• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ကုသရန္ တုပ္ေကြးကာကြယ္ေဆး Avigan ကို အသုံးျပဳမည္ဟု တ႐ုတ္ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ကုသရန္ တုပ္ေကြးကာကြယ္ေဆး Avigan ကို အသုံးျပဳမည္ဟု တ႐ုတ္ေျပာ

Share this post

မတ္ – ၁၈

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူမ်ားကို ကုသေပးရာတြင္ ဂ်ပန္ႏိုင္ငံက တီထြင္ခဲ့ေသာ တုပ္ေကြးကာကြယ္ေဆး Avigan ကို အသုံးျပဳရန္ တရားဝင္ဆုံးျဖတ္ခဲ့ေၾကာင္း တ႐ုတ္အစိုးရက ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံရွိ ေဆးဘက္အဖြဲ႕အစည္းႏွစ္ခု၏ လက္ေတြ႕စမ္းသပ္မႈတြင္ အဆိုပါတုပ္ေကြးကာကြယ္ေဆးက ထိေရာက္မႈရွိ ေၾကာင္း ေတြ႕ရွိခဲ့သည္ဟု ဇီဝနည္းပညာဖြံ႕ၿဖိဳးေရးအမ်ိဳးသားဗဟိုဌာနမွ ၫႊန္ၾကားေရးမွဴး ေက်ာင္ဇင္မင္းက ေပက်င္းၿမိဳ႕ ေတာ္တြင္ ယမန္ေန႔ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။

စမ္းသပ္မႈမ်ားကို ဝူဟန္ႏွင့္ ရွင္းက်န္႔ၿမိဳ႕ေတာ္မ်ား၌ လုပ္ေဆာင္ခဲ့ၿပီး လူနာ ၂၄၀ ႏွင့္ ၈၀ စီ ပါဝင္ခဲ့သည္ဟု ၄င္းက ေျပာၾကား သည္။ Avigan တုပ္ေကြးကာကြယ္ေဆးထိုးထားသူမ်ား၏အပူခ်ိန္မွာ ပုံမွန္အေျခအေနေရာက္ရွိရန္ ပွ်မ္းမွ် ၂ ရက္ခြဲသာ ၾကာျမင္ခဲ့သည္ဟု ဝူဟန္ၿမိဳ႕ေတာ္၌လုပ္ေဆာင္ခဲ့သည့္ စမ္းသပ္မႈမ်ားက ေတြ႕ရွိခဲ့သည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆးမထိုးထားသူမ်ား ကိုယ္အပူခ်ိန္က ပုံမွန္အေျခအေနျပန္ေရာက္ရန္ ၄ ရက္ေက်ာ္ ၾကာျမင့္ေၾကာင္း သိရသည္။ ကာကြယ္ေဆးထိုးထားသည့္ လူနာမ်ားက ပွ်မ္းမွ် ၄ ဒသမ ၅၇ ရက္အတြင္း ေခ်ာင္းဆိုးျခင္းကို သက္သာေစၿပီး ႏႈိင္းယွဉ္ၾကည့္ပါက ကာကြယ္ေဆးမထိုးထားသည့္ လူနာမ်ားက ၆ ရက္နီးပါး ၾကာျမင့္ေၾကာင္း ေတြ႕ရွိရသည္။

ထို႔အျပင္ Avigan တုပ္ေကြးကာကြယ္ေဆးမွာ ေဘးပန္းဆိုးက်ိဳးမ်ားမရွိဟု သူကေျပာသည္။ ရွင္းက်န္႔ၿမိဳ႕၌ျပဳလုပ္သည့္ စမ္းသပ္မႈမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံသူမ်ားကို ကာကြယ္ေဆးထိုးေပးၿပီး ပွ်မ္းမွ် ေလးရက္အၾကာတြင္ သက္ သာသြားေၾကာင္း ေတြ႕ရွိခဲ့ရသည္။ ကာကြယ္ေဆးမထိုးသူမ်ားမွာ ပွ်မ္းမွ် ၁၁ ရက္ၾကာျမင့္ေၾကာင္း သိရသည္။

ာကြယ္ေဆးထိုးထားသူမ်ား၏ ၉၁ ရာခိုင္ႏႈန္းေသာ လူနာမ်ားတြင္ အဆုတ္အေျခအေနမ်ား ေကာင္းမြန္လာခဲ့သည္ဟု ဓာတ္မွန္ပုံမ်ားက အတည္ျပဳခဲ့ၿပီး ကာကြယ္ေဆးမထိုးသူမ်ား၏ အဆုတ္အေျခအေနမွာ ၆၂ ရာခိုင္ႏႈန္းသာ ေကာင္းမြန္ လာသည္ဟု စမ္းသပ္မႈက ေတြ႕ရွိခဲ့သည္။

