• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကုသမႈတြင္ ငွက္ဖ်ားေပ်ာက္ေဆးအသံုးျပဳရာ ၇၅ ရာခိုင္ႏႈန္းတြင္ ဗိုင္းရပ္စ္ေပ်ာက္ကင္းေၾကာင္း ျပင္သစ္ပညာ႐ွင္ေတြ႕႐ွိ

ကို႐ိုနာဗိုင္းရပ္စ္ကုသမႈတြင္ ငွက္ဖ်ားေပ်ာက္ေဆးအသံုးျပဳရာ ၇၅ ရာခိုင္ႏႈန္းတြင္ ဗိုင္းရပ္စ္ေပ်ာက္ကင္းေၾကာင္း ျပင္သစ္ပညာ႐ွင္ေတြ႕႐ွိ

Share this post

ပဲရစ္၊ မတ္ – ၂၃

ငွက္ဖ်ားေပ်ာက္ေဆးအျဖစ္ ႏွစ္ ၇၀ ခန္႔အသံုးျပဳခဲ့သည့္ ဟိုက္ဒေရာက္စီကလို႐ိုကြင္း (Hydroxychloroquine) ကို အသံုးျပဳၿပီး COVID-19 လူနာမ်ားကို ကုသခဲ့ရာ လူနာ ၇၅ ရာခိုင္ႏႈန္းတြင္ ဗိုင္းရပ္စ္ေပ်ာက္ကင္းသြား ေၾကာင္း ျပင္သစ္ပညာ႐ွင္ Didier Raoult ကေျပာသည္။

မတ္ ၁၆ ရက္တြင္ စမ္းသပ္ကုသၿပီး ၆ ရက္အၾကာ မတ္ ၂၂ ရက္တြင္ လူနာ၂၅ ရာခိုင္ႏႈန္းတြင္သာ ဗိုင္းရပ္စ္ က်န္႐ွိေနေၾကာင္း မာေဆးၿမိဳ႕႐ွိ တကၠသိုလ္ေဆး႐ံုၫႊန္ၾကားေရးမွဴး Didier Raoult က အတည္ျပဳျခင္းျဖစ္ သည္။

Hydroxychloroquine အသံုးမျပဳဘဲ ကုသခဲ့သည့္ လူနာ ၉၀ ရာခိုင္ႏႈန္းကေတာ့ ဗိုင္းရပ္စ္ဆက္လက္သယ္ ေဆာင္ေနေၾကာင္းေတြ႕႐ွိရသည္ဟုလည္းေျပာသည္။ ယခုစမ္းသပ္မႈအေၾကာင္းေၾကညာၿပီးေနာက္ စမ္းသပ္မႈ မ်ား ဆက္လက္ျပဳလုပ္ႏိုင္ရန္ ျပင္သစ္ဧရာမေဆးကုမၸဏီ Sanofi က hydroxychloroquine သန္းခ်ီ လွဴဒါန္း မည္ဟု ကတိျပဳခဲ့သည္။

ျပင္သစ္အစိုးရေျပာခြင့္ရသူ Sibeth Ndiaye ကလည္း စမ္းသပ္မႈရလဒ္မ်ားကို ထုတ္ေဖာ္ဂုဏ္ျပဳခဲ့ၿပီး ယခုကုသ မႈအတြက္ ေဆးဘက္ဆိုင္ရာစမ္းသပ္မႈမ်ားကိုဆက္ခ်ဲ႕ထြင္ရန္ ကတိျပဳခဲ့သည္။

အီဘိုလာကဲ့သို႔ေသာဗိုင္းရပ္စ္မ်ားကို တိုက္ခိုက္ႏိုင္ေၾကာင္း သက္ေသျပခဲ့သည့္ ကုသနည္း ၄ ခု၏ သက္ ေရာက္မႈကုိ စမ္းသပ္ရန္ ရည္႐ြယ္သည့္ ဥေရာပ၏အႀကီးစားေဆးဝါးစမ္းသပ္မႈတစ္ခုကို မတ္ ၁၂ ရက္ တြင္ စတင္မိတ္ဆက္ခဲ့သည္။

