုများနှင့် ကမ္ဘာ့ကပ်ရောဂါနှင့်ဆက်စပ်အကူအညီများကမ်းလှမ်းသည့် တိုင်ကြားချက် ၂၀၀၀၀ ကျော်ကို FTC ရရှိခဲ့သည်။
Ref : First came news of a vaccine. Now come the scams.

#PeopleMedia


Share this post