• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့သူများကိုရှာဖွေသည့်စနစ်မှ အချက်အလက်များကို ရဲများလည်း ရနိုင်ကြောင်း စင်ကာပူအစိုးရ ဝန်ခံ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့သူများကိုရှာဖွေသည့်စနစ်မှ အချက်အလက်များကို ရဲများလည်း ရနိုင်ကြောင်း စင်ကာပူအစိုးရ ဝန်ခံ

Share this post

စင်ကာပူ၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုခြေရာခံလိုက်သည့်အစီအစဉ်မှ အချက်အလက်များကို ရဲတပ်ဖွဲ့လည်းရနိုင်ကြောင်း စင်ကာပူနိုင်ငံကဝန်ခံလိုက်ပြီး အစောပိုင်းက ပုဂ္ဂလိကအချက်အလက်များပေါက်ကြားမှုမရှိကြောင်း အာမခံ ချက်ကို ပြောင်းလဲလိုက်သည်။

ဗိုင်းရပ်စ်ကူးစက်မှုခြေရာခံရန်ထက် အခြားအကြောင်းရင်းများဖြင့်အသုံးပြုမည်ဆိုသည့်အချက်ကို အရာရှိများက အစောပိုင်းတွင် ပယ်ဖျက်ထားသည်။

မှုခင်းစုံစမ်းဖော်ထုတ်ရေးအတွက် အဆိုပါအချက်အလက်များကို အသုံးပြုနိုင်သည်ဟု တနင်္လာနေ့တွင် လွှတ် တော်ကိုပြောသည်။

စင်ကာပူနိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါးက နေရာများကိုခြေရာခံနိုင်သည့်ထိုအစီအစဉ်တွင်ပါဝင်ထားသည်။

ကုန်တိုက်များမှ အလုပ်နေရာအထိအရာတိုင်းကို ထိုစနစ်ဖြင့်ဝင်ရောက်အသုံးပြုနိုင်မည်ဟုကြေညာခဲ့ပြီးနောက် စိတ်လိုလက်ရအသုံးပြုမှုမြင့်တက်လာခြင်းဖြစ်သည်။

စမတ်ဖုန်းအက်ပလီကေးရှင်းဖြင့်သာမက ဘလူးတုသ်တိုကင်ဖြင့်လည်း ထိုအစီအစဉ်ကိုအသုံးပြုနိုင်ပြီး ထိ တွေ့ခဲ့သူများကိုလည်း စောင့်ကြည့်နေသည်။ တစုံတယောက်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါက အချက်အလက်များ ကိုကြည့်ပြီး ကူးစက်ခံရနိုင်သူများကို မြန်မြန်ဆန်ဆန်ခြေရာခံနိုင်သည်။

ထိုအချက်ကြောင့် ပုဂ္ဂလိကအချက်အလက်များအပေါ်စိုးရိမ်မှုများပေါ်ပေါက်လာသည်။

အသုံးပြုသူတယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိပါက သို့မဟုတ် ထိတွေ့မှုခြေရာခံသည့်အဖွဲ့က မဆက်သွယ်မချင်း အချက်အလက်များကို ရနိုင်မည်မဟုတ်ဘဲ အခြားရည်ရွယ်ချက်များဖြင့် အချက်အ လက်များကိုအသုံးပြုမည်မဟုတ်ကြောင်း ယခင်က စင်ကာပူအစိုးရကကတိပြုခဲ့သည်။

Ref : Singapore reveals Covid privacy data available to police

#PeopleMedia

(unicode)
…………………………………………………….








ထိုအခကြျကွောင့ျ ပုဂ်ဂလိကအခကြျအလကျမြားအပေါျစိုးရိမျမှုမြားပေါျပေါကျလာသညျ။


Ref : Singapore reveals Covid privacy data available to police

#PeopleMedia


Share this post