• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် တရုတ်လေယာဉ်အမှုထမ်းများကို လူကြီးအနှီးထုပ်များ ၀တ်ဆင်ရန် အကြံပြု


Share this post

ဘေကျင်း၊ ဒီဇင်ဘာ ၁၁
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် တရုတ်လေယာဉ်အမှုထမ်းများကို လူကြီးအနှီးထုပ်များ ဝတ်ဆင်ရန် အကြံပြု
…………………………………………………….
 
ဘေကျင်း၊ ဒီဇင်ဘာ ၁၁
 
တရုတ်လေကြောင်းပျံသန်းရေးလုပ်ငန်းကဏ္ဍအတွက် တရုတ်အရပ်သားလေကြောင်းပျံသန်းမှုကြီးကြပ်ကွပ်ကဲ ရေးဌာန(CAAC) က နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည့်ညွှန်ကြားချက်များတွင် လေယာဉ်ပေါ်နှင့် လေဆိပ်များ၌ ကျန်းမာရေးနှင့် အညီညွတ်ဆုံးနေထိုင်ရန် ရေအိမ်အသုံးမပြုစေရေးအတွက် အနှီးထုပ်(Diaper) များဝတ်ဆင်ရန် ပါဝင်သည်။
 
ကူးစက်နိုင်ချေများသည့်နိုင်ငံများသို့သွားရာတွင် နှာခေါင်းစည်းများ၊ နှစ်ထပ်လက်အိတ်များ၊ မျက်မှန်များ၊ စွန့် ပစ်နိုင်သည့်ကျန်းမာရေးသုံးဦးထုပ်များ၊ အဝတ်များနှင့် ဖိနပ်အကာများဝတ်ဆင်ရန်ညွှန်ကြားထားပြီး ကူးစက်မှု ကာကွယ်ရန် အများသုံးသန့်စင်ခန်းများသို့မသွားဘဲ အနှီးထုပ်များဝတ်ဆင်ထားရန်လည်း ပါဝင်နေခြင်း ဖြစ် သည်။
 
ပြီးခဲ့သည့်သြဂုတ်တွင် အီတလီမှ တောင်ကိုရီးယားသို့သွားသည့် အမျိုးသမီးတယောက် ခရီးစဉ်တွင် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခဲ့ပြီး ခရီးစဉ်တလျှောက် သန့်စင်ခန်းဝင်ရာတွင်သာ N95 နှာခေါင်းစည်းချွတ်ခဲ့သည်။
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမရှိခင် လေယာဉ်သန့်စင်ခန်းများသည် လူပြောများသည့်အကြောင်းအရာတခု ဖြစ်ခဲ့သည်။
 
ထိုအခြေအနေကိုဖြေရှင်းရန် ဂျပန်နိုင်ငံမှ အေအန်အေလေကြောင်းလိုင်းက လက်အသုံးပြုရန်မလိုသည့် နမူနာ ပုံစံတခုကိုစမ်းသပ်နေကြောင်း ယခုနှစ်အစောပိုင်းတွင်ကြေညာခဲ့သည်။
 
Ref : China flight attendants advised to wear diapers for Covid protection
 
#PeopleMedia

Share this post