• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်မှုကြောင့် အင်္ဂလန်ကို အလုံပိတ်ကန့်သတ်မှုပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်မှုကြောင့် အင်္ဂလန်ကို အလုံပိတ်ကန့်သတ်မှုပြုလုပ်

Share this post

လန်ဒန်၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြင့်တက်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များကို ထိန်းချုပ်နိုင်ရန် အလုံပိတ်ကန့်သတ်မှုအသစ်များ ပြုလုပ်လိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆင်က တနင်္လာနေ့တွင် အမိန့်ထုတ်ခဲ့သည်။

လူအမြောက်အမြားကို ကာကွယ်ဆေးမထိုးနိုင်ခင် ကျန်းမာရေးစနစ်တစိတ်တပိုင်းကို ထိခိုက်နိုင်သည့် ကူး စက်မှုများကိုထိန်းချုပ်ရန် ပြုလုပ်ခြင်းဖြစ်သည်။

အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးကို စတင်ဖြန့်ချိနိုင်သည့်အတွက် အစိုးရက အောင်မြင်မှုကိုချီးကျုူးပြောဆိုပြီးနာရီပိုင်းအကြာတွင် ကြေညာခြင်းလည်းဖြစ်သည်။

မလိုအပ်သောဆိုင်များကို ပိတ်ခိုင်းထားပြီး မူလတန်းနှင့်အလယ်တန်းကျောင်းများကို မဖြစ်မနေအရေးပါသော ဝန်ထမ်းများ၏ကလေးများနှင့်ထိခိုက်လွယ်သောကလေးများမှအပ အင်္ဂါနေ့မှစတင်ပိတ်လိုက်သည်။

စီစဉ်ထားသည့်အတိုင်း ကာကွယ်ဆေးထိုးနိုင်ပြီး အလုံပိတ်ကန့်သတ်မှုများကြောင့် ခန့်မှန်းထားသည့်အတိုင်း သေဆုံးမှုလျော့ကျလာပါက ဖေဖော်ဝါရီလလယ်တွင် ပြန်လည်ဖြေလျှော့ပေးမည်ဟုလည်း ဂျွန်ဆင်ကပြော သည်။

ပထမဆုံးအလုံပိတ်ကန့်သတ်မှုများကြောင့် စီးပွားရေးလုပ်ငန်းများပိတ်ထားရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီမှဇွန်အထိ ၃ လအတွင်း ဗြိတိန်စီးပွားရေး ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Ref : England goes into new lockdown as COVID-19 variant rampages

#PeopleMedia

(unicode)
………………………………………….








Ref : England goes into new lockdown as COVID-19 variant rampages

#PeopleMedia


Share this post