ၿပီးခဲ့သည့္တစ္ပတ္ၾကာသပေတးေန႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကုသမႈအတြက္ အေမရိကန္အစားအစားႏွင့္ ေဆးဝါး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕က Hydroxychloroquine စမ္းသပ္အသံုးျပဳမႈကို ခြင့္ျပဳခဲ့သည္။

Ref: Will an old malaria drug help fight the coronavirus?

#PeopleMedia #COVID19 #Vaccine

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွင် ငှက်ဖျားပျောက်ဆေးအသုံးပြုရာ ၇၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ပျောက်ကင်းကြောင်း ပြင်သစ်ပညာရှင်တွေ့ရှိ
……………………………………………………

ပဲရစ်၊ မတ် – ၂၃

ငှက်ဖျားပျောက်ဆေးအဖြစ် နှစ် ၇၀ ခန့်အသုံးပြုခဲ့သည့် ဟိုက်ဒရောက်စီကလိုရိုကွင်း (Hydroxychloroquine) ကို အသုံးပြုပြီး COVID-19 လူနာများကို ကုသခဲ့ရာ လူနာ ၇၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ပျောက်ကင်းသွား ကြောင်း ပြင်သစ်ပညာရှင် Didier Raoult ကပြောသည်။

မတ် ၁၆ ရက်တွင် စမ်းသပ်ကုသပြီး ၆ ရက်အကြာ မတ် ၂၂ ရက်တွင် လူနာ၂၅ ရာခိုင်နှုန်းတွင်သာ ဗိုင်းရပ်စ် ကျန်ရှိနေကြောင်း မာဆေးမြို့ရှိ တက္ကသိုလ်ဆေးရုံညွှန်ကြားရေးမှူး Didier Raoult က အတည်ပြုခြင်းဖြစ် သည်။

Hydroxychloroquine အသုံးမပြုဘဲ ကုသခဲ့သည့် လူနာ ၉၀ ရာခိုင်နှုန်းကတော့ ဗိုင်းရပ်စ်ဆက်လက်သယ် ဆောင်နေကြောင်းတွေ့ရှိရသည်ဟုလည်းပြောသည်။ ယခုစမ်းသပ်မှုအကြောင်းကြေညာပြီးနောက် စမ်းသပ်မှု များ ဆက်လက်ပြုလုပ်နိုင်ရန် ပြင်သစ်ဧရာမဆေးကုမ္ပဏီ Sanofi က hydroxychloroquine သန်းချီ လှူဒါန်း မည်ဟု ကတိပြုခဲ့သည်။

ပြင်သစ်အစိုးရပြောခွင့်ရသူ Sibeth Ndiaye ကလည်း စမ်းသပ်မှုရလဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ပြီး ယခုကုသ မှုအတွက် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများကိုဆက်ချဲ့ထွင်ရန် ကတိပြုခဲ့သည်။

အီဘိုလာကဲ့သို့သောဗိုင်းရပ်စ်များကို တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့သည့် ကုသနည်း ၄ ခု၏ သက် ရောက်မှုကို စမ်းသပ်ရန် ရည်ရွယ်သည့် ဥရောပ၏အကြီးစားဆေးဝါးစမ်းသပ်မှုတစ်ခုကို မတ် ၁၂ ရက် တွင် စတင်မိတ်ဆက်ခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်ကြာသပတေးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကုသမှုအတွက် အမေရိကန်အစားအစားနှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က Hydroxychloroquine စမ်းသပ်အသုံးပြုမှုကို ခွင့်ပြုခဲ့သည်။

Ref: Will an old malaria drug help fight the coronavirus?

#PeopleMedia #COVID19 #Vaccine


Share this post