• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကို မေၾကာက္လန္႔ေစရန္ ရည္႐ြယ္ခ်က္႐ွိ႐ွိ ထရမ့္ေျပာခဲ့

ကို႐ိုနာဗိုင္းရပ္စ္ကို မေၾကာက္လန္႔ေစရန္ ရည္႐ြယ္ခ်က္႐ွိ႐ွိ ထရမ့္ေျပာခဲ့

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၀

အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူမ႐ွိခင္ တုပ္ေကြးထက္ေသေစႏိုင္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္သိခဲ့ဟု စာအုပ္သစ္တစ္အုပ္တြင္ပါ၀င္သည္။

ထိုစာအုပ္ကို ဝါးတားဂိတ္အ႐ွဳပ္ေတာ္ပံုကိုေဖာ္ထုတ္ခဲ့သည့္သတင္းစာဆရာ ေဘာ့ ဝုဒ္ဝါ့ဒ္က ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာမွ ယခုႏွစ္ဇူလိုင္အထိ ၁၈ ႀကိမ္ မစၥတာထရမ့္ကို ေတြ႕ဆံုေမးျမန္းခဲ့ၿပီးေရးသားခဲ့သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ပထမဆံုးအတည္ျပဳလူနာေသဆံုးမႈမျဖစ္ခင္ ဗိုင္းရပ္စ္သည္ေသဆံုးႏိုင္သည့္ အရာျဖစ္ေၾကာင္း သူ႔ကို မစၥတာထရမ့္ကေျပာခဲ့သည္ဟု စာေရးသူကထည့္သြင္းေရးသားထားသည္။

ကပ္ေရာဂါေၾကာင့္ လူအမ်ားထိတ္လန္႔မႈမျဖစ္ေစရန္ ေ႐ွာင္႐ွားခ်င္ခဲ့ေၾကာင္း သမၼတက စာအုပ္ကိုတံု႔ျပန္ ေျပာဆိုခဲ့သည္။

ကပ္ေရာဂါစတင္ခ်ိန္မွစ၍ အေမရိကန္ႏိုင္ငံသား ၁၉၀၀၀၀ ခန္႔ေသဆံုးခဲ့သည္။

Ref : Trump deliberately played down virus, Woodward book says

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်လန့်စေရန် ရည်ရွယ်ချက်ရှိရှိ ထရမ့်ပြောခဲ့
………………………………………………….

ဝါရှင်တန်၊ စက်တင်ဘာ ၁၀

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူမရှိခင် တုပ်ကွေးထက်သေစေနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သိခဲ့ဟု စာအုပ်သစ်တစ်အုပ်တွင်ပါဝင်သည်။

ထိုစာအုပ်ကို ဝါးတားဂိတ်အရှုပ်တော်ပုံကိုဖော်ထုတ်ခဲ့သည့်သတင်းစာဆရာ ဘော့ ဝုဒ်ဝါ့ဒ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှ ယခုနှစ်ဇူလိုင်အထိ ၁၈ ကြိမ် မစ္စတာထရမ့်ကို တွေ့ဆုံမေးမြန်းခဲ့ပြီးရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအတည်ပြုလူနာသေဆုံးမှုမဖြစ်ခင် ဗိုင်းရပ်စ်သည်သေဆုံးနိုင်သည့် အရာဖြစ်ကြောင်း သူ့ကို မစ္စတာထရမ့်ကပြောခဲ့သည်ဟု စာရေးသူကထည့်သွင်းရေးသားထားသည်။

ကပ်ရောဂါကြောင့် လူအများထိတ်လန့်မှုမဖြစ်စေရန် ရှောင်ရှားချင်ခဲ့ကြောင်း သမ္မတက စာအုပ်ကိုတုံ့ပြန် ပြောဆိုခဲ့သည်။

ကပ်ရောဂါစတင်ချိန်မှစ၍ အမေရိကန်နိုင်ငံသား ၁၉၀၀၀၀ ခန့်သေဆုံးခဲ့သည်။

Ref : Trump deliberately played down virus, Woodward book says

#PeopleMedia


Share this post