• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၉ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း တရုတ်ဆေးကုမ္ပဏီကြီး ဆင်နိုဖားမ်း ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၉ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း တရုတ်ဆေးကုမ္ပဏီကြီး ဆင်နိုဖားမ်း ထုတ်ပြန်

Share this post

ဘေကျင်း၊ ဒီဇင်ဘာ ၃၀
 
စမ်းသပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူအမြောက်အမြားတွင်စမ်းသပ်အသုံးပြုခဲ့ခြင်းသည် ၇၉ ရာခိုင်နှုန်းအစွမ်းထက်ကြောင်းတွေ့ရှိခဲ့ရသည်ဟု ဆင်နိုဖားမ်ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
 
တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်အပြိုင်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထုတ်လုပ်ရန်လုပ်နေပြီး ဆေး ၅ မျိုး လူအမြောက်အမြားတွင်စမ်းသပ်သည့်အဆင့်ရောက်နေသည်။
 
ဆင်နိုဖားမ်၏ရလဒ်သည် ထိုဆေးများအနက် ပထမဆုံးဖြစ်သည်။
 
ကိုရိုနာဗိုင်းရပ်စ်များမှပြန်လည်ဖော်စပ်ထားသည့်ကာကွယ်ဆေးကို တရုတ်အစိုးရ၏ ဆေးဝါးဆိုင်ရာစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံ အသုံးပြုခွင့်ရရေးလျှောက်ထားခဲ့ပြီးပြီဟု ကုမ္ပဏီကပြောသည်။
 
ကာကွယ်ဆေးကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှုများမရှိနိုင်ကြောင်းပြောပြီး ဆေး၏ဘေးကင်းလုံခြုံမှု အပေါ် တရုတ်အရာရှိများက ဝန်ခံထားသည်။
 
အတည်မပြုထားသေးသောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို အရေးပေါ်ခွင့်ပြုချက်ဖြင့် တရုတ်အစိုးရက ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ၊ အစိုးရပိုင်လုပ်ငန်းများ၏ဝန်ထမ်းများနှင့် နိုင်ငံခြားထွက်အလုပ်လုပ်ရန်စီ စဉ်နေသူများအပါအဝင် လူ ၁ သန်းကျော်ကို တရုတ်နိုင်ငံက ကာကွယ်ဆေးထိုးပေးထားသည်။
 
တရုတ်နိုင်ငံကထုတ်လုပ်သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချ မည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျောင်းလီဂျန်းက ပြီးခဲ့သည့်သောကြာနေ့တွင် ပြောထားသည်။
 
Ref : China’s Sinopharm says vaccine ‘79% effective’ against Covid-19
 
#PeopleMedia
 
(unicode)
………………………………………………………….
 
 
 
 
 
 
 
 
 
Ref : China’s Sinopharm says vaccine ‘79% effective’ against Covid-19
 
#PeopleMedia

Share this post