ကိုးကား – အင္န္အိတ္ခ္ခ်ေက
Ref; China to use anti-flu drug Avigan to treat virus

#PeopleMedia

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကုသရန် တုပ်ကွေးကာကွယ်ဆေး Avigan ကို အသုံးပြုမည်ဟု တရုတ်ပြော
…………………………………………………………

မတ် – ၁၈

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများကို ကုသပေးရာတွင် ဂျပန်နိုင်ငံက တီထွင်ခဲ့သော တုပ်ကွေးကာကွယ်ဆေး Avigan ကို အသုံးပြုရန် တရားဝင်ဆုံးဖြတ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားသည်။

တရုတ်နိုင်ငံရှိ ဆေးဘက်အဖွဲ့အစည်းနှစ်ခု၏ လက်တွေ့စမ်းသပ်မှုတွင် အဆိုပါတုပ်ကွေးကာကွယ်ဆေးက ထိရောက်မှုရှိ ကြောင်း တွေ့ရှိခဲ့သည်ဟု ဇီဝနည်းပညာဖွံ့ဖြိုးရေးအမျိုးသားဗဟိုဌာနမှ ညွှန်ကြားရေးမှူး ကျောင်ဇင်မင်းက ပေကျင်းမြို့ တော်တွင် ယမန်နေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

စမ်းသပ်မှုများကို ဝူဟန်နှင့် ရှင်းကျန့်မြို့တော်များ၌ လုပ်ဆောင်ခဲ့ပြီး လူနာ ၂၄၀ နှင့် ၈၀ စီ ပါဝင်ခဲ့သည်ဟု ၄င်းက ပြောကြား သည်။ Avigan တုပ်ကွေးကာကွယ်ဆေးထိုးထားသူများ၏အပူချိန်မှာ ပုံမှန်အခြေအနေရောက်ရှိရန် ပျှမ်းမျှ ၂ ရက်ခွဲသာ ကြာမြင်ခဲ့သည်ဟု ဝူဟန်မြို့တော်၌လုပ်ဆောင်ခဲ့သည့် စမ်းသပ်မှုများက တွေ့ရှိခဲ့သည်။

သို့သော် အဆိုပါကာကွယ်ဆေးမထိုးထားသူများ ကိုယ်အပူချိန်က ပုံမှန်အခြေအနေပြန်ရောက်ရန် ၄ ရက်ကျော် ကြာမြင့်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးထားသည့် လူနာများက ပျှမ်းမျှ ၄ ဒသမ ၅၇ ရက်အတွင်း ချောင်းဆိုးခြင်းကို သက်သာစေပြီး နှိုင်းယှဉ်ကြည့်ပါက ကာကွယ်ဆေးမထိုးထားသည့် လူနာများက ၆ ရက်နီးပါး ကြာမြင့်ကြောင်း တွေ့ရှိရသည်။

ထို့အပြင် Avigan တုပ်ကွေးကာကွယ်ဆေးမှာ ဘေးပန်းဆိုးကျိုးများမရှိဟု သူကပြောသည်။ ရှင်းကျန့်မြို့၌ပြုလုပ်သည့် စမ်းသပ်မှုများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူများကို ကာကွယ်ဆေးထိုးပေးပြီး ပျှမ်းမျှ လေးရက်အကြာတွင် သက် သာသွားကြောင်း တွေ့ရှိခဲ့ရသည်။ ကာကွယ်ဆေးမထိုးသူများမှာ ပျှမ်းမျှ ၁၁ ရက်ကြာမြင့်ကြောင်း သိရသည်။

ာကွယ်ဆေးထိုးထားသူများ၏ ၉၁ ရာခိုင်နှုန်းသော လူနာများတွင် အဆုတ်အခြေအနေများ ကောင်းမွန်လာခဲ့သည်ဟု ဓာတ်မှန်ပုံများက အတည်ပြုခဲ့ပြီး ကာကွယ်ဆေးမထိုးသူများ၏ အဆုတ်အခြေအနေမှာ ၆၂ ရာခိုင်နှုန်းသာ ကောင်းမွန် လာသည်ဟု စမ်းသပ်မှုက တွေ့ရှိခဲ့သည်။

ကိုးကား – အင်န်အိတ်ခ်ချကေ
Ref; China to use anti-flu drug Avigan to treat virus

#PeopleMedia


Share this post