• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြရွိလာခ်ိန္မွာ ဘဂ္လားေဒ့ရွ္အစိုးရက ႏွာေခါင္းစည္းေစ်းသတ္မွတ္ေပး

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြရွိလာခ်ိန္မွာ ဘဂ္လားေဒ့ရွ္အစိုးရက ႏွာေခါင္းစည္းေစ်းသတ္မွတ္ေပး

Share this post

ဒါကာ၊ မတ္ ၁၂

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေတြရွိေနခ်ိန္မွာ ခြဲစိတ္ခန္းသုံးႏွာေခါင္းစည္းတစ္ခုကို အမ်ားဆုံးလက္လီေရာင္း ေစ်း (MRP) တာကာ ၃၀ အျဖစ္ ဘဂ္လားေဒ့ရွ္ေဆးဝါးဆိုင္ရာၫႊန္ၾကားမႈဌာန(DGDA)က သတ္မွတ္လိုက္ ပါတယ္။

“သတ္မွတ္ႏႈန္းထားထက္ပိုေရာင္းတဲ့လူေတြကို တရားဥပေဒအရ အေရးယူသြားမွာပါ” လို႔ DGDA ၫႊန္ၾကားေရး မွဴးခ်ဳပ္ မာဘူဘာရာမန္က ဗုဒၶဟူးေန႔မွာေျပာပါတယ္။

မတ္ ၈ ရက္က ဘဂ္လားေဒ့ရွ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃ ေယာက္ေတြ႕ရွိခဲ့ၿပီးေနာက္ ႏွာေခါင္း စည္းတန္ဖိုးေတြ ေတာ္ေတာ္မ်ားမ်ားျမင့္တက္ခဲ့တာပါ။

“ဖုန္းဆက္မွာရင္ အခု ၅၀၀ ထက္ပိုမေပးဖို႔လည္း ႏွာေခါင္းစည္းထုတ္လုပ္တဲ့ကုမၸဏီေတြကို ကြၽန္ေတာ္တို႔ ၫႊန္ၾကားထားပါတယ္”လို႔ ရာမန္ကေျပာပါတယ္။

“ဆက္စပ္ကုမၸဏီေတြကို ၅၀ မီလီလီတာရွိတဲ့လက္သန္႔ေဆးေတြထုတ္လုပ္ျဖည့္ဆည္းေပးဖို႔လည္း ၫႊန္ၾကား ထားပါတယ္”လို႔ မိုမန္ကေျပာပါတယ္။

COVID-19 အေရး စိုးရိမ္ေနရခ်ိန္မွာ အလ်င္အျမန္အေရးယူေရးတပ္ရင္း(RAB) ရဲ႕ေရြ႕လ်ားအဖြဲ႕ေတြက ႏွာေခါင္းစည္းေတြနဲ႔ လက္သန္႔ေဆးေတြေစ်းတင္ေရာင္းတဲ့ေဆးဆိုင္ေတြကို အဂ္ါေန႔မွာ ဝင္ေရာက္စီးနင္း ခဲ့ပါတယ္။

Ref: Government fixes Tk30 for surgical mask

#PeopleMedia #CoronaVirus #Bangladesh

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရှိလာချိန်မှာ ဘဂ်လားဒေ့ရှ်အစိုးရက နှာခေါင်းစည်းဈေးသတ်မှတ်ပေး
…………………………………………………………

ဒါကာ၊ မတ် ၁၂

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရှိနေချိန်မှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတစ်ခုကို အများဆုံးလက်လီရောင်း ဈေး (MRP) တာကာ ၃၀ အဖြစ် ဘဂ်လားဒေ့ရှ်ဆေးဝါးဆိုင်ရာညွှန်ကြားမှုဌာန(DGDA)က သတ်မှတ်လိုက် ပါတယ်။

“သတ်မှတ်နှုန်းထားထက်ပိုရောင်းတဲ့လူတွေကို တရားဥပဒေအရ အရေးယူသွားမှာပါ” လို့ DGDA ညွှန်ကြားရေး မှူးချုပ် မာဘူဘာရာမန်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

မတ် ၈ ရက်က ဘဂ်လားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ယောက်တွေ့ရှိခဲ့ပြီးနောက် နှာခေါင်း စည်းတန်ဖိုးတွေ တော်တော်များများမြင့်တက်ခဲ့တာပါ။

“ဖုန်းဆက်မှာရင် အခု ၅၀၀ ထက်ပိုမပေးဖို့လည်း နှာခေါင်းစည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကို ကျွန်တော်တို့ ညွှန်ကြားထားပါတယ်”လို့ ရာမန်ကပြောပါတယ်။

“ဆက်စပ်ကုမ္ပဏီတွေကို ၅၀ မီလီလီတာရှိတဲ့လက်သန့်ဆေးတွေထုတ်လုပ်ဖြည့်ဆည်းပေးဖို့လည်း ညွှန်ကြား ထားပါတယ်”လို့ မိုမန်ကပြောပါတယ်။

COVID-19 အရေး စိုးရိမ်နေရချိန်မှာ အလျင်အမြန်အရေးယူရေးတပ်ရင်း(RAB) ရဲ့ရွေ့လျားအဖွဲ့တွေက နှာခေါင်းစည်းတွေနဲ့ လက်သန့်ဆေးတွေဈေးတင်ရောင်းတဲ့ဆေးဆိုင်တွေကို အဂ်ါနေ့မှာ ဝင်ရောက်စီးနင်း ခဲ့ပါတယ်။

Ref: Government fixes Tk30 for surgical mask

#PeopleMedia #CoronaVirus #Bangladesh


Share this post