• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကာကြယ္ရန္ တပ္မေတာ္က ၿမိဳ႕ေတာ္လမ္းမမ်ားကို ညဘက္တြင္ ပိုးသတ္ေဆးမ်ား ျဖန္း

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကာကြယ္ရန္ တပ္မေတာ္က ၿမိဳ႕ေတာ္လမ္းမမ်ားကို ညဘက္တြင္ ပိုးသတ္ေဆးမ်ား ျဖန္း

Share this post

မတ္ ၁၉၊ ဘန္ေကာက္

ထိုင္းစစ္တပ္က ၾကာသပေတးေန႔မနက္ပိုင္းတြင္ ဘန္ေကာက္ၿမိဳ႕လမ္းမမ်ားကို ပိုးသတ္ေဆးမ်ားျဖန္းၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို တိုက္ခိုက္ရန္လုပ္ေဆာင္ခဲ့သည္။

ယခုမတ္လကုန္အထိ ည ၁ နာရီမွ မနက္ ၅ နာရီအထိ ထိုင္းစစ္သားမ်ားကို ေန႔စဥ္႐ွင္းလင္းေရးတာ၀န္ခ်ထား မည္ျဖစ္သည္။

သန္႔႐ွင္းေရးလုပ္ငန္းေတြမွာ ပိုးသတ္ေဆးမ်ားကို ေရျဖင့္ ေရာေႏွာအသံုးျပဳမည္ျဖစ္သည္။

ထိုင္းစစ္ဦးစီးခ်ဳပ္အပီရတ္ ေကာင္ဆြန္ပြန္သဘာပတိအျဖစ္ျပဳလုပ္သည့္ ထိုင္းစစ္တပ္ထိပ္သီးအစည္းအေ၀းက ခြင့္ျပဳခဲ့သည့္ ပိုးသတ္ေဆးျဖန္းျခင္းကို ထိုင္းၾကည္းတပ္၊ ေလေၾကာင္းကာကြယ္ေရး အေႁမွာက္တပ္ဖြဲ႕ႏွင့္ ထိုင္း ၾကည္းတပ္ဓာတုေဗဒဌာနတို႔ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ထိုင္းစစ္တပ္ဒုတိယေျပာခြင့္ရသူအမ်ိဳးသမီး ဗိုလ္မွဴးႀကီးဆီရီခ်န္း ငါေသာင္ကေျပာသည္။

ကုန္တင္ကားမ်ားက ၿမိဳ႕ေတာ္တြင္ လူသြားလူလာမ်ားေသာေနရာမ်ားမွလမ္းမမ်ားကို ပိုးသတ္ေဆးႏွင့္ ေရ အေရာေဖ်ာ္ရည္မ်ားျဖန္းေနၾကၿပီး ယာဥ္ေၾကာမပိတ္ဆို႔ေစရန္ မနက္အေစာပိုင္းတြင္ ျဖန္းၾကျခင္းျဖစ္သည္။

ကုန္သြယ္ေရးဇုန္၊ ရထားဘူတာႏွင့္ကားဂိတ္မ်ား၊ ဆိပ္ကမ္းမ်ား၊ ေက်ာင္းႏွင့္တကၠသိုလ္မ်ား၊ ေနအိမ္ျပင္ပ လႈပ္ ႐ွားမႈလုပ္သည့္ေနရာမ်ားႏွင့္ လူအမ်ားစုေ၀းရာေနရာမ်ားကို ဦးစားေပးၿပီး သန္႔႐ွင္းေနျခင္းျဖစ္သည္။

ထိုင္းစစ္တပ္ကို ဘန္ေကာက္ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔ကကူညီေၾကာင္းလည္း ဗိုလ္မွဴးႀကီး ဆီရီခ်န္းကေျပာ သည္။

ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို တိုက္ဖ်က္ရန္ ညဘက္အျပင္ထြက္စရာေနရာမ်ားႏွင့္ ေဖ်ာ္ေျဖေရးခန္းမမ်ား ၂ ပိတ္ၾကာပိတ္ မိန္႔ ထိုင္းအစိုးရထုတ္ျပန္ထားသည္။

