• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် ငြင်းဆိုထားသူများကို စာရင်းမှတ်မည်ဟု စပိန်ကျန်းမာရေးဝန်ကြီး ကြေ ညာ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် ငြင်းဆိုထားသူများကို စာရင်းမှတ်မည်ဟု စပိန်ကျန်းမာရေးဝန်ကြီး ကြေ ညာ

Share this post

မက်ဒရစ်၊ ဒီဇင်ဘာ ၂၉

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုသူများကို စာရင်းမှတ်ထားပြီး ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံ များကို ထိုစာရင်းဝေမျှသွားမည်ဟု စပိန်ကျန်းမာရေးဝန်ကြီး ဆယ်ဗာဒေါ အီလာကပြောသည်။

စပိန်နိုင်ငံသားများနှင့် ထိုသူများ၏အလုပ်ရှင်များကိုဝေမျှသွားမည်မဟုတ်ဟုလည်းပြောသည်။

ဗိုင်းရပ်စ်ကိုအသာရရန်နည်းလမ်းသည် နိုင်ငံသားအားလုံးကာကွယ်ဆေးထိုးရန်ဖြစ်ပြီး များများထိုးနိုင်ပါက ပိုကောင်းကြောင်းလည်း သူကရှင်းပြသည်။

စပိန်သည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ထိခိုက်မှုအများဆုံးနိုင်ငံများထဲတွင်ပါဝင်သည်။

ပြီးခဲ့သည့်တပတ်တွင် အီးယူနိုင်ငံများခွင့်ပြုသည့် ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့် ဆေးထိုးပေးနေသည်။

Ref : Coronavirus: Spain to keep registry of those who refuse Covid vaccine

#PeopleMedia

(unicode)
…………………………………………………







Ref : Coronavirus: Spain to keep registry of those who refuse Covid vaccine

#PeopleMedia


Share this post