• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေၾကာင္းလိမ္လည္ခဲ့သျဖင့္ ၾသစေၾတးလ်မွျပည္နယ္တြင္အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ခဲ့

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေၾကာင္းလိမ္လည္ခဲ့သျဖင့္ ၾသစေၾတးလ်မွျပည္နယ္တြင္အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ခဲ့

Share this post

ဆစ္ဒနီ၊ ႏို၀င္ဘာ ၂၀
ၾသစေၾတးလ်ႏိုင္ငံမွ ေတာင္ၾသစေၾတးလ်ျပည္နယ္တြင္ ၆ ရက္ၾကာအလံုပိတ္ကန္႔သတ္မႈ(ေလာ့ေဒါင္း)ျဖစ္ခဲ့ရျခင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္းအတည္ျပဳသည့္လူနာတေယာက္က ထိေတြ႕မႈ႐ွိမ႐ွိစစ္ေဆးသူမ်ားကို လိမ္လည္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္နယ္အာဏာပိုင္မ်ာက ေသာၾကာေန႔တြင္ေျပာသည္။
ေလာ့ေဒါင္းကာလကို ေစာၿပီးျပန္႐ုတ္သိမ္းမည္ဟုလည္းေျပာသည္။ အိမ္တြင္သာေနရန္ႏွင့္ ကူးစက္ရန္အလြန္လြယ္ကူ ေသာကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုတိုက္ဖ်က္ရန္ စီးပြားေရးလုပ္ငန္းမ်ားပိတ္ထားေရး ျပည္နယ္အစိုးရက အမိန္႔ထုတ္ၿပီး ၂ ရက္အၾကာတြင္ စိတ္လႈပ္႐ွားဖြယ္ေၾကညာခ်က္ထြက္ေပၚလာသည္။
ပီဇာဆိုင္တဆိုင္တြင္အလုပ္လုပ္ေသာအမ်ိဳးသားတေယာက္က ထိုဆိုင္တြင္ပီဇာ၀ယ္ခဲ့ျခင္းသာ႐ွိေၾကာင္း ထိေတြ႕မႈ႐ွိမ႐ွိ စစ္ေဆးသူမ်ားကိုေျပာခဲ့သျဖင့္ ေလာ့ေဒါင္းမ်ားသတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္၀န္ႀကီးခ်ဳပ္ စတီဗင္ မာ႐ွ္က သတင္းေထာက္မ်ားကိုေျပာသည္။
ထိုအမ်ိဳးသားသည္ ထိုဆိုင္တြင္ ေနာက္ထပ္အတည္ျပဳလူနာတေယာက္ႏွင့္အတူ အဆိုင္းအမ်ားအျပားအလုပ္လုပ္ခဲ့ ေၾကာင္း ေနာက္ပိုင္းတြင္ထုတ္ေျပာသည္ဟုလည္းေျပာသည္။
ထိေတြ႕ခ်ိန္အလြန္တိုေတာင္းေသာ္လည္း ကူးစက္မႈ႐ွိေၾကာင္းအာဏာပိုင္မ်ားကယူဆခဲ့သျဖင့္ ထိုဗိုင္းရပ္စ္မ်ိဳးကြဲသည္ အလြန္ကူးစက္လြယ္ေၾကာင္း ယံုၾကည္ခဲ့ျခင္းျဖစ္သည္။
Ref : South Australia says man’s ‘lie’ caused COVID-19 lockdown as harsh curbs eased
#PeopleMedia
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအကြောင်းလိမ်လည်ခဲ့သဖြင့် သြစတြေးလျမှပြည်နယ်တွင်အလုံပိတ်ကန့်သတ်မှုများပြုလုပ်ခဲ့
………………………………………………
ဆစ်ဒနီ၊ နိုဝင်ဘာ ၂၀
သြစတြေးလျနိုင်ငံမှ တောင်သြစတြေးလျပြည်နယ်တွင် ၆ ရက်ကြာအလုံပိတ်ကန့်သတ်မှု(လော့ဒေါင်း)ဖြစ်ခဲ့ရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းအတည်ပြုသည့်လူနာတယောက်က ထိတွေ့မှုရှိမရှိစစ်ဆေးသူများကို လိမ်လည်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်မျာက သောကြာနေ့တွင်ပြောသည်။
လော့ဒေါင်းကာလကို စောပြီးပြန်ရုတ်သိမ်းမည်ဟုလည်းပြောသည်။ အိမ်တွင်သာနေရန်နှင့် ကူးစက်ရန်အလွန်လွယ်ကူ သောကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုတိုက်ဖျက်ရန် စီးပွားရေးလုပ်ငန်းများပိတ်ထားရေး ပြည်နယ်အစိုးရက အမိန့်ထုတ်ပြီး ၂ ရက်အကြာတွင် စိတ်လှုပ်ရှားဖွယ်ကြေညာချက်ထွက်ပေါ်လာသည်။
ပီဇာဆိုင်တဆိုင်တွင်အလုပ်လုပ်သောအမျိုးသားတယောက်က ထိုဆိုင်တွင်ပီဇာဝယ်ခဲ့ခြင်းသာရှိကြောင်း ထိတွေ့မှုရှိမရှိ စစ်ဆေးသူများကိုပြောခဲ့သဖြင့် လော့ဒေါင်းများသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် စတီဗင် မာရှ်က သတင်းထောက်များကိုပြောသည်။
ထိုအမျိုးသားသည် ထိုဆိုင်တွင် နောက်ထပ်အတည်ပြုလူနာတယောက်နှင့်အတူ အဆိုင်းအများအပြားအလုပ်လုပ်ခဲ့ ကြောင်း နောက်ပိုင်းတွင်ထုတ်ပြောသည်ဟုလည်းပြောသည်။
ထိတွေ့ချိန်အလွန်တိုတောင်းသော်လည်း ကူးစက်မှုရှိကြောင်းအာဏာပိုင်များကယူဆခဲ့သဖြင့် ထိုဗိုင်းရပ်စ်မျိုးကွဲသည် အလွန်ကူးစက်လွယ်ကြောင်း ယုံကြည်ခဲ့ခြင်းဖြစ်သည်။
Ref : South Australia says man’s ‘lie’ caused COVID-19 lockdown as harsh curbs eased
#PeopleMedia


Share this post