ထိုအမိန္႔မွာ လမ္းမ်ားကို ႐ွင္းလင္းရန္ အခြင့္အေရးေပးေသာအခ်ိန္ျဖစ္ေၾကာင္းလည္း ဆီရီခ်န္းကေျပာသည္။

Ref: Army disinfects Bangkok roads nightly

#PeopleMedia #CoronaVirus #Thailand #Disinfectant

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် တပ်မတော်က မြို့တော်လမ်းမများကို ညဘက်တွင် ပိုးသတ်ဆေးများ ဖြန်း
………………………………………………………………………

မတ် ၁၉၊ ဘန်ကောက်

ထိုင်းစစ်တပ်က ကြာသပတေးနေ့မနက်ပိုင်းတွင် ဘန်ကောက်မြို့လမ်းမများကို ပိုးသတ်ဆေးများဖြန်းပြီး ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သည်။

ယခုမတ်လကုန်အထိ ည ၁ နာရီမှ မနက် ၅ နာရီအထိ ထိုင်းစစ်သားများကို နေ့စဉ်ရှင်းလင်းရေးတာဝန်ချထား မည်ဖြစ်သည်။

သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးများကို ရေဖြင့် ရောနှောအသုံးပြုမည်ဖြစ်သည်။

ထိုင်းစစ်ဦးစီးချုပ်အပီရတ် ကောင်ဆွန်ပွန်သဘာပတိအဖြစ်ပြုလုပ်သည့် ထိုင်းစစ်တပ်ထိပ်သီးအစည်းအဝေးက ခွင့်ပြုခဲ့သည့် ပိုးသတ်ဆေးဖြန်းခြင်းကို ထိုင်းကြည်းတပ်၊ လေကြောင်းကာကွယ်ရေး အမြှောက်တပ်ဖွဲ့နှင့် ထိုင်း ကြည်းတပ်ဓာတုဗေဒဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်ဒုတိယပြောခွင့်ရသူအမျိုးသမီး ဗိုလ်မှူးကြီးဆီရီချန်း ငါသောင်ကပြောသည်။

ကုန်တင်ကားများက မြို့တော်တွင် လူသွားလူလာများသောနေရာများမှလမ်းမများကို ပိုးသတ်ဆေးနှင့် ရေ အရောဖျော်ရည်များဖြန်းနေကြပြီး ယာဉ်ကြောမပိတ်ဆို့စေရန် မနက်အစောပိုင်းတွင် ဖြန်းကြခြင်းဖြစ်သည်။

ကုန်သွယ်ရေးဇုန်၊ ရထားဘူတာနှင့်ကားဂိတ်များ၊ ဆိပ်ကမ်းများ၊ ကျောင်းနှင့်တက္ကသိုလ်များ၊ နေအိမ်ပြင်ပ လှုပ် ရှားမှုလုပ်သည့်နေရာများနှင့် လူအများစုဝေးရာနေရာများကို ဦးစားပေးပြီး သန့်ရှင်းနေခြင်းဖြစ်သည်။

ထိုင်းစစ်တပ်ကို ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကကူညီကြောင်းလည်း ဗိုလ်မှူးကြီး ဆီရီချန်းကပြော သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ညဘက်အပြင်ထွက်စရာနေရာများနှင့် ဖျော်ဖြေရေးခန်းမများ ၂ ပိတ်ကြာပိတ် မိန့် ထိုင်းအစိုးရထုတ်ပြန်ထားသည်။

ထိုအမိန့်မှာ လမ်းများကို ရှင်းလင်းရန် အခွင့်အရေးပေးသောအချိန်ဖြစ်ကြောင်းလည်း ဆီရီချန်းကပြောသည်။

Ref: Army disinfects Bangkok roads nightly

#PeopleMedia #CoronaVirus #Thailand #Disinfectan


Share this post